စကားတစ်ဆစ်၊ မပြောဖြစ်တာ
သုံးနှစ်တောင်ပြည့်ပါတော့မည်ခင်။
ရင်မှာမော၍
ပြောလည်းပြောချင် ၊ပြောဟန်ပြင်လည်း
ခင် သိခဲ့သော် ကိုယ့်အပေါ်မယ်
အတော်တဆ ၊မုန်းမာန်ရှပြီး
ဒေါသဖြစ်ကာ ၊ စိမ်းသွားမှာကို
ကိုယ်မှာစိုးရွံ့၊ မပြောဝံ့၍
နှုတ်ဆွံ့နေမိပါသည် ခင်။
သြော်....... သတ္တိနည်း၍
ရင်ထဲမှာပဲ၊ ချစ်နေရဲသူ
ကိုယ်လိုလူကို ၊ ချစ်သူခင်သော
မငဲ့ညှာလျှင်
ရင်မှာနာရမည် သေချာသည်။
10 comments:
ဟား... ရေလည်ခိုက်သွားပြီ။ ရိုးရာဆန်ဆန် လေးနဲ့ စကားလုံးတွေ ဆန်းသစ်တယ် မိုက်တယ် တကယ်ကောင်းတာ...။
ကိုတိုးလေးရေ အချိန်တွေမဆွဲနဲ့နော် သတ္တိမနည်းပါနဲ့ (မြှောက်ပေးခဲ့ပြီ)
မောင်လေးရေ... အခုမှ အသစ်လေးတွေဖတ်ရတော့ တယ်နော်။
ခင် ဆိုတာ မရောင်နာမည်ပါတယ်နော်။ ဟင်းး
ချစ်သောသူနှင့် ပျော်ရွှင်နိုင်ပါစေရှင်
ကဗျာလေးက ရိုးရိုးလေးနဲ့ အရမ်းကောင်းပါတယ်.
အချိန်အရမ်းမဆွဲပါနဲ့ မောင်လေးကိုတိုးရေ... ကိုတိုးလေးက ချစ်လာတာ ၃နှစ်... ညီမလေးက ရိပ်မိ
နေတယ်ဆိုရင်..ပြီးတော့ လက်ရှိ ညီမလေးမှာ ရည်းစား
မရှိသေးရင် အမြန်ဆုံးဖွင့်ပြောလိုက်ဖို့ အားပေးသွားပါ
တယ် ကိုတိုးလေးရေ..
ခင်မင်စွာနဲ့
အမ၀ါ
မမဝါပြောသလိုပဲ... :)
ဖွင့်ပြောပေါ့ ဘာဖြစ်လဲ..... ဟီးး ဂျောက်တွန်းတာမဟုတ်ပါဘူး.. မြှောက်ပေးတာ.. :P
ရင်မှာတိုးဝှေ့ လွမ်းငွေ့ဝေေ၀
ချစ်သူသိစေ ခင်သိစေ
အဟိးးး မသိတော့ဘူး... မစပ်တပ်တော့ဘူး...
ကဗျာလေး ကောင်းတယ် ဦးဦးရေ
ကိုတိုးလေးရေ
အချိုးကဗျာလေးကကောင်းလိုက်တာ
ခင် နဲ့ ဆုံတွေ့နိုင်ပါစေ
ခင်မင်လျက်
သုံးနှစ်တောင်ရှိပြီလား ..... ဒူများပါလိမ့် ... ဘယ်သူပဲဖြစ်ဖြစ်ပါ ... စိတ်ချမ်းသာဖို့အဓိကနော်။
၃ နှစ်ကြီးတောင်လား အဲ့လောက်တောင်ကြာရလား သူများလက်ထဲပါသွားဦးမယ် မြန်မြန်သာပြောလိုက်တော့ဗျို့
အမြန်ဆုံးပဲ ဖွင့်ပြောနိုင်ပါစေဗျာ။ ဒို့နောင်တော်ကိုလဲ ဆုတောင်းပေးနေပါ၏
ခင်လျှက်
Post a Comment