
အမေဆိုတာလေ ကျွန်တော်တို့ရဲ့အမေတွေဟာ ရှေ့ဆောင်လမ်းပြတွေပါပဲ။ အမေအကြောင်းကိုရေးဖွဲ့မယ်ဆိုရင်တောင်မှာ ကုန်နိုင်ဖွယ်မရှိလောက်ပါဘူး။ အမေရဲ့အကျင်နာတွေကို တတ်သလောက်လေးရေးဖွဲ့ထားပါတယ်။ မိခင်မေတ္တာဆိုတာ မြင့်မိုရ် တောင်နဲ့တောင်နှိုင်းယှဉ်ကြည့်ရင် မြင့်မိုရ်တောင်ကသာ သေးနေပါလိမ့်မယ်။ မိခင်မေတ္တာက မြင့်မိုရ်တောင်ထက်တောင်ကြီးမားပါသေးတယ်။ ဘယ်လိုနည်းနဲ့ပဲဆပ်ဆပ် မိဘမေတ္တာဆိုတာ ဆပ်မကုန်နိုင်အောင်များပြားလှပါတယ်။
အမေများနေ့မှာအမေအားလုံးကိုသတိရစွာဖြင့်.......... ရေးသားလိုက်ပါတယ်။
ဖဝါးလက်နှစ်လုံး
ပုခုံးလက်နှစ်သစ်
နို့ချိုအေးအေး၊ ယုယတိုက်ကျွေး
မေ့မေ့ရင်ထဲ
အိပ်ပါလူလေး၊မေ့ရင်သွေး
မှေးစက်ပျော်ပျော်၊ အိပ်ပါသော်မှာ
မေ့မေ့စိတ်မှာပျော်
သားလှမျက်နှာ
တစိမ့်စိမ့်ကြည့်ကာ
ပိတီတွေဖြာ
မေ့မေ့မေတ္တာ
သီတာရေစင်ပမာ
အေးမြပါသည်
ချစ်မေမေ။
10/1/2009
11 comments:
အမေ ကို ချစ် တဲ့ သား မို့...
ပိုပြီးချစ်ခင်မိပါတယ်..
အမေများနေ့ပို့စ်ကိုဖတ်ပြီး သတိတရတင်ပေးတဲ့ ကိုတိုးလေးကိုကျေးဇူးပါ.
အမေ့မေတ္တာကို ဖော်ကျူးတဲ့ သား
အမေ့ကျေးဇူးကို သိတတ်တဲ့ သား
အမေချစ်တဲ့ သားလိမ္မာလေး ရောက်လေရာ အရပ်မှာ ဘေးမသီ ရန်မခပါဘဲ၊ ဘုန်းကြီးလို့ အသက်ရှည်ပါစေဗျာ .. ..
http://winzaw-mdy.blogspot.com
အမျေားနေ့အမှတ်တရလေးကို လာဖတ်သွားပါတယ်
အမေ့ကိုသတိတရရေးပေးတဲ့ သားမို့ ကျန်းမာချမ်းသာမှာပါ
တော်တော်များများ အမေများနေ့ ကိုရေးကြတယ်
ရေးသားသမျှအမေပို့ စ်အကုန်လုံးကိုကြိုက်တယ်
ပျော်ရွှင်ပါစေရှင်
မေမေချစ်တဲ့သားကြီး
း)
အစ်မညခင်းလာဖတ်ပါသည်။
အမေချစ်သားလေးပဲ
ဒီထက်တိုးတက်ဦးမှာပါ။
အမေနဲ့ပတ်သက်တာလေးတွေ ဖတ်ရတာ
ကြည်နူးစရာလေးပါ ..။
အမေကို ပိုလို့ သတိရသွားတယ်..။
အမေကိုသတိရမိပါတယ်... အမေချစ်တဲ့သူတွေအားလုံး ကော မိခင်အပေါင်းရော စိတ်ချမ်းသာ အောင်မြင်ကြပါစေ
ပို့စ်လေးက တိုတိုလေူနဲ့ ဖတ်လို့အရမ်းကောင်းပါတယ်
မောင်လေးရေ..
အမေချစ်တဲ့ သားတစ်ယောက် ကျန်းမာပျော်ရွှင်နိုင်ပါစေကွယ်။
အစ်မ၀ါ
အမေချစ်တဲ့သားရဲ့ အမေများနေ့ post လေးကိုအမေချစ်တဲ့သမီး ဖတ်သွားတယ်နော်၊
nice post
အမေအကြောင်းတွေ ကြီးပါပဲလား..
ဖတ်လို့ကောင်းတယ် အစ်ကိုရေ..
Post a Comment