တောင်းဆု

(အချစ်) ကျေးကျွန်။ သခင်မ...... အရှင့်ကျေးကျွန်၊ အကျွန့်အပေါ် သနားကရုဏာ သက်တော်မူပါ။ သခင်မ။ စုဝေးပွဲပြီးပြီ။ ကျေကျွန်တော်လည်း ပြန်ကုန်ကြပြီ၊ ဘာကြောင့်နောက်ကျမှာ သင်ရောက်လာသလဲ။ ကျေးကျွန်။ အခြားကိစများပြီးပြတ်သွားချိန်ဟာ အကျွန့်အတွက် အချိန်ဖြစ်ပါရစေ။ အရှင့်ရဲ့ နောက်ဆုံးအမှုတော်ကို ထမ်းဆောင်ဖို့ လာရောက်တောင်းခံခြင်းဖြစ်ပါတယ်။ သခင်မ။ အလွန်တရာနောက်ကျနေပြီဖြစ်တဲ့အတွက် သင်ဘာကို မျှော်လင့်စရာကျန်တော့လို့လဲ။ ကျေးကျွန်။ သခင်မ၏ ပန်းဥယျာဉ်မှာ ဥယျာဉ်မှုးအဖြစ် ခန့်ထားတော်မှုပါ။ သခင်မ။ မဟုတ်တာကွယ်။ ကျေးကျွန်။ အကျွန့်၏ အခြားအလုပ်တာဝန်များကိုလည်း စွန့်လွတ်လိုက်ပါတော့မယ်။ မကျွန့်၏ ဓားလှံများကိုလည်း မြေပေါ် ပစ်ချလိုက်ပါပြီ။ အကျွန့်အားဝေးမြေရပ်ခြားမပို့ပါနှင့်တော့။ အောင်ပွဲသစ်ပင်ကိုလည်း မရယူခိုင်းပါနှင့်တော့။ သခင်မ၏ ဥယျာဉ်တွင်သာ ဥယျာဉ်မှုးအဖြစ် ခန့်တော်မှုပါ။ သခင်မ။ ဒါဆို မင်းအလုပ်တာဝန်တွေ ဘာလဲ။ ကျေးကျွန်။ သခင်မအားမပျင်းမရိအောင် အမှုတော်ထမ်းဖို့ပါ။ နံနက်ခင်းမှာ သခင်မနင်းလျှောက်တတ်တဲ့ မြက်ခင်းစိမ်းစိမ်းကလေးကို အမြဲတမ်းလန်းဆန်းနေအောင် ထိန်းသိမ်းပါ့မယ်။ သခင်မရဲ့ ခြေအစုံကို သေခြင်းကို အမှုမထားတဲ့ ပန်းပွင့်ကလေးများနှင့်ထိတွေ့နှုတ်ဆင်စေပြီးဂုဏ်ပြုကြိုဆိုပါ့မယ်။ saptaparna (စရည်းပင်) ကိုင်းကြားမှာ ဒါန်းဆင်ပြီး အရှင့်ကို လွဲပေးပါ့မယ်။ အဲဒီမှာ...........ညဥ့်ဦးပိုင်းလရောင်ခြည်က အရှင့်ရဲ့ ဝတ်ရုံတော်ကို ထိနမ်းခွင့်ရချင်လို့ သစ်ရွက်ကြားက တိုးထွက်လာပါ့မယ်။ သခင်မ။ ဆုလာဘ်မနေနဲ့ သင်ဘာကို အလိုရှိတုန်း။ ကျေးကျွန်။ နုးညံတဲ့ ကြာငုံကြာဖူးလိုတူတဲ့ အရှင့်လက်သီးဆုပ်ကလေးကိုကိုင်ပြီး လက်ကောက်ဝတ်မှာ ပန်းကုံးကလေးတွေ ဆင်ယင်ပေးခွင့်။ သခင်မရဲ့ ခြေဖဝါး နုနုကို အသောက ပန်းပွင့်လွာချပ်တွေရဲ့ ပန်းဆီအနီနဲ့ ခြယ်သပေးခွင့်။ ခြေအစုံမှာ ဖုန်ကပ်နေခဲ့ရင် နမ်းဖယ်ပေးခွင့်ပေးသနားတော်မှုပါ။ သခင်မ။ ငါ၏ကျေးကျွန်။ သင်တောင်းသော ဆုကိုခွင့်ပြုတော်မှုသည်။ ငါ၏ပန်းဥယျာဉ်တော်တွင် ဥယျာဉ်မှုးဖြစ်စေ။

2 comments:

thihanyein said...

ကောင်းလိုက်တဲ့ကဗျာလေး
အဆင်ပြေပါစေဗျာ

Unknown said...

ကိုတိုး.... စိတ်ထိန်း....စိတ်ထိန်း.....
ငါ့ဖို့လည်းချန်အုံး....ဟေးးးဟေးးးး