အခုရောက်နေတဲ့နေရာလေးပါ

ကျွန်တော်တို့ အခုရောက်နေတဲ့နေရာလေးအကြောင်းကို တင်ပေးလိုက်တာပါ အားလုံးကိုမျှဝေပေးလိုက်တဲ့သဘောပါပဲ။ အခုကျွန်တော်ရောက်နေတဲ့မြို့လေးကတော့ SURIN ဆိုတဲ့မြို့လေးပါပဲ။ အဲ့မြို့လေးမှာ........... International Folklore Festival ဆိုတဲ့ပွဲလေးမှာပေါ့နော်။ နိုင်ငံ ၁၃ နိုင်ငံကလာကျတယ်.........အဲ့ ၁၃ နိုင်ငံတွေကတော့ 1. Myanmar 2. Thailand 3. Laos 4. Vietnam 5. Cambodia 6. Philipine 7. Indonesia 8. Korea 9. China 10. Italy 11. India 12. Srilanka 13. USA အားလုံးပေါင်း ၁၃ နိုင်ငံက လာရောက်ကျပါတယ်......... အခုလောလောဆယ်တော့ မအားသေးလို့နောက်မှာပဲ ဘလော့တွေကိုလိုက်လည်တော့မယ်နော်။ အခုကတော့ အဲ့အတွက်အလုပ်ရှုပ်နေလို့ပါ။ လာလည်ပေးကျတဲ့ ဘလော့မှာ ညီအကိုမောင်နှစ်မများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ အားလုံးပဲအဆင်ပြေပျော်ရွှင်ပါစေဗျာ 15/1/09

ဟန်ဆောင်ကောင်းကင်

ထွန်းလင်းနေတဲ့ လမင်းကို တကယ်ကောချစ်ရဲ့လား ဟန်ဆောင်ခြင်းဆိုရင် လမင်းကရော လင်းလက်ဦးမှာလား ဖုံးကွယ်ထားလိုက်ပါ ကောင်းကင် မင်းရင်ထဲမှာလည်း ငါ့ချစ်ခြင်းတွေ လင်းလက်နိုင်ပါ့မလား ဟန်ဆောင်ခြင်းတွေနဲ့ နှစ်သိမ့်ပေးနေတယ်ဆိုရင်လည်း မင်းရဲ့ဥပက္ခာပြုမှုတွေကိုပဲ ကျေနပ်စွာခံယူလိုက်ပါ့မယ် အဲဒါ ကမ္ဘာပျက်မှာထက် မင်းရဲ အမုန်းတွေကို ငါပိုကြောက်နေလို့ ချစ်သူ....။ 14/1/09

လေးညှို့ရှင်

တဒင်္ဂလေးအတွင်းမှာ ဆုံဆည်းခဲ့ပေမယ့် လျှပ်စီးထက်မြန်တဲ့ချစ်ခြင်းမျိုးနဲ့ အချစ်စစ်တစ်ခု တည်ဆောက်ဖို့ငါကြိုးစားခဲ့တာ အမုန်းရဲ့ဓါးသွားနဲ့တော့ ငါ့နှလုံးသားရဲ့ နံရံတွေပေါ်မှာ ဒဏ်ရာတွေကို ရေးခြစ်မနေပါနဲ့တော့ မင်းရဲချစ်ခြင်းတွေကိုပဲ ဆာလောင်မွတ်သိပ်စွာတောင့်တနေတဲ့ ငါ့နှလုံးတစ်စုံလုံးကိုပဲ ၀ါးမြိုသွားလိုက်ပါ ခံစားချက်တွေကြေမွနေတဲ့ အိပ်ပျက်ညရဲ့ မျက်ရည်မြစ်ထဲမှာ ငါ့မျှော်လင့်ခြင်းတွေ ကျဆုံးသွားခဲ့တာ အောင်နိုင်သူတစ်ယောက်ရဲ့လေးညှို့နဲ့ ရင်ခွင်တစ်ခုလုံးတုန်ဟီးသွားအောင် ပစ်ခွင်းမဲ့မြှားချက်တွေက သေဆုံးပြီးသား နှလုံးသားတစ်ခုလုံးကို နှစ်ခါပြန်သေစေဆိုတဲ့အမိန့် ပြန်ဆုံခွင့်မရှိတော့တဲ့ ကမ္ဘာတစ်ခုဆီကို ပစ်လွှတ်ခဲ့တာလား လေးညှို့ရှင်ရယ်... 11/1/2009

