အချစ်ကလေး၏ခလုတ်

တစ်နေ့က သူငယ်ချင်းတစ်ယောက်ကပို့လိုက်တဲ့ Fwd mail ကရတာလေးကိုရေးပြီးတင်ပေးလိုက်တာပါ။................. တစ်ခါက ရွာတစ်ရွာတွင် အလွန်အရှက်ကြီးသည့် မိန်ကလေးတစ်ဦးရှိသတဲ့။ အရွယ်ရောက်လာတော့ လူငယ်တို့သဘာဝအတိုင်း မိန်းကလေးမှာလည်း ချစ်သူရည်းစားတစ်ယောက်ရှိလာခဲ့သတဲ့။ တစ်နေ့သောအခါ ချစ်သူနှစ်ဦးတို့ သာယာသည့်မြစ်ကမ်းနံဘေးတစ်နေရာတွင် ချိန်းတွေ့နေကြခိုက် မိန်းကလေးမှာ လေလည်ချင်လာခဲ့သည်။ သို့သော် သူသည်အလွန်အရှက်အကြောက်ကြီးသူဖြစ်သဖြင့် ချစ်သူရှေ့တွင်လေမလည်မိအောင် အောင့်အည်းထားရသည်။ အောင့်ရလွန်းသောကြောင့် သူမ၏ခြေမမှာကွေးပြီးနေသည်။ ထိုခြေမကို မြင်သွားသောချစ်သူအမျိုးသားက “ အချစ်ရဲ့ခြေမက လှရက်သားနဲ့ ဘာလို့ကွေးထားရတာလဲ ” ဆိုကာ ကိုင်ဖြောင့်လိုက်ရာ မိန်းခလေးမှာအောင့်ထားတာမရတော့ဘဲ ကျယ်လောင်သည့်အသံဖြင့် လေလည်ထွက်သွားသတဲ့။ မိန်းကလေးသည် အရှက်လွန်းပြီး မြစ်ထဲခုန်ချသေမည်လုပ်သောကြောင့် အမျိုးသားမှာ ခြေမကိုင်မီလက်မကိုင်မီဖြစ်ပြီး ပျာပျာသလဲတောင်ပန်လိုက်ပုံမှာ “အချစ်ကလေးရဲ့ အီးခလုတ်မှန်းမသိလို့ ကိုယ်ကိုင်မိတာပါ ကိုယ့်ကို ခွင့်လွှတ်ပေးပါ ” ဟုပြောပါသည်။

တိတ်တခိုး

အဖြူရောင် ကင်းဗက်ပေါ်မှာ
ပန်းချီတစ်ချပ် ဆွဲဖို့ ကြိုးစားမိတိုင်း
ကိုယ့်လိပ်ပြာက
ကိုယ့်ကိုပြန်ဟားတိုက်တယ်....။
မဖြစ်သင့်ဘူးဆိုတဲ့ 
ဦးနှောက်ရဲ့  စေစားချက်ကို
နှလုံးသားက လက်မခံတော့
ငါ့မှာ ခေါင်းငိုက်စိုက်နဲ့ ပေါ့......။
ဝေးနေရတာ မဟုတ်ပေမယ့်
နီးစပ်ဖို့ အတွက်လည်း
စည်း တစ်ဖက်တစ်ချက်စီမှာလေ..........။
ဂိတ်တံခါး မရှိပေမယ့်
မုန်းသွားလေမလားဆိုတဲ့ စိုးစိတ်က
နေ့ စဉ်ရက်စက် နှိပ်စက်နေတော့
အချစ်စိတ်တွေကို မျိုသိပ်
မင်းလေးနောက်က အရိပ်လိုလိုက်ပြီး
လိုအပ်ချက်ကွက်လက်တွေကို
ဖြည့်ဆီးခွင့်ရရုံနဲ့ တင်ပဲ
ရောင်ရဲနှစ်သိမ့်နေရုံပဲပေါ့........။
သွေးမတော် သားမစပ်
ဘာမှမပက်သက်တဲ့ ညီမလေးရေ........
`အစ်ကို´ ဆိုတဲ့  ခေါ်သံအောက်မှာ
ငါ့နှလုံးသာက အရည်ပျော်ကျခဲ့ရပြီ...။
တားစည်းမရတဲ့ ခံစားချက်ကို
ကဗျာလေးအဖြစ်နဲ့ ပဲ ဖွင့်အန်ထွက်ရင်း
တိတ်တစိတ်ရင်မှာ
တိတ်တခိုးလေး ချစ်နေမယ်ဆိုတာ
မင်းတစ်ယောက်သိနိုင်ပါစေတော့...............။
မှတ်ချက်။ ဒီကဗျာလေးက ..................ရေးထားတဲ့ကဗျာလေးပါ ကျွန်တော်ကြိုက်လို့ကူးထားတဲ့ကဗျာလေးတစ်ပိုဒ်ပါ အခုပြန်လည်မျှဝေပေးလိုက်တာပါခင်ဗျာ။

