ကမ ၻာ လောကရဲ့
ဖုန်ထူတဲ့ လမ်းမပေါ်မှာ
ကိုယ့်နှလုံးသား ပျောက်ဆုံးသွားခဲ့တယ်။
ဒါပေမဲ့................
မင်းလက်နဲ့ ကိုယ့်နှလုံးသားကို
ကောက်ယူခဲ့တယ်လေ။
ပျော်ရွှင်စရာတွေ ရှာဖွေရင်း
ဝမ်းနည်းပူဆွေးမှုတွေကိုပဲ
ကောက်သင်းကောက်ခဲ့ရပေါ့။
ဒါပေမဲ့...........ကိုယ့်ဆီကို
မင်းပေးပို့လိုက်တဲ့
ပူဆွေးဝမ်းနည်းမှုတွေဟာ
ကိုယ့်ဘဝအတွက်တော့
ပျော်ရွှင်စရာအဖြစ်
ပြောင်းလဲသွားခဲ့တယ်။
ကိုယ့်ရဲ့ အလိုဆန္ဒတွေကတော့
အပိုင်းပိုင်းအစစ
လွင့်စဉ်ပြန့်ကျဲသွားခဲ့ပေါ့။
မင်းက အဲ့ဒါတွေကို စုစည်းကောက်ယူပြီး
မင်းရဲ့ အချစ်ထဲမှာ
သီကုံးတွဲချည်ခဲ့တယ်လေ။
ဒါကြောင့်
တစ်အိမ်ပြီးတစ်အိမ်
ကိုယ်လှည့်လည်သွားလာနေစဉ်မှာ
ခြေလှမ်းတိုင်းဟာ......
မင်းအိမ်တံခါးဝဆီကိုပဲ
ဦးတည်နေမိတော့တာပေါ့ကွယ်။
2 comments:
ကောင်းလိုက်တဲ့ကဗျာ... ခံစားလို့ရတယ်ဗျာ.. ။
ခြေလှမ်းတိုင်း ဟာ အိမ်တံခါးဝ ကိုဦးလှည့်နေတာတော့
ကောင်းတယ်ဗျို့ ဟားဟား
Post a Comment