အချစ်ကလေး၏ခလုတ်

တစ်နေ့က သူငယ်ချင်းတစ်ယောက်ကပို့လိုက်တဲ့ Fwd mail ကရတာလေးကိုရေးပြီးတင်ပေးလိုက်တာပါ။................. တစ်ခါက ရွာတစ်ရွာတွင် အလွန်အရှက်ကြီးသည့် မိန်ကလေးတစ်ဦးရှိသတဲ့။ အရွယ်ရောက်လာတော့ လူငယ်တို့သဘာဝအတိုင်း မိန်းကလေးမှာလည်း ချစ်သူရည်းစားတစ်ယောက်ရှိလာခဲ့သတဲ့။ တစ်နေ့သောအခါ ချစ်သူနှစ်ဦးတို့ သာယာသည့်မြစ်ကမ်းနံဘေးတစ်နေရာတွင် ချိန်းတွေ့နေကြခိုက် မိန်းကလေးမှာ လေလည်ချင်လာခဲ့သည်။ သို့သော် သူသည်အလွန်အရှက်အကြောက်ကြီးသူဖြစ်သဖြင့် ချစ်သူရှေ့တွင်လေမလည်မိအောင် အောင့်အည်းထားရသည်။ အောင့်ရလွန်းသောကြောင့် သူမ၏ခြေမမှာကွေးပြီးနေသည်။ ထိုခြေမကို မြင်သွားသောချစ်သူအမျိုးသားက “ အချစ်ရဲ့ခြေမက လှရက်သားနဲ့ ဘာလို့ကွေးထားရတာလဲ ” ဆိုကာ ကိုင်ဖြောင့်လိုက်ရာ မိန်းခလေးမှာအောင့်ထားတာမရတော့ဘဲ ကျယ်လောင်သည့်အသံဖြင့် လေလည်ထွက်သွားသတဲ့။ မိန်းကလေးသည် အရှက်လွန်းပြီး မြစ်ထဲခုန်ချသေမည်လုပ်သောကြောင့် အမျိုးသားမှာ ခြေမကိုင်မီလက်မကိုင်မီဖြစ်ပြီး ပျာပျာသလဲတောင်ပန်လိုက်ပုံမှာ “အချစ်ကလေးရဲ့ အီးခလုတ်မှန်းမသိလို့ ကိုယ်ကိုင်မိတာပါ ကိုယ့်ကို ခွင့်လွှတ်ပေးပါ ” ဟုပြောပါသည်။

10 comments:

ဝေလေး said...

ဟား ဟား ဟား လို့အော်ရီသွားတယ်......
:P
ကောင်မလေးသနားပါတယ်.. သူ့ခမျာ...

may16 said...

ခလုတ်ကမိုက်တယ်ကွာ

ကျောပိုးအိတ် said...

ရယ်သွားတယ်ကိုတိုးရေ
း)

WWKM said...

ဟဟဟားးး ရယ်သွားတယ် မောင်လေးကိုတိုးရေ.း)))

ရွှေပြည်သူ (ShwePyiThu) said...

ဖတ်ပြီး ရယ်သွားတယ် ကိုတိုးလေးရေ။ အစစ အဆင်ပြေ စိတ်ချမ်းသာပါစေ မောင်လေး...း)

ရွှေပြည်သူ (ShwePyiThu) said...

မူရင်းရေးသားသူကိုရော ပြန်ဝေမျှတဲ့ မောင်လေးကိုပါ ကျေးဇူးတင်ပါတယ်း)

Saing Khan Tun said...

အီးခလုတ်က အဲဒီမှာလားဗျ ... မှတ်ထားဦးမှ လိုရင် သုံးရအောင် .. :D

မသက်ဇင် said...

ကိုတိုးလေးရေ
လာလည်သွားပါတယ်
ကြံကြံဖန်ဖန်ရေးတတ်ပါ့
ခင်မင်လျက်

Anonymous said...

အာဟာ့.... ဖြစ်မှဖြစ်ရလေဗျာ.. အီးခလုတ်မှ ကိုင်မိတော့ သေပြီဆရာပေါ့ဗျာ...။

Dream said...

ဟားဟားဟား... ဟားဟား

အဲလိုကိုအားရပါးရ ရယ်သွားတယ်...

ဒါနဲ့ နေဦး... အနံမပြယ်ခင် ဦးဦးဖိုးစိန်ကို ပြေးခေါ်ဦးမှ... ပိပီပီးလိုလေ... အဟား....

ဦးဦးဖိုးစိန်ကိုဖွသွားတာ...ခစ်ခစ်.. :P