မြတ်သောမိခင်

ကိုးလလွယ် ဆယ်လဖွား အသက်ကိုပင် ပဓာနမထားတဲ့ “အမေ”
ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ် ဝါးဖက်တော်က ဆီ၊နှစ်တွေနဲ့ နို့ချိုချိုပေး တိုက်ကျွေးခဲ့တဲ့“အမေ”
သားသမီး လူမမယ် ပညာတွေ ကြွယ်စေဖို့ ကျောင်းထားပေးခဲ့တာလည်း “အမေ”
ဈေးတောင်း ခေါင်းရွှက် အပြုံးမပျက်ဘဲ ကျွေးမွေးပြုစုခဲ့တာလည်း “အမေ”
ပင်ပန်းနည်းမျိုးစုံကြုံနေရသော်လည်း လောကဓံတရား နောက်တွန့်မသွားတဲ့ “အမေ”
အမောဝေးဒနာ ရင်မှာရှိသော်လည်း အပြောကတော့ မမောပါဘူးဆိုတဲ့ “အမေ”
သူမတူပါ လူတကာမှာ ရှာမတွေ့နိုင်တဲ့ မေတ္တာမျိုး နဲ့“အမေ”
အရွယ်ပင် အိုသော်လည်း မေတ္တာပင်ကြီး လဲပြိုမသွားအောင် စောင့်ရှောက်ထားနိုင်တဲ့ “အမေ”
သားသမီးတို့ရဲ့ ဘဝလှပအောင် ခြယ်မှုန်းနိုင်တာလည်း “အမေ”
တိတ်တိတ်လေး ချွေးခိုးသုတ် အမောရုပ်ကို ဟန်လုပ်နိုင်တဲ့ “အမေ”
သားသမီးတွေ အဝကျွေး ကျန်တာလေးနဲ့ တင်းတိမ်တဲ့ ”အမေ”
သားသမီးတွေကို အချောဆင် အကြမ်းဖျင်လေးနဲ့ ရောင့်ရဲ့တဲ့ “အမေ”
သားသမီးတို့၏ စိတ်စရိုက် မကြိုက်သော်လည်း မရိုက်ရက်တဲ့ “အမေ”
ရိုးရိုး အအ အကရာကျအောင် စာစီမပြနိုင်ပေမဲ့ ရင်ထဲမှာ အစိုင်အခဲ ယိုင်လဲမသွားတဲ့ ဂရုဏာ တရားနဲ့ “အမေ”
မကောင်းတာပြစ် ကောင်းရာဖြစ်ဖို့ ရှေ့ဆောင်နည်းပြ ဆုံးမသွန်သင် မြတ်မိခင်ကို အစဉ်သာရိုကျိုး လက်စုံမိုးလို့ ရှိခိုးလျက်ပါ “အမေ”
အသက်ကိုပေး ရဲရဲမွေးခဲ့တဲ့ မြတ်သောမိခင် ကျေးဇူးရှင်နှင့် အတူကမ္ဘာရှိငြား မိခင်များကို ရိုသေစွာ ဂါဝရဖြင့် ထာဝရ ဂုဏ်ပြုလျက်ပါ “အမေ”
မှတ်ချက်။ ဒီဟာလေးကိုရေးထားတာကြိုက်လို့တင်ပေးလိုက်တာပါ ကိုယ်တိုင်ရေးထားချင်းမဟုတ်ပါဘူးခင်ဗျာ။ ဘလော့ဂါ သူငယ်ချင်း ညီအကို မောင်နှစ်မ အားလုံး ကျန်းမာပျော်ရွှင်နိုင်ကျပါစေဗျာ။ အမေကိုသတိတရရှိနေစေချင်လို့ ကြိုက်လို့တင်ပေးလိုက်တာပါ။

7 comments:

poemflower said...

အမေကဗျာလေးကို ဖတ်သွားပါတယ် ကိုတိုးလေး

ကျောပိုးအိတ် said...

အသေအချာလေးကိုဖတ်သွားပါတယ်ကိုတိုးလေးရေ။

အမေကိုချစ်တဲ့သားကောင်းလေးဖြစ်ပါစေ
း)

ဘယ်သူလဲလို့ မမေးနဲ့ နော်
း)

သိမှာပါ
အဟဲ

ကျောပိုးအိတ် said...

ဒီနေ့ မွေးနေ့ ရှင်
း)

Anonymous said...

ကိုယ်တိုင်ရေး ရေး၊ မရေးရေး.. မိဘနဲ့ပက်သတ်တဲ့ စာကဗျာမှန်သမျှ ရင်နဲ့ကိုခံစားသွားပါတယ်ဗျာ...။ ဟီ.. မသိရင် အရင်ကတော့ ရင်နဲ့မခံစားပဲ ဘာနဲ့ခံစားလဲ မသိဘူးနော်.. တွေးစရာပါပဲ။ ရေးရင်းနဲ့ဘေးရောက်ကုန်ပါပြီဗျာ...။
နှစ်သက်စွာခံစားဖတ်ရူသွားပါကြောင်း..။

ကဗျာဦး said...

အမေ ဖတ်သွားတယ် ကိုတိုးလေး
အမေ့ကိုပိုလွမ်းသွားတယ်
အမေက သမီးလေးကို လောကကြီးထဲမှာ
တယောက်ထဲ ထားခဲ့ပါပြီ။

Dream said...

mum က စလုံးကို ရောက်နေတော့ လွမ်းစရာ မဖြစ်သေးဘူး..ဟိဟိ.... :P
.....ပြန်သွားမှ ပြန်လွမ်းရမှာ.. :(

မသက်ဇင် said...

ကိုတိုးလေးရေ
အမေ့အလွမ်းတွေလာဖတ်သွားပါတယ်
လိုအင်ဆန္ဒပြည့်ပါစေ