မြူမှုန်လေး တစ်မှုန်......

ငါဟာ…..

လေနှင်ရာ လူးလွင့်နေတဲ့

ငှက်တစ်ကောင်လို

ပျံသန်းချင်ရာ ပျံသန်း

ပျော်ပါးချင်ရာ ပျော်ပါး

အတောင်ညောင်းချိန်

ခဏတာ ပြန်လာနားခိုရာဖြစ်တဲ့

မင်းရဲ့ သစ်ပင်အိုမှ မဟုတ်တာလေ….။

ငါဟာ…..

လေပြေနဲ့အတူ

ကျီ်စယ် ဆော့ကစားခံရပြီး

မုန်တိုင်းဝင်မွှေ့ခံရတဲ့

မင်းရဲ့ ကမ်းနားသစ်ပင်မှ မဟုတ်တာလေ…။

ငါဟာ…..

မင်းရွှေ့ကစားချင်တိုင်းကစား

ထားချင်တိုင်းထားခံရတဲ့

နယ်ရုပ်လေး တစ်ရုပ်မှ မဟုတ်တာလေ…။

ဒီကဗျာလေးကတော့ကျွန်တော်ဘလော့တစ်ခုကနေယူထားတာပါ အဲ့ဘလော့ရဲ့မှုရင်းလိပ်စာလေးကိုပါတွဲပြီးတော့တင်ပေးလိုက်ပါတယ်ခင်ဗျာ စာမေးပွဲတွေဖြေနေလို့ပြီးတော့လည်း စာသင်ချိန်တွေများနေလို့ ဘယ်ဘလော့မှာမလည်နိုင်ဘူးဖြစ်နေတယ်။ အဲ့လိုကြောင့်အခုကဗျာလေးကိုယူပြီးတင်ပေးလိုက်တာပါခင်ဗျာ ဘလော့ရဲ့လိပ်စာကတော့ ဒီမှာပါခင်ဗျာ

အောင်မြင်သူဖြစ်ပါစေ။

အချစ်အမုန်းနဲ့
အချိန်မဖြန်းသင့်တော့ဘူး
ငိုင်တိငိုင်တိုင်နဲ့
ယိမ်းယိုင်မနေသင့်တော့ဘူး
အဟောင်းအသစ်တွေ
ပြောင်းချစ်နေဖို့လည်းမဟုတ်ဘူး
မသေခင်
ဆင်ခြင်တုံတရားနဲ့
အမှားကင်းအောင်နေရမယ်။
အများက အားကိုးတဲ့
တန်ဖိုးရှိသူဖြစ်ရမယ်။
သူတစ်ပါးအကျိုးဆောင်
အောင်မြင်သူဖြစ်ပါစေ။
စိတ်ထဲရှိတာစပ်မိရင်းနဲ့အဲ့လိုလေးတွေထွက်လာလို့တင်ပေးလိုက်တာပါ။ တော်ကြာနေကိုတိုးလေးတန်ဖိုးရှိတဲ့သူဖြစ်အောင်နေနေတာမဟုတ်ပါဘူးခင်ဗျာ။ အခုမှာကိုယ့်ကိုကိုယ်ကောင်းအောင်ကြိုးစားဆဲပါပဲဗျာ။ သူများတကာအားကိုးလောက်တဲ့အရည်အချင်းလည်းမရှိပါဘူးဦးနှောက်ကထွက်လာတာကို ကဗျာတစ်ပိုဒ်အဖြစ်နဲ့စပ်မိပြီးရေးလိုက်မိခြင်းဖြစ်ပါသည်ခင်ဗျာ။ ညီအကိုမောင်နှစ်မများအားလုံးပဲ ပျော်ရွှင်အဆင်ပြေကျပါစေခင်ဗျာ။

