နှုတ်ဆက်နိုင်ခဲ့ပြီ

မမျော်လင့်ဘဲ
သူနှင့်ပြန်တွေ့ခဲ့ရသည်။
ပြန်တွေ့ရလည်း
လှိုက်လှဲဝမ်းသာ ၊ ဖြစ်မလာခဲ့။
ရင်နာကြေကွဲ၊ ဝမ်းလည်းမနည်းပေ။
ပြန်လည်တွေ့ဆုံ၊ စိတ်မလုံပဲ
ရင်ခုန်လှုပ်ရှားခြင်းလည်းမရှိ။
တွေ့ကြုံဆုံကွဲ ၊ ဖြစ်မြဲဓမတာ
ဘာဆန်းပါသနည်း။
မလွဲရှောင်သာ ၊တစ်နေရာတွင်
သေချာပါသည် ၊ ပြန်တွေ့မည်ဟု
ယုံကြည့်ထားပြီးသားပါလေ။
သည်အချိန်မှာ ၊ ပြန်တွေ့လာပြီး
ဝမ်းသာစရာ၊ ဖြစ်မလာသလို
ရင်နာစရာ မရှိတော့ပါ။
ကြင်နာမပျက်၊ မိတ်မဖျက်ဘဲ
နှုတ်ဆက်နိုင်ခဲ့ပါပြီလေ။

11 comments:

မသက်ဇင် said...

ကိုတိုးလေးရေ
ပြန်ရောက်လာပြီလား
အသဲကွဲခဲ့တာလားကွယ်
ခင်မင်သတိရလျက်

အရုပ်ကလေး said...

အဖြစ်အပျက်တစ်ခုကြားမှာ နှုတ်ဆက်ခြင်းတွေနဲ့
ရင်တွင်းဆန္ဒတစ်ခုရဲ့ ထွက်ပေါက်က နှုတ်ဆက်ခြင်းနဲ့ပဲ
အဆုံးသတ်ခဲ့တာ ကြွေကျလု စိတ်ကို ထိန်းလိုက်နိုင်တာပဲ ..တွေ့ဆုံခြင်းတွေမှာ ပျော်ရွှင်ခြင်း၊
ကြေကွဲခြင်းတွေ ဖြစ်တည်ခဲ့ပေမယ့် နာကြဉ်ခြင်းတွေနဲ့
အဆုံးသတ်ခဲ့တာ င့ါဘ၀ဟာ အမှောင်အတိညက
ဆွတ်ပျံ့ဖွယ် ပန်းရနဲ့လေးဆိုတာ မင်းသိရုံနဲ့တင်
နှုတ်ဆက်ခြင်းက ဆိတ်သုန်းခဲ့ပါပြီ ...။

သက်ထွန်းညိမ်း said...

ကဗျာလေး ဆန်းတယ်ဟေ့

ကဗျာမလေး said...

မောင်လေး
“သည်အချိန်မှာ ၊ ပြန်တွေ့လာပြီး
ဝမ်းသာစရာ၊ ဖြစ်မလာသလို
ရင်နာစရာ မရှိတော့ပါ။
ကြင်နာမပျက်၊ မိတ်မဖျက်ဘဲ
နှုတ်ဆက်နိုင်ခဲ့ပါပြီလေ။”
ရင်နာကြေကွဲမှု မရှိဘူးဆိုလို့ ၀မ်းသာပါတယ် ... ဘ၀ကို ပျော်ရွှင်စွာဖြတ်သန်းစေချင်တယ်။

ဝေလေး said...

အစ်ကို ပြန်ရောက်ပြီလား။
ကဗျာကတစ်မျိုးလေး...... :)
ရင်နာစရာမရှိဘူးဆိုလို့ ကောင်းပါတယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေနော်.

may16 said...

ကိုတိုးလေး ပြန်ရောက်ပြီပေါ့ ၀မ်းသာစွာ ကြိုဆိုလျှက်ပါရှင်..

Maung Myo said...

သူမရိုးဘူး....အချစ်နဲ့တွေ့လာတယ်ဖြစ်မယ်း)

Anonymous said...

ကိုတိုးလေး ပြန်ရောက်ပြီကြားလို့လာလည်တယ်။
ကဗျာလေးက မြန်မာ အလွမ်းပြေပေါ့။
:)
ပျော်ရွှင်ပါစေ။

ကဗျာဦး said...

ကိုတိုးလေးကဗျာဖတ်ပြီးငိုချင်သလိုပဲ
ခင်မင်လျက်

ကောင်းကင်ပြာ said...

လှပစွာ ဖွဲ့ဆိုထားတဲ့ ကဗျာလေးလာဖတ်တယ်နော်

Anonymous said...

ကောင်းတာပေါ့ဗျာ ပြီင်္းခဲ့တာတွေ မေ့နိုင်တာ