အမေများနေ့အမှတ်တရဖြင့်

အမေဆိုတာလေ ကျွန်တော်တို့ရဲ့အမေတွေဟာ ရှေ့ဆောင်လမ်းပြတွေပါပဲ။ အမေအကြောင်းကိုရေးဖွဲ့မယ်ဆိုရင်တောင်မှာ ကုန်နိုင်ဖွယ်မရှိလောက်ပါဘူး။ အမေရဲ့အကျင်နာတွေကို တတ်သလောက်လေးရေးဖွဲ့ထားပါတယ်။ မိခင်မေတ္တာဆိုတာ မြင့်မိုရ် တောင်နဲ့တောင်နှိုင်းယှဉ်ကြည့်ရင် မြင့်မိုရ်တောင်ကသာ သေးနေပါလိမ့်မယ်။ မိခင်မေတ္တာက မြင့်မိုရ်တောင်ထက်တောင်ကြီးမားပါသေးတယ်။ ဘယ်လိုနည်းနဲ့ပဲဆပ်ဆပ် မိဘမေတ္တာဆိုတာ ဆပ်မကုန်နိုင်အောင်များပြားလှပါတယ်။ အမေများနေ့မှာအမေအားလုံးကိုသတိရစွာဖြင့်.......... ရေးသားလိုက်ပါတယ်။ ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ် နို့ချိုအေးအေး၊ ယုယတိုက်ကျွေး မေ့မေ့ရင်ထဲ အိပ်ပါလူလေး၊မေ့ရင်သွေး မှေးစက်ပျော်ပျော်၊ အိပ်ပါသော်မှာ မေ့မေ့စိတ်မှာပျော် သားလှမျက်နှာ တစိမ့်စိမ့်ကြည့်ကာ ပိတီတွေဖြာ မေ့မေ့မေတ္တာ သီတာရေစင်ပမာ အေးမြပါသည် ချစ်မေမေ။ 10/1/2009

သူငယ်ချင်းတစ်ယောက်ပို့ပေးထားတာပါ

ခင်မင်မှုနဲ့  ချစ်ခြင်းကို ခဏ ခဏ ချော်လဲ ရောထိုင်လုပ်တယ်။ ဂဃနဏ မသိပဲနဲ့  ဂျောင်ထဲ သွားပြီး ဂျင်ပေါက်တယ်။ ငါးပွက်ရာ ငါကိုယ်တိုင် ငါးစာချ ခံ ရလို့  ငိုကြွေးရတယ်။ စာမေးပွဲခန်းထဲ စိမ်ပြေနပြေ စာခိုးချတယ်။ ဆုံးမတာကို နားမထောင် ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးတယ်။ ဇိမ်ခံချင်လို့  ဇီးပင်အောက်မှာ ဇယ်တောက်တယ်။ ဈေးသည်တစ်ယောက်ရဲ့  ဈာပန ကို ဈေးဝယ်မိလို့  လိုက်ပို့ ရတယ်။ ညအခါ ညောင်းလွန်းလို့  ညောင်ပင်အောက်မှာသွားထိုင်တယ်။ တနင်္ဂနွေ နေ့ မှာ တိမ်တောက်တာကိုကြည့်ပြီး တောင်တောင်အီအီ စဉ်းစားတယ်။ ထင်ပေါ်ချင်လို့  ထမင်းစားခါနီး ထိုင် ထ လုပ်တယ်။ ဒုက္ခနဲ့ စာရင်းရှင်းဖို့  ဒီတစ်နေ့ လုံး ဒါးသွေးတယ်။ ဓနိမိုး ထရံကာအိမ်ထဲ ဓနိရည်သောက်ပြီး ဓမ္မဒိဋ္ဌာန် ဖြေတယ်။ နေ့ ခင်းကြောင်တောင် နံဘေးကကောင်ကို နားရင်းအုပ်တယ်။ ပက်လက်လှန်ပြီး ပိတ်ထားသမျှဖွင့်ထုတ် ပေါက်တက်ကရတွေးတယ်။ ဖာတောင်းထဲ ဖားတစ်ကောင်ထည့် ဖင်ခုထိုင်တယ်။ ဗလကြီးအောင် ဗမာ့နည်း ဗမာ့ဟန်နဲ့  ဗာဒံသီးထုစားတယ်။ ဘယ်သူ့ မှမခေါ်ပဲ ဘုရားခန်းထဲ ဘူကြီးပွတ်တယ်။ မျှော်လင့်ချက်များစွာနဲ့  မင်းအကြောင်းကို မနက်အထိတွေးတယ်။ ယောက်ဖရှေ့ မှာ ယင်ကောင်ကို ယောင်းမနဲ့ ရိုက်တယ်။ ရန်ပွဲကို ရဲမလာခင်ထိ ရပ်ကြည့်တယ်။ လသာတဲ့ အချိန် လှံတစ်ချောင်းကို လှမ်းတွေ့ တယ်။ ၀က်တစ်ကောင်ကို ၀ လာမလားလို့  ၀မ်းနှုတ်ဆေးတိုက်တယ်။ သူတစ်ပါးအကြောင်း သိပ်မသိဘဲ သောက်တင်းပြောတယ်။ ဟောင်းနွမ်းနေတဲ့ ဟာသတစ်ပုဒ်ကို ဟင်းချက်စားတယ်။ အဆုံးထိဖတ်တဲ့  အသင့်အား အားနာမိတယ်။ သူငယ်ချင်းတစ်ယောက်ပို့ပေးထားတာပါအားလုံးကိုဖတ်စေချင်လို့မျှဝေပေးလိုက်ပါတယ်။ အားလုံးပဲ အဆင်ပြေပျော်ရွှင်ကျပါစေခင်ဗျာ။ 9/1/09

