မင်းသာမရှိခဲ့ရင်
ပျော်ရွှင်မှုဆိုတာလည်း
အလကားပါပဲ။
မျှော်လင့်ချက်နဲ့
အသက်ရှင်ဖို့ဆိုတာလည်း
ဖြစ်နိုင်ခြေနည်းပါပြီ။
မင်းနဲ့အတူတွဲပြီး
ဘဝတိုက်ပွဲဝင်မယ်ဆိုတဲ့
အတွေးစိတ်ကူးတွေဟာလည်း
လေထဲမှာပဲ လွင့်ပျောက်သွားမှာပေါ့။
ငါ့ဘဝမှာ
မင်းသာမရှိခဲ့ရင်
အဓိပ္ပါယ်လည်း မဲ့သွားလိမ့်မယ်။
ဒါကြောင့်
ငါ့ဘဝမှာ
မင်းရှိမှာဖြစ်မယ်။
မင်းကို
ငါလိုအပ်တယ်။
10 comments:
တော်တော်ချစ်တယ်နဲ့ တူတယ်နော်။
စာသားလေးတွေက လန်းနေတာဘဲ။
ကိုတိုးရေ ရောင်လာတယ်နော်။ ကဗျာလေးကို အရမ်းကြိုက်တယ်။ ငါ့ဘ၀မှာ မင်းသာမရှိရင် အဓိပ္ပါယ်မဲ့သွားလိမ့်မယ်တဲ့။ ကောင်းလိုက်တဲ့စာသားလေး။ ရောင် အာပေးနေပါတယ်နော်။
လိုအပ်ချက်တွေပြည့်စုံပါစေ ကိုတိုးလေး
အင်းကောင်းလိုက်တဲ့ ကဗျာလေး ဂွတ်တယ်ဗျို့။ အမှန်အကန်ပဲနော်။ ပျော်ရွှင်ပါစေ။
ညီမလေး ပါးလုံး
ကဗျာလေး ကောင်းတယ် ဗျာ ခံစားချက်တွေတူနေတယ်
အဆင်ပြေပျော်ရွှင်ပါစေဗျာ
ခံစားချက်တွေ တော်တော်ပြင်းတယ်ထင်တယ်
ကဗျာတွေ ကလန်ထွက်နေတယ်...
ပျော်ရွှင်ပါစေ ဦးဦးတိုးလေးရေ
ကိုတိုးလေးရေ
လိုအပ်နေတာလေးအမြန်ရပါစေ
ခင်မင်လျက်
ကိုတိုးလေးရေ ....
တကယ့်ခံစားချက်ကို ကဗျာအသွင်ပြောင်းထားတယ်ဆိုရင် ချစ်သူကို အရမ်းချစ်ပုံပဲနော် ...း)
အစစ အရာရာ အဆင်ပြေပါစေ ....
အဲဒီလောက်ထိလဲ သိပ်မပြောနဲ့ဗျို့ ခွေးလေးအရော ဝင်တော့ ထမင်းဝိုင်းထိ ဝင်လာတယ် ဆိုသလို ဖြစ်နေမယ်ဗျ။
အဟေဟေ သဘောပေါက်လား မသိဘူး
“ငါ့ဘဝမှာ
မင်းသာမရှိခဲ့ရင်
အဓိပ္ပါယ်လည်း မဲ့သွားလိမ့်မယ်။”
မဖြစ်သင့်ဘူးနော် မောင်လေး ... ဘ၀ရဲ့ အဓိပ္ပါယ်ဆိုတာ ဘယ်သူကပုံဖော်ပေးခဲ့တာလည်း ... သေချာပြန်စဉ်းစားဦးနော်။ :)
Post a Comment