မှတ်သားစရာလေးများ

ဘယ်တော့မှ ပြန်မရနိုင်သော အရာ(၃)မျိုး (၁) ကုန်ဆုံးသွားသော အချိန် (၂) ပြောပြီးသောစကား (၃) အခွင့်အရေးကောင်းများ တန်ဖိုးအကြီးဆုံးအရာ(၃)ခု (၁) အချစ် (၂) မိမိကိုယ့် မိမိယုံကြည်မူ (၃) အခွင့်အရေးကောင်းများ ဘယ်တော့မှ မသေချာသောအရာ(၃)မျိုး (၁) အိပ်မက် (၂) စိတ်ကူးရည်ရွယ်ချက် (၃) ကံကြမ္မာ အကောင်းဆုံးဖန်တီးနိုင်သောအရာ(၃)မျိုး (၁) အလုပ် ကြိုးစားခြင်း (၂) စိတ်ရင်းအမှန်ဖြင့် ကြိုးစားခြင်း ၊ ရိုးသားခြင်း (၃) စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားခြင်း ပျက်စီးစေသောအရာ(၃)မျိုး (၁) အရက်သေစာ (၂) မာနကြီးခြင်း ၊ မိမိကိုယ် မိမိ အထင်ကြီးခြင်းနှင့် ၀င့်ကြွားခြင်း (၃) ဒေါသကြီးခြင်း တစ်ကြိမ်ဆုံးရူံးပြီးနောက် ပြန်လည်တည်ဆောက်ရန် ခက်ခဲသောအရာ(၃)မျိုး (၁) ရိုသေလေးစားခြင်း (၂) ယုံကြည်စိတ်ချမူ (၃) ခင်မင်ရင်းနှီးမူ သူငယ်ချင်းတစ်ယောက်ရဲ့မေးလ်ကရတာလေးကိုပြန်လည်ပြီးတော့မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ။