မြတ်သောမိခင်

ကိုးလလွယ် ဆယ်လဖွား အသက်ကိုပင် ပဓာနမထားတဲ့ “အမေ”
ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ် ဝါးဖက်တော်က ဆီ၊နှစ်တွေနဲ့ နို့ချိုချိုပေး တိုက်ကျွေးခဲ့တဲ့“အမေ”
သားသမီး လူမမယ် ပညာတွေ ကြွယ်စေဖို့ ကျောင်းထားပေးခဲ့တာလည်း “အမေ”
ဈေးတောင်း ခေါင်းရွှက် အပြုံးမပျက်ဘဲ ကျွေးမွေးပြုစုခဲ့တာလည်း “အမေ”
ပင်ပန်းနည်းမျိုးစုံကြုံနေရသော်လည်း လောကဓံတရား နောက်တွန့်မသွားတဲ့ “အမေ”
အမောဝေးဒနာ ရင်မှာရှိသော်လည်း အပြောကတော့ မမောပါဘူးဆိုတဲ့ “အမေ”
သူမတူပါ လူတကာမှာ ရှာမတွေ့နိုင်တဲ့ မေတ္တာမျိုး နဲ့“အမေ”
အရွယ်ပင် အိုသော်လည်း မေတ္တာပင်ကြီး လဲပြိုမသွားအောင် စောင့်ရှောက်ထားနိုင်တဲ့ “အမေ”
သားသမီးတို့ရဲ့ ဘဝလှပအောင် ခြယ်မှုန်းနိုင်တာလည်း “အမေ”
တိတ်တိတ်လေး ချွေးခိုးသုတ် အမောရုပ်ကို ဟန်လုပ်နိုင်တဲ့ “အမေ”
သားသမီးတွေ အဝကျွေး ကျန်တာလေးနဲ့ တင်းတိမ်တဲ့ ”အမေ”
သားသမီးတွေကို အချောဆင် အကြမ်းဖျင်လေးနဲ့ ရောင့်ရဲ့တဲ့ “အမေ”
သားသမီးတို့၏ စိတ်စရိုက် မကြိုက်သော်လည်း မရိုက်ရက်တဲ့ “အမေ”
ရိုးရိုး အအ အကရာကျအောင် စာစီမပြနိုင်ပေမဲ့ ရင်ထဲမှာ အစိုင်အခဲ ယိုင်လဲမသွားတဲ့ ဂရုဏာ တရားနဲ့ “အမေ”
မကောင်းတာပြစ် ကောင်းရာဖြစ်ဖို့ ရှေ့ဆောင်နည်းပြ ဆုံးမသွန်သင် မြတ်မိခင်ကို အစဉ်သာရိုကျိုး လက်စုံမိုးလို့ ရှိခိုးလျက်ပါ “အမေ”
အသက်ကိုပေး ရဲရဲမွေးခဲ့တဲ့ မြတ်သောမိခင် ကျေးဇူးရှင်နှင့် အတူကမ္ဘာရှိငြား မိခင်များကို ရိုသေစွာ ဂါဝရဖြင့် ထာဝရ ဂုဏ်ပြုလျက်ပါ “အမေ”
မှတ်ချက်။ ဒီဟာလေးကိုရေးထားတာကြိုက်လို့တင်ပေးလိုက်တာပါ ကိုယ်တိုင်ရေးထားချင်းမဟုတ်ပါဘူးခင်ဗျာ။ ဘလော့ဂါ သူငယ်ချင်း ညီအကို မောင်နှစ်မ အားလုံး ကျန်းမာပျော်ရွှင်နိုင်ကျပါစေဗျာ။ အမေကိုသတိတရရှိနေစေချင်လို့ ကြိုက်လို့တင်ပေးလိုက်တာပါ။

မေ့မလွယ်

ကံမကြုံ၍
မဆုံကြရ၊ သည်ဘဝမှာ
ဝေးကြပြီလေ ၊သိ၍နေလည်း
ဖြေသိမ့်မရ၊ အလွမ်းစနှင့်
တမ်းတနေမိ၊ သတိရဆဲ
ရုပ်ရည်မပြောင်း၊ ဓာတ်ပုံဟောင်းကို
နှောင်းတမြေ့မြေ့၊ ထုတ်ကြည့်၍ပင်
မမေ့နိုင်ပေ၊ လွမ်းငွေ့ဝေဆဲ
လှပလက်ရေး၊ ငယ်သေးသေးနှင့်
သူပေးသည့်စာ၊ မြတ်နိုးစွာဖြင့်
ခါခါဖတ်ကြည့်၊တမ်းတမိဆဲ
သူ့လက်ဆောင်ပေး၊ အရုပ်ကလေးကို
ပွေ့ဖက်ယုယ၊တသသဖြင့်
ကာလရှည်လျား ၊သိမ်းဆည်းထားဆဲ
သြော် ကံမကြုံ၍
မဆုံခဲ့ရ၊ဝေးခဲ့ကြလည်း
ဘဝတစ်သက် ၊ မေ့ဖို့ခက်သည်
စိမ်းရက်သူတော့ သိမယ်မထင်၊

နှုတ်ဆက်နိုင်ခဲ့ပြီ

မမျော်လင့်ဘဲ
သူနှင့်ပြန်တွေ့ခဲ့ရသည်။
ပြန်တွေ့ရလည်း
လှိုက်လှဲဝမ်းသာ ၊ ဖြစ်မလာခဲ့။
ရင်နာကြေကွဲ၊ ဝမ်းလည်းမနည်းပေ။
ပြန်လည်တွေ့ဆုံ၊ စိတ်မလုံပဲ
ရင်ခုန်လှုပ်ရှားခြင်းလည်းမရှိ။
တွေ့ကြုံဆုံကွဲ ၊ ဖြစ်မြဲဓမတာ
ဘာဆန်းပါသနည်း။
မလွဲရှောင်သာ ၊တစ်နေရာတွင်
သေချာပါသည် ၊ ပြန်တွေ့မည်ဟု
ယုံကြည့်ထားပြီးသားပါလေ။
သည်အချိန်မှာ ၊ ပြန်တွေ့လာပြီး
ဝမ်းသာစရာ၊ ဖြစ်မလာသလို
ရင်နာစရာ မရှိတော့ပါ။
ကြင်နာမပျက်၊ မိတ်မဖျက်ဘဲ
နှုတ်ဆက်နိုင်ခဲ့ပါပြီလေ။