မနေ့ကညက သွားခဲ့တဲ့ပွဲလေးမှာရိုက်ထားတဲ့ပုံလေးတွေပါ

မနေ့ညက ကျွန်တော်လည်းအားတာနဲ့ ဆရာကခေါ်လို့လိုက်သွားတယ်..........။ အဲပွဲလေးက နှစ်စဉ်နှစ်တိုင်း ကျွန်တော်နေတဲ့မြို့လေးမှာ ဖြစ်နေကျပါ။ ဘာဖြစ်လို့လည်းဆိုရင် အခုကျွန်တော်နေတဲ့မြို့လေးက ထိုင်းနိုင်ငံမှာ ငှက်ပျော်သီးအထွက်ဆုံးမြို့လေးပါ။ နှစ်စဉ်နှစ်တိုင်းရိုးရာပွဲအနေနဲ့ အမြဲလုပ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က မသွားဖြစ်ဘူးဗျာ ဘာလို့လည်းဆိုရင် အဲပွဲသွားရင်တော်တော်လေးဆိုးတယ် ဘာလို့လည်းဆိုရင်တော့ ပွဲကရိုးရာပွဲ ဆိုတော့ အဆိုတော်တွေဘာတွေပါထည့်တယ်လေ။ နှစ်တိုင်းလုပ်ဖြစ်တယ်ပေါ့နော်..........သူငယ်ချင်းတွေကလည်းပြောတယ် ညဆိုရင်တော့အဲ့ပွဲကိုသွားမလည်ပါနဲ့တဲ့ နေ့ခင်းဘက်ပဲသွားပါပေါ့နော်.......ညဆိုရင်လူကများတယ်လေပြီးတော့ ဒီမှာကပွဲတစ်ပွဲဖြစ်ရင် လူသေတာကများတယ် အထူးသဖြင့်အခုကျွန်တော်ပြောနေတဲ့ပွဲက လူအသေအပျောက်အများဆုံးပွဲပဲ။ ညကတောင်ဆရာပါလို့သွားဖြစ်တာ ကိုယ့်ဟာကို ဆိုရင်ခြေဦးတောင်မလှည့်ရဲ့ဘူး...........ပွဲလေးကို ထိုင်းလိုတော့......งานประเพณี สารทไทยกล้วยไข่ လို့ခေါ်တယ် အခုအဲပွဲမှာပေါ့နော် သူတို့ရာရိုးရာနဲ့ ပြိုင်ပွဲလေးတွေလုပ်ကျတဲ့ ပုံလေးတွေကို အခုတင်ပေးထားပါတယ်။