စိတ်ကိုပျော်အောင်ထား

သူငယ်ချင်းတို့ရေ
ဘယ်သူမှ အမြဲထာဝစဉ် အသက်မရှင်ကြပါဘူး။
ဘယ်အရာမှလည်း ကာလမြင့်ရှည်
မတည်မြဲကြပါဘူး။
ဒါတွေကို စိတ်ထဲမှာထားပြီး ပျော်ပျော်နေပါ။
ကျွန်တော်တို့ဘဝတွေဟာ
ဟောင်းနွမ်းနေတဲ့ ဝန်ထပ်ဝန်ပိုးတစ်ထုပ်လည်းမဟုတ်ပါဘူး။
ကျွန်တော်တို့ သွားမယ့် လမ်းကလေးဟာလည်း
အရှည်ကြီးတစ်ခုလည်း မဟုတ်ပါဘူး။
တစ်ဦးတည်းသာရှိတဲ့ ကဗျာစာဆိုတစ်ယောက်က
အိုဟောင်းနေတဲ့သီချင်းတစ်ပိုဒ်ကိုသာ
သီဆိုဖွဲ့နေရမှာ မဟုတ်ပါဘူး။
ပန်းဆိုတာ ရင့်ရော်နွမ်းလျ ကြေကွဲရစမြဲပါ။
ပန်းပန်တဲ့သူက အဲဒီအတွက်
ထာဝရဝမ်းနည်းပူဆွေးနေရမှာ မဟုတ်ပါဘူး။
သူငယ်ချင်းတို့ရေ
ဒါတွေကို စိတ်ထဲမှာထားပြီး ပျော်ပျော်နေပါ။
ပြီးပြည့်စုံခြင်းကို တေးဂီတအဖြစ်သီဖွဲ့ဖို့
ပြည့်ပြည့်ဝဝ ရပ်နားချိန်
ရောက်လာစေရမယ်။
ဘဝက ရွှေရောင်အရိပ်တွေထဲမှာ
နစ်မြုပ် ပျောက်ဆုံး သွားစေဖို့
သူ့ရဲ့နေဝင်ဆည်းဆာဆီသို့ ဦးညွတ်ထားတယ်။
ကြေကွဲဝမ်းနည်းမှုတွေ သောက်သုံးဖို့
မျက်ရည်ကောင်းကင်ဘုံမှာ ပြန်လည်မွေးဖွားစေဖို့
ချစ်ခြင်းမေတ္တာကို
သူရောက်နေတဲ့နေရာကနေ ပြန်ခေါ်ရမယ်။
သူငယ်ချင်းတို့ရေ
ဒါတွေကို စိတ်ထဲမှာထားပြီး ပျော်ပျော်နေကြည့်စမ်းပါ။
ကျွန်တော်တို့ပန်းတွေကို ကပျာကယာခူးရတယ်။
ဖြတ်သန်းတိုက်ခတ်သွားတဲ့ လေတွေက
လုယူသွားမှာစိုးလို့လေ။
နှောင့်နှေးတုံဆိုင်းနေရင်
ပျောက်ပျက်သွားနိုင်တဲ့ အနမ်းတွေကို
အခွင့်အခါရှိတုန်း ရယူထားလိုက်ဖို့
ကျွန်တော်တို့ရဲ့ သွေးခုန်နှုန်းတွေ မြန်လာတယ်။
ကျွန်တော်တို့ မျက်လုံးတွေ
အရောင်တောက်လာခဲ့တယ်လေ။
ကျွန်တော်တို့ဘဝတွေကလည်း
စိတ်ထက်သန်နေပြီး
ကျွန်တော်တို့ရဲ့ ဆန္ဒတွေကလည်း ပြင်းပြခဲ့ပါတယ်။
ဒါဟာ............. အချိန်က
ခွဲခွာခြင်းဆိုတဲ့ခေါင်းလောင်းကို ထိုးနေသလိုပဲပေါ့။
ကျွန်တော်တို့မှာ အရာဝတ္ထုတစ်ခုခုကို
ပွေ့ဖက်နေဖို့ ဖဲ့ခြေပြီး အမှိုက်တွေထဲကို
လွင့်ပစ်ဖို့အချိန်မရှိပါဘူး။
အချိန်နာရီတွေဟာ သူတို့ရဲ့အိမ်မက်တွေကို
သူတို့ရဲ့ဝတ်ရုံစတွေနဲ့ ကွယ်ဝှက်ပြီး
မြန်မြန်သွက်သွက် ထွက်ခွာသွားခဲ့ကြပါတယ်။
ကျွန်တော်တို့ရဲ့ဘဝ တာဟာ
တိုတောင်းပါတယ်
ဘဝဟာ ကြီးထားဖွံ့ဖြိုးတယ်ဆိုပေမယ့်
အချစ်အတွက် ရက်အနည်ငယ်ပဲရှိပါတယ်။
ငြီးငွေ့ဖွယ်ရာအလုပ်ကို
တကုတ်ကုတ်လုပ်နေရမယ်ဆိုရင်
အဆုံးမဲ့ ရှည်ကြာနေတော့မှာပေါ့။
အလှအပဟာ ကျွန်တော်တို့ကိုချိမြစေပါတယ်။
ဘာကြောင့်လဲဆိုတော့
သူမဟာ ကျွန်တော့်ဘဝနဲ့အတူ
တေးသွားတစ်ခုတည်းမှာပဲ
ကခုန်မြူးထူးနေခဲ့လို့ပါပဲ။
အသိပညာဟာ ကျွန်တော်တို့အတွက်
အဖိုးတန်ပါတယ်။
ဘာကြောင့်လည်းဆိုတော့
ပြည့်စုံလုံလောက်အောင် ဆည်းပူးနိုင်ဖို့
ကျွန်တော်တို့ဟာ ဘယ်တော့မှာအချိန်မရခဲ့လို့ပါပဲ။
အရာအားလုံးဟာ ထာဝရကောင်းကင်ဘုံမှာသာ
ပြုလုပ်ပြီးဆုံးသွားပါတယ်။
ဒါပေမဲ့
အာရုံတွေကို မှောက်မှားစေတတ်တဲ့
ကမ္ဘာမြေပေါ်က ပန်းကလေးတွေကိုတော့
သေခြင်းတရားက ထာဝရလန်းဆန်းစေခဲ့ပါတယ်။
အဲ့အရာတွေအားလုံးကို
စိတ်ထဲမှာထားပြီးတော့
ပျော်အောင်နေလိုက်ပါနော်။

