ဒါပေမဲ့ ….. ငါ့ရင်ထဲမှာ ထမ်းမထားနိုင်လို့
လုံခြုံရာ တစ်နေရာရာမှာ
ငါသိမ်းထားပါရစေ…. ချစ်သူ။
ကမ္ဘာဦးကျမ်းထဲက…… ဧဒင်ဥယျာဉ်မှာလေ
မိုးကောင်းကင်ကို
ဒူးနဲ့လည်း မတိုက်နိုင်ဘူး
ဓူဝံကြယ်ကိုလည်း
ရူးသွပ်စွာ ခူးဆွတ်မပေးနိုင်ဘူး
ဒါ ပေ မဲ့
မင်းအတွက် လုံခြုံ နွေးထွေးတဲ့
အချစ်အိမ်လေး ဖန်တီး ပေးနိုင်တယ်
5 comments:
ဒီကဗျာတော့ ရေလည်ခိုက်သွားပြီ။ ကျားခြင်းမို့ဗျာ မိန်းကလေးသာဆို ... ကိုတိုး.. ကိုတို့.....ကိုတို.... ကတို..ကတ...လို့ခေါ်ပြီး ဘယ်ခေါ်ခေါ်လိုက်ပြစ်မှာပဲ... ခုတော့....။ အားကိုးခြင်စရာကြီး ဆိုတော့ အားပါသွားတာပါနော်.. အဟီး..။
ဒါပေါ့။
ဒီလောက်လုပ်ပေးနိုင်ရင်ဘဲ ကိုတိုးကောင်မလေးက ပျော်နေမှာပါ။
ဟေ့
ဖိတ်စာမမေ့နဲ့ နော်။ ဒါဘဲ။
ကဗျာလေးထဲက အတိုင်းဖြစ်ပါစေ ရှင် ကိုတိုးလေး
ကဗျာလေး အရမ်းမိုက်တယ်..အရေးသားလေး ကြိုက်သွားပြီ
အဆင်ပြေပျော်ရွှင်ပါစေဗျာ
သေချာလှချည်လား ...
အမှတ်ရမဲ့ကဗျာတစ်ပုဒ်ပဲ ..
Post a Comment