သူငယ်ချင်းတစ်ယောက်ရေးပေးလိုက်တာပါ

မြန်မာပြည်မာ H5N1 ဖြစ်တုန်းက ငါဟာမကြောက်ရွံခဲ့ပါဘူး ။ ။ ကြက်သားကိုရှောင် ဆေးစစ်အောင်ခဲ့ပါတယ် ချစ်သူ.................. ဘတ်(စ်)ကားခတွေဈေးတက်လို့ လည်း စိတ်မပျက်ခဲ့ပါဘူး ။ ။ တက်ပြီးပြန်မကျ ဘတ်(စ်)ကားခဆိုပြီး နှလုံးသွင်းနိုင်ခဲ့ပါတယ် ချစ်သူ............. gtalk banned ခံရလို့ လည်း နောက်မဆုတ်ခဲ့ပါဘူး ။ ။ ကွေ့ ပတ်ရှောင်ရှား freedom အားနဲ့  chatting စွမ်းအားတက်စေခဲ့ပါတယ် ချစ်သူ................ chatting အမျိုးမျိုးနဲ့  နေ့ မအားညမအား အလုပ်များနေတဲ့နင့်ကို ဘ၀တူဆိုတဲ့ခံစားချက်နဲ့  လျစ်လျူရှုနိုင်ခဲ့ပါတယ် ချစ်သူ....................... နင် online မှာရှိနေမယ်ဆို power တွေတက်ခါးတွေမျက်နေလည်း အငတ်ငတ်အပြတ်ပြတ်နဲ့  ဆက် chat နေပါ့မယ် ချစ်သူ..................... မ chat ရင် မနေနိုင်တာကလွဲလို့  မကောင်းမှုဟူသမျှအကုန်လုပ်တတ်တဲ့ငါ့ကို နင့်ရဲ့ဘ၀ထဲက ဆွဲမထုတ်လိုက်ပါနဲ့ ချစ်သူ.............. chatting thesis နဲ့  Internet course မှာ solid distinction ရခဲ့တဲ့ နင်ရဲ့ကျွမ်းကျင်မှုကို account အမျိုးမျိုးနဲ့ စမ်သပ်ခဲ့မိတဲ့ ငါ့ရဲ့ IP address ကို ရက်ရက်စက်စက်နဲ့ မစစ်ဆေးချင်ပါနဲ့  ချစ်သူ................ နင့်ကို chat ပြီးချစ်ခဲ့တာပါ နှပ်ပြီးချစ်ခဲ့တာမဟုတ်လို့  နင့်ရဲ့ talkey တွေအောက် ပြားပြားမှောက်ခဲ့တဲ့ ငါ့ရဲ့နှလုံးသားကို ဒုတိယအကြိမ် ပြန်အသက်သွင်းပေးပါအုံး ချစ်သူ................ မထွက်ချင်ပေမဲ့ အသက်ငင်နေတဲ့ ငါ့ရဲ့နှလုံးသားကို အလျင်စလို delete မခေါက်လိုက်ပါနဲ့  ချစ်သူ............... ငါဟာငါ register လုပ်ခဲ့ပြီး ငါဟာငါမေ့နေတဲ့ ငါ့နှလုံးသား password ကို နင်တစ်ယောက်ထဲသိပါတယ် ချစ်သူ..................... ကျေးဇူးရှင် chat senior များရဲ့ သွန်သင်ဆုံးမမှုကိုနားယောင်ပြီး firewall အထပ်ထပ်ခံထားတဲ့ နင့်ရဲ့နှလုံးသားကိုလည်း ငါ hack လုပ်လို့ မရခဲ့ပါဘူး ချစ်သူ.............. ချစ်သူ.............. တကယ်တော့.............. ငါဟာနင့်ရဲ့ဘ၀ထဲကို လိုင်စင်မဲ့နှလုံးသားတစ်ခု တင်သွင်းဖို့ ကြိုးစားခဲ့တဲ့လူလေ ။ ။

4 comments:

thihanyein said...

ရေရေလည်လည် ကောင်းတဲ့ကဗျာလေးပဲ အကိုတိုးရေ
လိုင်စင်မဲ့နှလုံးသား ဆိုပါလား တယ်ဆိုတဲ့စာအကို
ကောင်းလိုက်တာ ဒါနဲ့ခုကော ပြန်ဝင်ခွင့်ပေးလား အဟီးးး မပေးရင် သော့ဖျက်ဝင် ဟဟ

မသက်ဇင် said...

ကိုတိုးလေးရေ--
ချစ်သူ..............
တကယ်တော့..............
ငါဟာနင့်ရဲ့ဘ၀ထဲကို
လိုင်စင်မဲ့နှလုံးသားတစ်ခု တင်သွင်းဖို
့ကြိုးစားခဲ့တဲ့လူလေ ။ ။

ကဗျာလေးက ထူးဆန်းတယ်--
စာသားတွေက လှတယ်--
လိုင်စင်မဲ့ နှလုံးသားတခုတဲ့---
ခင်မင်လျက်
မသက်ဇင်

Unknown said...

ကိုတိုးရေ.... ဒီကဗျာလေးတော့ ကြိုက်သဗျ။
အတွေးသစ်ကလေးနဲ့ ဘယ်သူမှ မရေးဘူတဲ့
ရှု့ထောင့်ကနေရေးထား တွေးထားတာ... မိုက်တယ်။

ဝေလေး said...

ကဗျာလေးက တစ်မျိုးလေး.. :P