အဖေကျေးဇူး

အဖေ
ငယ်စဉ်တောင်ကျေး ခလေးဘဝကစလို့
ငါ့သားသမီးစားဖို့အရေး
တာဝန်တကြီးနဲ့ကြိုးစားရရှာတဲ့ အဖေ
ပင်ပန်းရကောင်းသည် မရှိ
နေပူမရှောင် မိုးရွာလည်းမနေသာပါ
လုပ်ကိုင်ကျွေးမွေး သားမောင်လူလေးနဲ့ သမီးအတွက်တဲ့
ရှေ့က ရုန်းကန်လုပ်နေရသလောက်
သားနဲ့သမီးက မလိမ်မာ
လိုချင်တာမရသောကြောင့်
အဖေကိုပူဆာ
အဖေခမျာ မဝယ်ပေးနိုင်ရှာ
ဝမ်းစာအရေးအနိုင်နိုင်တွေးလို့
မိသားစုတာဝန်ထမ်းဆောင်နေတဲ့အဖေ
သားသမီးပူဆာလို့ မဝယ်ပေးနိုင်တော့
အဖေ့မျက်နှာညိုးငယ်စွာနဲ့
နောက်တော့အဖေဖြစ်အောင်ဝယ်ပေးပါ့မယ်သားရယ်တဲ့
ဝမ်းနည်းစွာနဲ့ပြောလိုက်တဲ့အသံ
အဲ့အချိန်မှာအဖေရင်ခွင်ဘယ်လောက်ပူလောင်ရလိမ့်မလည်းဆိုတာမသိခဲ့ရဘူးနော်။
သားနဲ့သမီးပညာရေးအတွက် ကြိုးစားရှာဖွေနေတဲ့အဖေ
ဝမ်းစာအရေးကို အနိုင်နိုင်လေးတွေးပြီးတော့
ငါ့သားသမီး ငါလိုမဖြစ်စေရဘူးဆိုတဲ့စိတ်နဲ့
သားသမီးကိုကျောင်းထား
အဖေကတော့ ငါးပိဖုတ်နဲ့စားခဲ့ရတယ်ဆိုတာလည်းမသိခဲ့ရဘူးနော်။
သားသမီးများ ပညာစုံ အရွယ်ရောက်တော့
အဖေကိုလည့်မကြည့် ခြေစုံကန်ထွက်သွားတတ်တယ်ဆိုတာသိနေပေမဲ့
အဖေဟာ ငါ့သားဘာဖြစ်နေတယ် သမီးက ဘယ်လိုဖြစ်တယ်ဆိုတာလည်း တစ်ခွန်းမှာမပြော
အပြုံးမျက်နှာလေးနဲ့ အေးငြိမ်းခံပြီးနေနေတဲ့အဖေမျက်နှာ
တစ်ရက်မှာ တစ်ခါမတွေးရဲပါ
သားသမီးလုပ်စာ အဖေတို့အမေတို့ မမျှော်ကိုးပါဆိုတဲ့စကား
နှုတ်အားသံစဉ်နေ့တိုင်းကြားရလို့ ရင်တောင်နာရတယ်အဖေ
သားသမီးများစားဖို့အရေး
အဖေတစ်ယောက် တောထဲထွက်လို့
မိုးချုပ်နေဝင် အရှက်ဆိုတာ မရှိပါ
ငါးဖမ်းလုပ်ကျွေး မြွေမကြောက် ကင်းမကြောက်
ညကြီး အခါမမြင်သာပဲ ရှာဖွေကျွေးမွေး
ငါ့သားသမီးစားဖို့အရေးဆိုတဲ့စိတ်နဲ့ အဖေခဏ
တစ်နေ့တစ်ည မနားရပဲ လုပ်ကိုင်ကျွေးမွေးရှာတယ်အဖေ
အဲ့လိုအချိန်တုန်းကပေါ့
အဖေအဲ့လောက်ဆင်းရဲဒုတ်ခ တွေများနေလိမ့်မယ်ဆိုတာ အမှန်ကိုမသိခဲ့ရပါ။
အဖေ အဝေးတစ်နေရာကနေ သိလိုက်ရတဲ့
တစ်ချိန်က အဖေလုပ်ကိုင်ကျွေးမွေးလာတဲ့
အဖြစ်တွေကို မြင်စိထဲမြင်ယောင်မိရင်း
ငါ့အဖေနဲ့အမေဆိုတာ ငါ့ဘဝရဲ့ အလေးအထားရဆုံး
သူရဲကောင်းတွေပါလားဆိုတာပိုပိုပြီးသိလာတယ်
အဖေနဲကအမေကျန်းမာပါစေကြောင်း ဆုတောင်းပေးပါတယ်။
မှတ်မှတ်ရရပဲဒီနေ့ဟာလည်းပဲ ထိုင်းနိုင်ငံဘုရင်ရဲ့ ၈၂ နှစ်မြောက်မွေးနေ့ပါပဲ။ ထိုင်းနိုင်ငံမှာတော့ အဖေများနေ့အဖြစ်သတ်မှတ်ထားပါခင်ဗျာ။ အားလုံးပဲအဆင်ပြေပျော်ရွှင်ပါစေခင်ဗျာ။