ကျွန်တော်အသွားချင်ဆုံးနေရာလေးပေါ့နော်။

ဒီရေတံခွန်လေးက ကျွန်တော်အသွားချင်ဆုံးနေရာလေးပါ ဘာလို့လည်းဆိုတော့ အခုရေတံခွန်လေးက အရမ်းအေးချမ်းပြီး အရမ်းလှတယ်လို့ပြောတယ်လေ။ ရေတံခွန်ရဲ့နာမည်က Thi Lo Su လို့ခေါ်တယ်။ ဒီထိုင်းနိုင်ငံမှာဆိုရင်တော့ အလှဆုံးရေတံခွန်ပေါ့နော်။ သူကဘယ်နားမှာရှိလည်းဆိုရင် မဲဆောက်ကနေပြီးတော့ ဆက်သွားရင် ကီလို ၁၆၀ ကွာလောက်ပေါ့နော် ကားနဲ့သွားရင် သုံးနာရီလောက်တော့မောင်းရတယ် ဘာလို့လည်းဆိုရင် ရေတံခွန်ရှိတဲ့နေရာကလေ အူဖန်လို့ခေါ်တဲ့နေရာလေးမှာပေါ့နော် မြန်မာနိုင်ငံနဲ့ဆိုရင် နယ်စပ်ချင်းကို တော်တော်လေးနီးစပ်နေပါပြီ။ ပြောရမယ်ဆိုရင်တော့ ထိုင်းမြန်မာအစပ်မှာရှိတာပေါ့နော်။ နောက်ပြီးအခုရေတံခွန်ကလေ အရှေ့တောင်အာရှာမှာ အလှဆုံးရေတံခွန်ပဲ ပြီးတော့ အရှေ့တောင်အရှမှာနံပါတ်(၁)ပဲလေ အဲလောက်လှပတဲ့ရေတံခွန်လေးကိုရောက်ဖူးချင်တယ်ဗျာ။ ဒါပေမဲ့ ကျွန်တော်နေတဲ့နေရာလေးနဲ့ဆိုရင်တော်တော်လေးဝေးတယ် သွားရင်တော့တစ်ရက်ပေါ့နော် ဟိုကိုမိုးချူပ်မှာရောက်ပေါ့နော်။ရောက်ရောက်ချင်းနေ့ကတော့ ဘယ်မှာမသွားရဘူးနော် နောက်နေ့မနက်မှာရေတံခွန်ရှိတဲ့နေရာကို သွားပေါ့နော်။ ကျွန်တော်ဆီက သွားရင်ကီလို ၄၀၀ နီးပါးလောက်ရှိမယ်ထင်တယ်။ အခုတော့မသွားဖြစ်သေးဘူးဗျာ စာမေးပွဲတွေက ဖြေရအုံးမယ်ဗျာ........အဲစာမေးပွဲတွေပြီးမှာပဲ သွားဖြစ်မယ်ထင်တယ်ဗျာ။ အားလုံးသောသူငယ်ချင်းများကို သိစေချင်လို့မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။ ဘလော့ဂါ ညီအစ်ကိုမောင်နှစ်မများအားလုံး ပျော်ရွှင်ချမ်းမြေ့ကျပါစေဗျာ။

မျက်လုံးအိမ်မှာ မျက်ရည်စတွေနဲ့

လမ်းမပေါ်မှာတုန်းက ကိုယ်က လူအုပ်ကြီးနဲ့ အတူတူပေါ့။ လမ်းဆုံသွားတော့ မင်းနဲ့အတူ ကိုယ်တစ်ယောက်တည်းရှိနေတာ သိလိုက်ရတယ်။ ကိုယ့်ရဲ့နေ့အချိန်ဟာ နေဝင်ဆည်းဆာထဲကို ဘယ်အခါမှာ မှေးမှိန်မှုန်ဝါးသွားမယ်ဆိုတာ ကိုယ့်ရဲ့ အဖော်တွေကလည်း ဘယ်အခါမှာ ကိုယ့်ကို ထားရစ်ခဲ့တယ်ဆို ကိုယ်တစ်ကယ်မသိခဲ့ပါဘူး။ မင်းရဲ့တံခါးတွေဟာ ဘယ်အခါမှာဖွင့်ပြီး ကိုယ်ကလည်း ကိုယ့်ရဲ့နှလုံးသား တေးဂီတမှာ ဘယ်အချိန် အံ့အားသင့် ရပ်တန့်နေမိမလဲဆိုတာ ကိုယ်တစ်ကယ် မသိခဲ့ပါဘူး။ ဒါပေမဲ့ ညအချိန်မှာ မင်းနဲ့အတူရှိနေတဲ့အခန်းလေးထဲမှာ မီးအိမ်လည်း ထွန်းညှိပြီးလို့ ကိုယ့်မျက်လုံးအိမ်မှာ မျက်ရည်ရဲ့ အစအနတွေ ကျန်ရှိနေဆဲလားကွယ်။

