တိတ်တခိုး

အဖြူရောင် ကင်းဗက်ပေါ်မှာ
ပန်းချီတစ်ချပ် ဆွဲဖို့ ကြိုးစားမိတိုင်း
ကိုယ့်လိပ်ပြာက
ကိုယ့်ကိုပြန်ဟားတိုက်တယ်....။
မဖြစ်သင့်ဘူးဆိုတဲ့ 
ဦးနှောက်ရဲ့  စေစားချက်ကို
နှလုံးသားက လက်မခံတော့
ငါ့မှာ ခေါင်းငိုက်စိုက်နဲ့ ပေါ့......။
ဝေးနေရတာ မဟုတ်ပေမယ့်
နီးစပ်ဖို့ အတွက်လည်း
စည်း တစ်ဖက်တစ်ချက်စီမှာလေ..........။
ဂိတ်တံခါး မရှိပေမယ့်
မုန်းသွားလေမလားဆိုတဲ့ စိုးစိတ်က
နေ့ စဉ်ရက်စက် နှိပ်စက်နေတော့
အချစ်စိတ်တွေကို မျိုသိပ်
မင်းလေးနောက်က အရိပ်လိုလိုက်ပြီး
လိုအပ်ချက်ကွက်လက်တွေကို
ဖြည့်ဆီးခွင့်ရရုံနဲ့ တင်ပဲ
ရောင်ရဲနှစ်သိမ့်နေရုံပဲပေါ့........။
သွေးမတော် သားမစပ်
ဘာမှမပက်သက်တဲ့ ညီမလေးရေ........
`အစ်ကို´ ဆိုတဲ့  ခေါ်သံအောက်မှာ
ငါ့နှလုံးသာက အရည်ပျော်ကျခဲ့ရပြီ...။
တားစည်းမရတဲ့ ခံစားချက်ကို
ကဗျာလေးအဖြစ်နဲ့ ပဲ ဖွင့်အန်ထွက်ရင်း
တိတ်တစိတ်ရင်မှာ
တိတ်တခိုးလေး ချစ်နေမယ်ဆိုတာ
မင်းတစ်ယောက်သိနိုင်ပါစေတော့...............။
မှတ်ချက်။ ဒီကဗျာလေးက ..................ရေးထားတဲ့ကဗျာလေးပါ ကျွန်တော်ကြိုက်လို့ကူးထားတဲ့ကဗျာလေးတစ်ပိုဒ်ပါ အခုပြန်လည်မျှဝေပေးလိုက်တာပါခင်ဗျာ။

7 comments:

Chitpalonelay said...

ကဗျာက ဟတ်ထိတယ်။ ပါးလုံးတောင်ကူးချင်လာပြီ။

ကဗျာမလေး said...

အော်... သူများကဗျာနဲ့ တိတ်တခိုး ချစ်နေတယ်ပေါ့လေ ... မချစ်နဲ့ မကောင်းဘူး ... ချစ်ရင်ချစ်တယ်ပြောလိုက် ... ဟီ ဟိ ... အစ်မမောင်လေး ကို နောက်တာ...။
အေးဆေးနေ .. ဒါပဲ။ :P

ဝေလေး said...

ကိုသီဟညိမ်းကဗျာလေးတွေကောင်းတယ်.....
ဒီကဗျာလေးလည်းကြိုက်တယ်..
အစ်ကိုပြန်ဝေမျှမှ ဖတ်ဖူးတာ
ဒီတစ်ပုဒ်တော့ မဖတ်ဖူးလိုက်ဘူးလားလို့... :)

may16 said...

ကဗျာလေးကို လာဖတ်သွားပါတယ် ကိုတိုးလေး
အမှတ်တရ ဖော်ပြပေးတာကျေးဇူးပါ.

Anonymous said...

တိတ်တခိုးကြိတ်ပိုးမနေနဲ့ဗျို ပေါ်တင်သာဖွင့်ပြော ဗျခုခေတ်က အဲလိုလုပ်ရင် ကျန်ခဲံမယ်ဗျ..

ကဗျာဦး said...

ချစ်ရင်ပြောသာပစ်လိုက်
ငြင်းရင် ခေါက်ပြန်ခဲ့

မသက်ဇင် said...

ကိုတိုးလေးရေ
တိတ်တခိုးလေး လာဖတ်တယ်