ရင်တွင်း..........................

ရင်မှာအကြင်နာ တကယ်ချစ်တော့
တကယ်ခံစားရ
ခံစားရတဲ့အသည်းနှလုံး
မွန်းထားလုမတတ်ကြေကွဲနေပေမဲ့
ငါချစ်တဲ့အချစ်
ထာဝရအချစ်တွေနဲ့
မင်းကို ငါဆက်ချစ်နေမှာပါ။
အချိန်တွေများစွာ ချစ်လာရတဲ့
ငါ့ရဲ့အသည်းနှလုံးက
နုနယ်ပေမဲ့ မစိမ်းကားရက်ပါဘူး
မရက်စက်တတ်ဘူးချစ်သူ
ပျော့ညံ့နေတဲ့ငါ့နှလုံးသားနဲ့
ငါ့ရဲ့ပျော့ကွက်ထဲကို မင်းဝင်တိုးလို့
ငါ့ကို အမျိုးမျိုးမင်း ပြောခဲ့ပေမဲ့
ငါ့ရဲ့ ချစ်တဲ့စိတ်နဲ့ မင်းကို
ဘယ်လိုမှာမမုန်းရက်ဘူး
နာကြည်းခံစား
ငါ့နှလုံးသားကို
တစ်စစီကြေမွအောင်ပြောသွားလည်းပဲ
ငါမင်းကို ဆက်ချစ်နေမှာပါချစ်သူ
ထာဝရမပြောင်းလဲတဲ့ ထာဝရချစ်ခြင်းတွေနဲ့
အမြဲတမ်းလက်တွဲဖော်အဖြစ်ဆက်ချစ်နေပါ့မယ်ချစ်သူ။
မင်းပါးစပ်က ဖွင့်ထွက်ကျလာ
သည်စကားတစ်ခွန်းသာ
ငါကြားယောင်နေဆဲပါ
ထာဝရတစ်ယောက်တည်းချစ်သွားပါမယ်ဆိုတဲ့............
စကားလေးတစ်ခွန်းတည်းနဲ့
ငါက ထာဝရပျော်ရွှင်နေရတဲ့သူပါချစ်သူ
တစ်နေ့တော့ မင်းနားလည်မှာပါ။
ငါအချစ်က
တောင်လေပွေလို လေယူရာမယိမ်းနိုင်သိလို
သူသူငါငါပြောင်းချစ်ဖို့လည်းမဖြစ်နိုင်ပါ
အချစ်ဆိုတာ ရင်မှာပေါက်ဖွား
ခံစားချက်တို့နဲ့အတူ
နှလုံးသားက ဆင်းသက်လာတဲ့
အနှုးညံ့ဆုံးသော
ရင်တွင်း အစိတ်အပိုင်းလေးပါ
ချစ်သူ။

3 comments:

ဇွန်မ said...

"ရင်တွင်း" ကဗျာလေး ခံစားချက် အပြည့်အဝပဲနော်

Anonymous said...

သိပ်ခံစားနေရလား ကိုတိုး.. ။

Unknown said...

ရင်ဘတ်ထဲအပြည့်ခံစားသွားတယ်။