အမေ့အိမ်လေး

ကြေးငှက်တေးသံသာတဲ့ လေပြေအေးတဲ့
ဆောင်းမနက်ခင်းမှာ
နှင်းပွင့်တွေဖြူဖွေးအောင်ကျနေတဲ့
စိမ်းစိုနေတဲ့မြင်ခင်းပြင်ပေါ် လမ်းလျောက်ရင်းနဲ့
အမေ့အိမ်လေးကိုလွမ်းဆွတ်ခဲ့ရ
အေးရကောင်းမှန်းမသိ
သား သမီးများအတွက် မိုးမလင်းခင်
ဟင်းချက်ပြင်ဆင် ချက်ပြုတ်ရင်းနဲ့
ကြွေးမွေးလာတဲ့ အမေ
သားသမီးရှေ့ရေးမျှော်ကာတွေးလို့
မငြိုးမငြူ လုပ်ပေးရှာတဲ့အမေ
အမေက ပြုလုပ်ပေးသမျှသားသမီးကအလိုမကျ
အပြစ်တင်ခံရတာလည်းအမေပါပဲလေ
ဟိုဟာအလိုမကျ ဒါအလိုမကျနဲ့ပြန်အော်လိုက်သေး
အမေ့ရုပ်ရည်လေးကို ပြေးမြင်မိတယ်အမေ
အဲ့လိုအချိန်လေး အမေ့စိတ်လေး ပြုံးရွင်နေပေး
သားမောင်လူလေး စိတ်ပြေဖို့အရေး
အပြုံးမျက်နှာရွှင်လန်းစွာနဲ့ ဝေဆာစကားလုံး
ထုတ်ကာသုံးလို့ စိတ်ပြေအောင်ပြောတတ်တဲ့အမေ
မရှိတာလေး ကြံဖန်ကာချက်ကျွေးလို့
ငါ့သားသမီးစားဖို့အရေး ရှေ့ရေးကိုတွေးကာ
အိပ်မရတဲ့ညပေါင်းတွေများလို့ အမေမျက်နှာလည်း
ပင်ပန်းနွမ်းနယ်နေရပြီပေါ့အမေ
သားသမီးစားဖို့ ဟင်းတစ်ခွက်ဖြစ်ရေး
ခေါင်းပူအောင်တွေးလို့ ချက်ပြုတ်ရှာကျွေးတဲ့
အမေ့လက်ရာလေးကို မမေ့သေးပါဘူးအမေ
အမေရှက်ကျွေးတဲ့ဒီဟင်းလေးကို မကောင်းပြန်ဘူးလို့ပြောထွက်ခဲ့တယ်နော်
အဲ့အချိန်က အမေ့မျက်နှာလေးငြိုးငယ်စွာနဲ့
သား သမီးတို့စားဖို့အရေး အမေအငတ်ခံကာ သားသမီးအတွက်
အဝစားပြီးကျန်တာလေးတွေကိုမှာ အမေစားရတယ်ဆိုတာကိုမသိခဲ့ရဘူးနော်
ဟိုအရင်တစ်ချိန်က ပြုံးရွင်နေတဲ့ အမေ့မျက်နှာလေး
တွေးရောင်ကာ လွမ်းနေမိတယ်အမေ
အမေနဲ့အတူရှိနေခဲ့တဲ့ ဆောင်းတစ်နံခင်းမှာပေါ့
ပဲပြုတ်လေးနဲ့ ထမင်းကြော်ကျွေးတဲ့ အေးချမ်းလှတဲ့
ဆောင်းနံနက်ခင်းတစ်ခုမှာ အမေလက်ရာလေးကို
ပြန်လည်သတိရမိတယ်အမေ။
အမေနေကောင်းပါစေကြောင်းအမြဲတမ်းဆုတောင်းပေးနေပါတယ်
အမေ။
ကျန်းမာပါစေ အမေရေ။