လမ်းမပေါ်မှာတုန်းက
ကိုယ်က လူအုပ်ကြီးနဲ့ အတူတူပေါ့။
လမ်းဆုံသွားတော့
မင်းနဲ့အတူ
ကိုယ်တစ်ယောက်တည်းရှိနေတာ
သိလိုက်ရတယ်။
ကိုယ့်ရဲ့နေ့အချိန်ဟာ
နေဝင်ဆည်းဆာထဲကို
ဘယ်အခါမှာ
မှေးမှိန်မှုန်ဝါးသွားမယ်ဆိုတာ
ကိုယ့်ရဲ့ အဖော်တွေကလည်း
ဘယ်အခါမှာ
ကိုယ့်ကို ထားရစ်ခဲ့တယ်ဆို
ကိုယ်တစ်ကယ်မသိခဲ့ပါဘူး။
မင်းရဲ့တံခါးတွေဟာ
ဘယ်အခါမှာဖွင့်ပြီး
ကိုယ်ကလည်း
ကိုယ့်ရဲ့နှလုံးသား တေးဂီတမှာ
ဘယ်အချိန်
အံ့အားသင့် ရပ်တန့်နေမိမလဲဆိုတာ
ကိုယ်တစ်ကယ် မသိခဲ့ပါဘူး။
ဒါပေမဲ့
ညအချိန်မှာ မင်းနဲ့အတူရှိနေတဲ့အခန်းလေးထဲမှာ
မီးအိမ်လည်း ထွန်းညှိပြီးလို့
ကိုယ့်မျက်လုံးအိမ်မှာ
မျက်ရည်ရဲ့ အစအနတွေ
ကျန်ရှိနေဆဲလားကွယ်။
2 comments:
ဒါပေမဲ့
ညအချိန်မှာ မင်းနဲ့အတူရှိနေတဲ့အခန်းလေးထဲမှာ
မီးအိမ်လည်း ထွန်းညှိပြီးလို့
ကိုယ့်မျက်လုံးအိမ်မှာ
မျက်ရည်ရဲ့ အစအနတွေ
ကျန်ရှိနေဆဲလားကွယ်။
အဲဒါလေးမိုက်တယ်
ဒါပေမဲ့
ညအချိန်မှာ မင်းနဲ့အတူရှိနေတဲ့အခန်းလေးထဲမှာ
မီးအိမ်လည်း ထွန်းညှိပြီးလို့
ကိုယ့်မျက်လုံးအိမ်မှာ
မျက်ရည်ရဲ့ အစအနတွေ
ကျန်ရှိနေဆဲလားကွယ်။
ငါလည်းဒါလေးကြိုက်တယ်..။
ကောင်းတယ် ဆက်ရေးပါအုံး
Post a Comment