မေ့မလွယ်

ကံမကြုံ၍
မဆုံကြရ၊ သည်ဘဝမှာ
ဝေးကြပြီလေ ၊သိ၍နေလည်း
ဖြေသိမ့်မရ၊ အလွမ်းစနှင့်
တမ်းတနေမိ၊ သတိရဆဲ
ရုပ်ရည်မပြောင်း၊ ဓာတ်ပုံဟောင်းကို
နှောင်းတမြေ့မြေ့၊ ထုတ်ကြည့်၍ပင်
မမေ့နိုင်ပေ၊ လွမ်းငွေ့ဝေဆဲ
လှပလက်ရေး၊ ငယ်သေးသေးနှင့်
သူပေးသည့်စာ၊ မြတ်နိုးစွာဖြင့်
ခါခါဖတ်ကြည့်၊တမ်းတမိဆဲ
သူ့လက်ဆောင်ပေး၊ အရုပ်ကလေးကို
ပွေ့ဖက်ယုယ၊တသသဖြင့်
ကာလရှည်လျား ၊သိမ်းဆည်းထားဆဲ
သြော် ကံမကြုံ၍
မဆုံခဲ့ရ၊ဝေးခဲ့ကြလည်း
ဘဝတစ်သက် ၊ မေ့ဖို့ခက်သည်
စိမ်းရက်သူတော့ သိမယ်မထင်၊

6 comments:

ဝေလေး said...

:)
လွမ်းနေပါလား။
ဒီဘဝမဆုံရင် နောင်ဘဝဆုံအောင် ဆုတောင်းပေါ့.... :P

Dream said...

ဟင်.... လွမ်းနေတာလား......ဦးဦးရ..

ဘာမှမပူနဲ့...နောင်ဘ၀ဆိုတာ ရှိခဲ့ရင် ဆုံကြဦးမှာပါ...နော်...
:P

may16 said...

အဲကိုတိုးလေးကြီးဘာတွေလွမ်းနေလည်းသိဘူး ခံစားချက်တွေထွက်လာတယ် :))

Anonymous said...

အဲဒါပြောတာပေါ့ဗျာ ငယ်ကချစ်နှစ်တရာ မမေ့သာတဲ့...။ ငယ်ချစ်ဦးဆိုတော့လဲ.......။
ခံစားချက်တွေ တူနေပြီဗျာ...။

ကဗျာဦး said...

ကူပြီးလွမ်းသွားတယ်

ကဗျာမလေး said...

ရည်ရွယ်ချက်လေးကောင်းလို့ သဘောကျတယ် မောင်လေး ..... အမေ့ကိုလွမ်းနေပြီလား .....
ကြိုးစားထား မောင်လေး...
အောင်မြင်ပျော်ရွှင်ပါစေ။