တောင်းဆု

(အချစ်) ကျေးကျွန်။ သခင်မ...... အရှင့်ကျေးကျွန်၊ အကျွန့်အပေါ် သနားကရုဏာ သက်တော်မူပါ။ သခင်မ။ စုဝေးပွဲပြီးပြီ။ ကျေကျွန်တော်လည်း ပြန်ကုန်ကြပြီ၊ ဘာကြောင့်နောက်ကျမှာ သင်ရောက်လာသလဲ။ ကျေးကျွန်။ အခြားကိစများပြီးပြတ်သွားချိန်ဟာ အကျွန့်အတွက် အချိန်ဖြစ်ပါရစေ။ အရှင့်ရဲ့ နောက်ဆုံးအမှုတော်ကို ထမ်းဆောင်ဖို့ လာရောက်တောင်းခံခြင်းဖြစ်ပါတယ်။ သခင်မ။ အလွန်တရာနောက်ကျနေပြီဖြစ်တဲ့အတွက် သင်ဘာကို မျှော်လင့်စရာကျန်တော့လို့လဲ။ ကျေးကျွန်။ သခင်မ၏ ပန်းဥယျာဉ်မှာ ဥယျာဉ်မှုးအဖြစ် ခန့်ထားတော်မှုပါ။ သခင်မ။ မဟုတ်တာကွယ်။ ကျေးကျွန်။ အကျွန့်၏ အခြားအလုပ်တာဝန်များကိုလည်း စွန့်လွတ်လိုက်ပါတော့မယ်။ မကျွန့်၏ ဓားလှံများကိုလည်း မြေပေါ် ပစ်ချလိုက်ပါပြီ။ အကျွန့်အားဝေးမြေရပ်ခြားမပို့ပါနှင့်တော့။ အောင်ပွဲသစ်ပင်ကိုလည်း မရယူခိုင်းပါနှင့်တော့။ သခင်မ၏ ဥယျာဉ်တွင်သာ ဥယျာဉ်မှုးအဖြစ် ခန့်တော်မှုပါ။ သခင်မ။ ဒါဆို မင်းအလုပ်တာဝန်တွေ ဘာလဲ။ ကျေးကျွန်။ သခင်မအားမပျင်းမရိအောင် အမှုတော်ထမ်းဖို့ပါ။ နံနက်ခင်းမှာ သခင်မနင်းလျှောက်တတ်တဲ့ မြက်ခင်းစိမ်းစိမ်းကလေးကို အမြဲတမ်းလန်းဆန်းနေအောင် ထိန်းသိမ်းပါ့မယ်။ သခင်မရဲ့ ခြေအစုံကို သေခြင်းကို အမှုမထားတဲ့ ပန်းပွင့်ကလေးများနှင့်ထိတွေ့နှုတ်ဆင်စေပြီးဂုဏ်ပြုကြိုဆိုပါ့မယ်။ saptaparna (စရည်းပင်) ကိုင်းကြားမှာ ဒါန်းဆင်ပြီး အရှင့်ကို လွဲပေးပါ့မယ်။ အဲဒီမှာ...........ညဥ့်ဦးပိုင်းလရောင်ခြည်က အရှင့်ရဲ့ ဝတ်ရုံတော်ကို ထိနမ်းခွင့်ရချင်လို့ သစ်ရွက်ကြားက တိုးထွက်လာပါ့မယ်။ သခင်မ။ ဆုလာဘ်မနေနဲ့ သင်ဘာကို အလိုရှိတုန်း။ ကျေးကျွန်။ နုးညံတဲ့ ကြာငုံကြာဖူးလိုတူတဲ့ အရှင့်လက်သီးဆုပ်ကလေးကိုကိုင်ပြီး လက်ကောက်ဝတ်မှာ ပန်းကုံးကလေးတွေ ဆင်ယင်ပေးခွင့်။ သခင်မရဲ့ ခြေဖဝါး နုနုကို အသောက ပန်းပွင့်လွာချပ်တွေရဲ့ ပန်းဆီအနီနဲ့ ခြယ်သပေးခွင့်။ ခြေအစုံမှာ ဖုန်ကပ်နေခဲ့ရင် နမ်းဖယ်ပေးခွင့်ပေးသနားတော်မှုပါ။ သခင်မ။ ငါ၏ကျေးကျွန်။ သင်တောင်းသော ဆုကိုခွင့်ပြုတော်မှုသည်။ ငါ၏ပန်းဥယျာဉ်တော်တွင် ဥယျာဉ်မှုးဖြစ်စေ။

