သံယောဇဉ် အရှိဆုံးဆိုတာက

အလင်းဖြန့်သူပေမယ့်
ပူလိုက်တာလေ
'နေ'တဲ့။
အေးတော့ အေးပါရဲ့..
ကိုယ်ပိုင်အလင်းနဲ့ မဟုတ်
ဆုတ်တခါ ဆန်းတခါ
သာတလှည့် မသာတလှည့်
မာယာနဲ့ ဟန်ပြ
'လ'တဲ့။
ကမ္ဘာက ကုန်းချော
ပြောရင် မောရုံ
စကြာဝဠာရဲ့ ပတ်လမ်းတွေထဲ
သမုဒယဆွဲအားတွေနဲ့ လွင့်မျော
သံယောဇဉ်အရှိဆုံးဆိုတာက ချစ်သူတွေပါကွယ်။
မောင်စိန်ဝင်း (ပုတီးကုန်း) ........................ရဲ့ကဗျာလေးတစ်ပိုဒ်ဖြစ်ပါတယ်။ ကြိုက်လို့တင်လိုက်တာပါ။

2 comments:

ကြယ်ပြာ said...

အစ်မလဲ သဘောကျတယ် ဒီကဗျာလေးကို ... ကျေးဇူးပဲ ဖတ်ခွင့်ရလို့

may16 said...

ကဗျာလေးလာဖတ်ပါတယ် ကိုတိုးလေး