ထာဝရချစ်ခြင်း..................

အစကတည်းကမှ မလှပခဲ့တဲ့ငါ သံစဉ်မဲ့နေတဲ့ ငါ့ဘဝရဲ့
ညအချိန်မှာတော့
မင်းရှိရင် အရာရာပြည့်စုံခဲ့တယ်။
အတွေးတွေနယ်ချဲ့ပြီး
အိပ်မရတဲ့ညတွေများလို့
ကြောင်တောင်တောင်ဖြစ်နေပေမဲ့လည်း
ငါ့အတွေးစိတ်ထဲမှာတော့
မင်းရဲ့ပုံရိပ်တွေကစိုးမိုးဆဲပါ။
ချစ်သူရေ
ငါ့ဘဝမှာ မင်းထာဝရရှိနေဖို့အတွက်
ငါအစစအရာရာလိုက်လျောပြီးတော့
ဆက်ချစ်သွားမှာပါ။

1 comments:

may16 said...

ချစ်သူနဲ့ အမြန်ဆုံး လက်တွဲနိုင်ပါစေ.