ဒူးရင်းသီး

တစ်ခါကဗျာ သူငယ်ချင်းနဲကျွန်တော်ပွဲဈေးလည်တယ်နော်။ လူတွေကများတော့ သိပ်ပြီးတိုးလို့မရဘူးဖြစ်နေတယ်။ ဒါနဲ့ပဲ သူငယ်ချင်းနှစ်ယောက်အကြံထုတ်ကျတယ်လေ။ ဘာလို့လည်းဆိုရင် စတိတ်ရှိုးကြည့်ဖို့သွားတာလေ ကိုယ်ကြိုက်တဲ့အဆိုတော်က ရှေ့ကနေဆိုနေပြီ ကြည့်ချင်နေတာ တိုးလို့ကမရဘူး ဖြစ်နေတယ်လေ......... အဲတော့ ဘာလုပ်လည်းဆိုရင်လေ သူငယ်ချင်းနှစ်ယောက် နောက်ကနေပြီးတော့လေ ဒူးရင်းသီးဝယ်ကျမလားဗျို့ ဒူးရင်းသီးသည်လာတယ်ခင်ဗျာလို့ ခပ်ကျယ်ကျယ်လေးအော်ပြီးတော့လေ တိုးကျတာလေ။ အဲဒါမှာပဲရှေ့ကိုရောက်တော့တယ် ဒူးရင်းသီးက အဆူးများလို့ကြောက်တာလားတော့မသိဘူးနော်။ အမှန်တော့ ဒူးရင်းသီးကို ကျွန်တော်မကြိုက်ဘူးဗျာ။ အဲလိုအမှတ်တရလေးရှိနေလို့ ဒူးရင်းသီးလေးရေးတင်လိုက်တာပါ။ ဘလော့မှာကလည်း ဘာတင်ရမှန်းလည်းမသိတော့ဘူး စာမေးပွဲတွေကလည်းဖြေနေပြီဆိုတော့လေ အားတဲ့အချိန်လေးကို အားသလိုပိုစ့်တွေတင်တယ်။ ဘလော့စ်တွေလည်တယ်ဒီလောက်ပဲလုပ်နိုင်တယ်လေ။ ဘလော့စ်မှာ ညီအစ်ကို မောင်နှစ်မများအားလုံး ပျော်ရွှင်ကျပါစေဗျာ။

မင်းရဲ့အချစ်ထဲမှာ

ကမ္ဘာ လောကရဲ့ ဖုန်ထူတဲ့ လမ်းမပေါ်မှာ ကိုယ့်နှလုံးသား ပျောက်ဆုံးသွားခဲ့တယ်။ ဒါပေမဲ့................ မင်းလက်နဲ့ ကိုယ့်နှလုံးသားကို ကောက်ယူခဲ့တယ်လေ။ ပျော်ရွှင်စရာတွေ ရှာဖွေရင်း ဝမ်းနည်းပူဆွေးမှုတွေကိုပဲ ကောက်သင်းကောက်ခဲ့ရပေါ့။ ဒါပေမဲ့...........ကိုယ့်ဆီကို မင်းပေးပို့လိုက်တဲ့ ပူဆွေးဝမ်းနည်းမှုတွေဟာ ကိုယ့်ဘဝအတွက်တော့ ပျော်ရွှင်စရာအဖြစ် ပြောင်းလဲသွားခဲ့တယ်။ ကိုယ့်ရဲ့ အလိုဆန္ဒတွေကတော့ အပိုင်းပိုင်းအစစ လွင့်စဉ်ပြန့်ကျဲသွားခဲ့ပေါ့။ မင်းက အဲ့ဒါတွေကို စုစည်းကောက်ယူပြီး မင်းရဲ့ အချစ်ထဲမှာ သီကုံးတွဲချည်ခဲ့တယ်လေ။ ဒါကြောင့် တစ်အိမ်ပြီးတစ်အိမ် ကိုယ်လှည့်လည်သွားလာနေစဉ်မှာ ခြေလှမ်းတိုင်းဟာ...... မင်းအိမ်တံခါးဝဆီကိုပဲ ဦးတည်နေမိတော့တာပေါ့ကွယ်။