အချစ်...............

ရင်ခုန်ခြင်းကို ရည်းစားထားမိတဲ့ငါ ချစ်ခြင်းကိုဘာသာမပြန်တတ်တဲ့ငါ အထင်နဲ့အမြင်ပေါင်း ခံစားချက်မရှိ လှတယ်ဆိုတိုင်း ချစ်လိုက်မိတဲ့ငါ ရင်ဘတ်တွေကွဲအက် နှလုံသားတွေစုတ်ပြတ်ပေမဲ့ မင်းရှေ့မှာ ကျဆုံးမိတဲ့ငါ့နှလုံးသား သနားခြင်းဖြင့် တစ်ချက်လောက် လှည့်ကြည့်ပေးပါလားနော် နင်းချင်တယ်ဆိုရင်နင်းသွားပါ နမ်းချင်တယ်ဆိုရင်နမ်းသွားပါ ထားချင်တယ်ဆိုရင်ထားသွားပါ နှလုံးသွေးတွေမြေမြှုပ်ပေးမယ့် ကိုမြေကြီးကိုတော့ အားနာမိပါရဲ့ ဘဝကိုစတေး အသက်ကိုပေးပြီးတော့ချစ်ခြင်းကိုရှာဖွေ သေတဲ့နေ့တော့တွေ့မှာပါတဲ့ ချစ်ခြင်းရဲ့ခြေရင်း ငါဝတ်ဆင်းလို့ ရုန်းထွက်ရန်ခက် ငါ့အတွက်တော့ ရင်ခုန်းခြင်းတွေ ရပ်တန့်ပါစေတော့။ ငါရေးတဲ့ကဗျာ မြားတစ်စင်းဖြစ်ရင် ချစ်ခြင်းတွေကိုပြစ်ခွင်းပြီး လွတ်မြောက်သွားချင်တယ်။ အနက်ရှိုင်းဆုံးညရဲ့ သန်းခေါင်ယံအချိန်မှာ ချစ်ခြင်းကိုအလေးမထား ငါ့ကိုအသေသတ်သွားတဲ့မင်းကို နောက်ဘဝများထိအောင် ခွင့်လွတ်နေအုံးမှာပါ။

ဖန်တီးထားသောအလွမ်း

လွမ်းရက်တွေကို ဖန်ဆင်းခဲ့သူရေ အတိတ်တွေဟာ ငါ့အတွက်တော့ မနေ့ကလိုပါပဲ အတူပျော်ခဲ့တဲ့ ဆောင်းနံနက်ခင်းတွေနဲ့အတူ မင်းကိုငါလွမ်းလို့ပေါ့ မင်းရဲ့ခြေလှမ်းတိုင်းက ဝေးကွာခြင်းရဲ့အစတဲ့လား နှလုံးသားတွေ နာကျင်နေပေမဲ့ နေရောင်ကြောင့်နှင်းထုတွေ ကွယ်ပျောက်သွားပေမဲ့ ငါ့ရင်ထဲက မင်းကိုတော့ ဘယ်အရာကမှာ ပျောက်ကွယ်သွားအောင် လုပ်နိုင်လိမ့်မယ်လို့မထင်ဘူး ချစ်သူ။

