အဖေနဲ့အမေ

ကျွန်တော်ဆိုတဲ့ကောင်က
ဝမ်းတစ်ထွာအတွက်
နိုင်ငံခြားထွက်ခဲ့တာပါအဖေနဲ့အမေ
မိသားစုနဲ့ဝေးရာ
အကြင်နာတွေနဲ့ဝေးရာမှာ
ရှာဖွေခြင်းဆိုတဲ့ဒုက္ခတွေနဲ့
ချွေးသုတ်ဖို့အချိန်လုရင်း
ဟောဒီလောကကြီးထဲမှာ
အမေချစ်တဲ့ကျွန်တော်ဟာ
အမိ အဖနဲ့အဝေးဆုံးနေရာကိုရောက်နေတယ် အဖေနဲကအမေ
အဖေနဲ့အမေတို့ပြောသလို အမေ့အနားမှာ
ဘိုးဘွားပိုင်လယ်ယာနဲ့
ပဲစိုက်၊ ပြောင်းစိုက်၊ ပျိုးထောင် ပျိုးနှုတ်
အလုပ်မှန်သမျှ ကျွန်တော်လုပ်နိုင်ပေမယ့်
ရာသီဥတုကိုတော့ မယုံတော့ဘူးအမေ
နှမ်းခင်းဆိုလည်း နှစ်တိုင်းလိုလို
ပိုးကနှိပ်စက်၊ ပဲခင်းဆိုလည်း ပိုးကဖျက်နဲ့
လယ်ခင်းဆိုတော့ ကြွက်ကကိုက်နဲ့
လုပ်စားမရတဲ့နှစ်တွေ များခဲ့ရပြီ မဟုတ်လား အဖေနဲ့အမေ
ဒါပေမဲ့ အဖေနဲ့အမေရယ်
နယ်မြေချစ်တဲ့စိတ်ကတော့
တစ်စက်လေးမှ လျှော့မသွားပါဘူး။
အခုချိန်မှာတော့ အမေ့သား ကျွန်တော်က
မျှော်လင့်ချက် တိမ်တိုက်ကို မသိုက်လုပ်ပြီး
ဝေးဝေးမြင်ဖို့ မြင့်မြင့်ပျံ
လေဆန်ကို အန်ခဲလို့
ဘဝထဲကို ပျံသန်းနေတာပါ အဖေနဲ့အမေ
တစ်နေ့နေ့တစ်ချိန်ချိန်မှာ
ကျွန်တော်ဟာ ဘာဖြစ်မလဲမသိပေမဲ့
တရားချစ်တဲ့ အမေနဲ့အမေ၊ သားကိုချစ်တဲ့ အဖေနဲ့အမေကို
သားလုပ်အားနဲ့
လက်တွေ့ကျေးဇူးဆပ်ဖူးချင်တယ် အဖေနဲ့အမေရယ်။
သူငယ်ချင်းတစ်ယောက်မေးလ်ကနေပို့လို့ရတဲ့ကဗျာလေးကနေပြီးတော့ကဗျာလေးကို ကြိုက်လို့ကောက်တင်လိုက်တာပါ။ ရေးသားသူကဘယ်သူလည်းဆိုတာမဖော်ပြထားတော့ ကျွန်တော်လည်းမသိလို့ရေးသားသူအမည်ကိုရေးမပေးတော့ပါဘူး။ ဘလော့ဂါညီအကိုမောင်နှစ်မများအားလုံးပျော်ရွှင်ချမ်းမြေ့နိုင်ကျပါစေခင်ဗျာ။ ကိုတိုးလေးအင်တာနက်နဲ့ဝေးနေပြီးကျောင်းစာတွေနဲ့အလုပ်တွေများနေလို့ ဘလော့ဂါကိုမသုံးဖြစ်လို့ ဒီကဗျာလေးနဲ့ပဲစပြီးတော့ပဲကိုတိုးလေးအလည်တစ်ခေါက်ပြန်ရောက်လာပါတော့တယ်။ အားလုံးပဲ အဆင်ပြေပျော်ရွှင်ခြင်းများစွာကိုပိုင်ဆိုင်နိုင်ကျပါစေခင်ဗျာ။

3 comments:

Dream said...

နွေးထွေးစွာ ပြန်လည်ကြိုဆိုပါတယ်။
အသစ်အသစ်တွေလဲ မျှော်နေမယ်။
ကဗျာကောင်းလေးနဲ့ တင်ပေးထားတာ ဖတ်ရသူအဖို့ မိဘကို လွမ်းသွားတယ်

Dream said...

နွေးထွေးစွာ ပြန်လည်ကြိုဆိုပါတယ်။
အသစ်အသစ်တွေလဲ မျှော်နေမယ်။
ကဗျာကောင်းလေးနဲ့ တင်ပေးထားတာ ဖတ်ရသူအဖို့ မိဘကို လွမ်းသွားတယ်

ကဗျာမလေး said...

အဖေ အမေကိုချစ်တဲ့ မောင်လေး အောင်မြင်မှုများရရှိပါစေ ... ပျော်ရွှင်ပါစေ မောင်လေးရေ :)