အွန်လိုင်းမတက်ဖြစ်လို့ပါဗျာ ကဗျာလေးတွေတော့ရေးနေပါတယ်။

စာမေးပွဲကလည်းနီးလာပြီလေ အွန်လိုင်းလည်း သိပ်မတက်ဖြစ်ဘူး ပြီးတော့လည်း ပိုစ့်အသစ်တွေလည်းသိပ်မရေးဖြစ်ပါဘူး ဘာလို့လည်းဆိုရင် စာမေးပွဲနီးနေပြီမိုလို့ပါ။ အဲဒါလေးကို အမှတ်ရလို့ အရင်ကလည်း ကျွန်တော့်ဘလော့မှာ တင်ဘူးပါတယ် အဲကဗျာလေးကို ထပ်တင်ပေးလိုက်ပါတယ်။ တိုက်ဆိုင်လို့ပေါ့နော်...... အချိန်လေးရတုန်း.. တက်လိုက်မယ် Online စာကြည့်ချိန်လေး ..လုယက်ပြီး ထိုင်ဦးမယ် Chatting စာမေးပွဲကြီးနီးလာပြီ ဘဲဥ မစား.. supply ကြောက်လို့ C plus လည်းရှောင် ။ တစ်နေ့ ဘုရား 10ခါရှိခိုးကာ Gtalk တက်လို့ ညည်းချင်းရယ်ဆို ...။ စာမေးပွဲက မနက်ဖြန် ဟိုစာရွက် ကူး .. ဒီစာရွက်လှန် notes မရှိလို့ မိတ္တူဆိုင်ပြေး one subject one night လုပ်တာ စာကြည့်စားပွဲထိုင်.. ထိုင်မယ်ကြံယုံရှိသေး ဟို့နေ့က ကြိုးစားထားသမျှ... ဒီနေ့တော့ အိပ်ငိုက်နေပြီမို့ ခဏလေးတစ်ရေးမှေးမယ်ကြံ ။ ကြံယုံပဲ ရှိသေး အိပ်ပျော်သွားပြီမို့ .... တစ်မိုးသောက်ခဲ့ပြန်ပြီ ။ ခြေဖျားတွေ လက်ဖျားတွေအေး.. အိမ်သာပြေးချင်သလိုလို စိတ်ထဲရယ် ကတုန်ကရင်.. ဘယ်လိုဖြေရပါ့လိမ့် ။ စာမေးပွဲခန်းဝယ်... ထိုင်ခုံမှာထိုင် မေးခွန်းကိုသေချာကြည့် သေချာသိတာ ဘာမှာမရှိ။ အားမလျှော့လေနဲ့..... ဘေးနားကလူကိုကြည့် သူလည်းသိတာဘာမှာမရှိ။ အော်... ကိုယ်လို သူလို အတူတူမို့ ဖြီးဖြန်းဖို့ကိုပြင် မေးခွန်းတောင် နားမလည်တော့ အကျိုးရှိရန် အိပ်ဖို့သာပြင်လေတော့ မျှော်လင့်ချက်ရယ် မရှိ သစ္စာစကားသုံးခွန်းသာဆို စာမကျက်ချင်တာအမှန် chatting ထိုင်တာလည်း ဟုတ်၏ ဘာမှမရတာ သေချာပါသည် ။ ဤမှန်သောသစ္စာ စကားသုံးခွန်းကြောင့် နောင်အခါတွင်... ဘေးနားကလူ စာရပါစေသတည်း.....

ความรัก ထိုင်းလိုရေးထားတာပါ

Ah, my beloved, fill the cup that clears Todays of past regrets and future fears Tomorrow why to-morrow i may be My self with yesterday's seven thousand years.