လွမ်းချင်း

ရင်ဝယ်လွမ်းချင်း သီဆိုကြွေးရင်း အလွမ်းသံစဉ် ကြေကွဲရင်မှာ ကာရန်မလှ နေညိုညိုည ....။ ရွက်ကြွေတောလမ်း ခရီးကြမ်းမှာ အဖော်မရှိ တစ်ကိုယ်တည်းထီး ငါ့ကိုညာသွား သင်ချစ်သူအား အပြစ်မဆို နှစ်လိုစွာဖြင့် ချစ်ခင်ဆဲပါ...။ နင်ဖန်ဆင်းခဲ့ အဆိပ်တွေနဲ့ ကြွေကွဲငါ့ရင် ပူလောင်လွန်းလည်း ယုယပိုက်ထွေး အလွမ်းမြေမှာ ငါ့အသက်သေဆုံး ဒီဘ၀လုံးကို သိမ်းကြုံးယူသွားပါ့မယ်အရှင်...။

"မနှစ်ရဲ့ နောက်ဆုံးညက ကျနော် ဘာတွေလုပ်”

မနှစ်ကနောက်ဆုံးညမှာ ဘာတွေလုပ်ကြသလည်းဆိုရင်တော့ ဆိုတာကို တစ်နိုင်ငံတည်းနေတဲ့ သူငယ်ချင်း မောင်မျိုး ကတဂ်ထားတဲ့အတွက်လေ နှစ်သစ်မှာအကြွေးစပြီးတင်နေမှာဆိုးလို့အခုလေးတင်ပဲရေးလိုက်တာပါနော်။ စဉ်းစားကြည့်ရင်လေ ပူပူနွေးနွေးလေး တဂ်ထားတော့လည်း ရေးလိုက်ပါတယ်နော်။ နှစ်ဟောင်းလည်းကုန်ပြီလေ နှစ်သစ်ရောက်လာပြီလေ။ နှစ်သစ်ရောက်လာတော့လည်း မနှစ်က ဘာတွေလုပ်ခဲ့သိလည်းဆိုရင် ဘာမှာကိုကောင်းကောင်းမွန်မွန်တစ်ခုမှာမလုပ်ခဲ့ဘူးနော်။သေချာတာတစ်ခုကတော့ အသက်တစ်နှစ်ကြီးသွားပြီနော်။ ဘာမှာမသေချာတဲ့လမ်းကိုလျောက်နေတာလေ ဘဝအတွက်သေချာတဲ့အာမခံချက်တွေမရှိပဲနဲ့နှစ်တစ်နှစ်ကတော့ကုန်ဆုံးသွားပြန်ပြီပေါ့နော်။ နှစ်တစ်နှစ်ကုန်ဆုံးသွားတော့တယ်။



ကဲပြောနေရတာလေကြောရှည်တယ်နော်။ မနှစ်က နောင်ဆုံးညမှာ ဘာတွေလုပ်ခဲ့လည်းဆိုရင်။ အစောဆုံးပေါ့နော် အင်တာနက်သုံးတယ် ကျွန်တော်တို့ဆီက ၁၀ နာရီလောက်ဆိုရင် အစ်မဝါဝါခိုင်မင်း ဘလော့မှာ ဆလိုက်ရှိုးလေးနဲ့ ဘလောဂါ ကိုကို ၊မမတွေရဲ့ပုံလေးတွေကြည့်မယ်ဆိုပြီးတော့ စောင့်နေလိုက်တာပါပဲဗျာ။ ကဲစလိုက်ရှိုးစတော့ မင်းသမီးချောချောလေးတွေက ထိပ်ဆုံးက ထွက်လာပါတယ်။ နောက်မှာပဲ မင်းသားချောလေးတွေ ရောပဲနော်။ အစ်မဝါရဲ့ အစီအစဉ် အရမ်းကိုကောင်းပါတယ် ဘလောဂါသူတွေအများကြီးကိုမြင်လိုက်ရလို့လေ အားလုံးပဲအလှကိုယ်စီနဲ့ပေါ့ရော။ ကျွန်တော်တစ်ယောက်ကလွဲလို့အားလုံးပဲ လှကျ ချောကျပါတယ်နော်။ အဲ့မှာလေ မောင်မျိုးကပြောတယ်သိလား ဘလောဂါ king မပေးလို့ရှင်ရင် သားသားကငိုမယ်တဲ့ဆိုလို့လေ။ သူ့ကိုသွားပြီးအမှတ်ပေးရသေးတယ်ဗျ။ ဟီးးးးးးးးးးး။ အစ်မဝါရဲ့ အစီစဉ်လေးပြီးသွားပြန်တော့ ညခင်းနဲ့လမင်း ရဲ့အစီအစဉ်းလေးကိုလည်းရောက်ရော  ဘလောဂါမမတွေက အရမ်းကိုလှလို့ ဘလောဂါကိုကိုတွေကျတော့ ရုပ်တွေကဆိုးလိုက်တာနော် အဲ့ထဲမှာ ကျွန်တော်အဆိုးဆုံးပဲ။ဟီးးးးးးးးး ဟီးး စတာနော်။ ပျော်ရွှင်စရာလေးတွေလုပ်ပေးတဲ့အတွက်ကျေးဇူးပါပဲနော်။ ကျွန်တော့်ဆီက ၁၂ ထိုးတဲ့အချိန်မှာတော့ ပိုစ့်တစ်ပိုဒ်တင်တယ်ပြီးတော့။ မောင်မျိုးနဲ့ဖုန်းပြောတယ် သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး Happy New Year အကြောင်းလေးပြောတယ်ပြီးတော့ ဒီမှာအဆောင်ရဲ့လေးထပ်ပေါ်တက်ပြီးတော့ မီးပန်းတွေလွတ်တာကိုကြည့်လိုက်တယ်လေ။ တော်သေးတာပေါ့ အိပ်ချင်မူးတူးနဲ့ပြုတ်မကျလို့ကံကောင်းရဲ့။ အဲ့နောက်ပြီးတော့ ဘလော့မှာ Happy New Year ဆိုပြီးလိုက်ရေး သူငယ်ချင်းတွေဆီကိုမေးလ်ပို့နဲ့ပဲ ပြီးတော့အိပ်လိုက်တော့တာပါပဲ။
အမရွှေပြည်သူက နှစ်သစ်အတွက်ကဗျာလေးတစ်ပိုဒ်စပ်ပေးလိုက်တယ်။ အခုတင်လိုက်မယ်နော် ကျေးဇူးပါပဲအစ်မရေ။

နှစ်သစ်
အကောင်းတွေပဲ
ကြိုနေမယ်လို့ ယုံတယ်
အဟောင်းတွေထဲက
လိုတာတွေပဲ သယ်လာတော့မယ်


နှစ်သစ်ရယ်...
အကောင်းဆုံးတွေကိုသာ
ချပ်ဝပ်တန်ဆာလို ပြင်ဆင်ရင်း
လက်ကမ်းလိုက်တဲ့အခါ
ကိုယ့်ကို
ကံကောင်းခြင်းတွေနဲ့သာ
ကြိုလှည့်ပါတော့ကွယ်....


ရွှေပြည်သူ
(၇း၀၀ နာရီ ~ ၁.၁.၂၀၀၉)

နှစ်သစ်မှာ Blogger ညီအကိုမောင်နှစ်မများအားလုံး ပျော်ရွှုင်ကျပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ။ ကျွန်တော်က ဆက်ပြီးတော့တဂ်ချင်တာကတော့


ညခင်းနဲ့လမင်း
ကိုဝင်းဇော်
အစ်မDream
အစ်မသက်တန့်
ဝှိုက်
ညီနေမင်း


အချိန်ရရင်ရေးပေးစေချင်ပါတယ်နော်။ တဂ်ထားတာလေးကိုနော်။ ပျော်ရွှင်အဆင်ပြေကျပါစေဗျာ။

Happy New Year 2009

မကြာတော့မဲ့အချိန်လေးမှာပဲ နှစ်ဟောင်းကိုစွန့်ပြီး နှစ်သစ်ကိုရောက်တော့မှာဖြစ်ပါတယ်။ အခုလိုနှစ်သစ်မှာ အားလုံးပဲပျော်ရွှင်ကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ နေရစ်ခဲ့တော့ 2008 ရေ။ Happy New Year 2009 မှာအလားလုံးပဲပျော်ရွှင်ကျပါစေဗျာ။ happy new year 2009