မြန်မာနိုင်ငံရဲ့တိုင်းရင်းသားဝတ်စုံနဲ့ရိုက်ထားတဲ့ပုံလေးတွေပါ

At 5th Surin International Folklore Festival

ဆိုတဲ့ပွဲလေးမှာ အကသွားကတုန်းကရိုက်ထားတဲ့ပုံလေးပါ......... နိုင်ငံတကာ ယဉ်ကျေးမှုအနေနဲ့ကပြရတဲ့ပွဲလေးပါ ကျွန်တော်တို့က ဘာမှမတတ်ပေမဲ့လို့လည်း မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားဝတ်စုံလေးတွေနဲ့တော့ ဝတ်ပြီးတော့ကပြခဲ့ပါသေးတယ်......... အားလုံးကတော့ တော်တော်လေးစိတ်ဝင်စားကျတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားဝတ်စုံနဲ့လှပတယ်ပြီးတော့ ဝတ်စုံတစ်ခုခြင်းစီရဲ့ဝတ်စင်ပုံလေးတွေနဲ့ ဘယ်လိုနေရာမျိုးဘယ်လိုပွဲမျိုးလေးတွေမှာဝတ်ဆင်တယ်ဆိုတာလေးတွေကိုပါ ပြောပြပြီးတော့ပြသခဲ့တဲ့ပွဲလေးမှာ အမှတ်တရအဖြစ်ရိုက်ထားတာလေးတွေကို အားလုံးကို ပြန်လည်ပြီးတော့မျှဝေပေးလိုက်ချင်းဖြစ်ပါတယ်ခင်ဗျာ။ အခုပွဲလေးမှာနိုင်ငံပေါင်း (၁၅ ) နိုင်ငံကလာရောက်ပြီးတော့ကပြကျပါတယ်။အဲ့ကနေပြန်လာတာ ၅ ရက်လောက်ရှိနေပါပြီ ပုံလေးတွေတင်မယ် တင်မယ်နဲ့ မတင်ဖြစ်လို့ အခုမှပဲတင်ဖြစ်တာပါ အားလုံးသောညီအကိုမောင်နှစ်မများအားလုံး ပျော်ရွှင်ခြင်းများစွာကိုပိုင်ဆိုင်နိုင်ပြီးတော့ ကျန်းမာကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Myanmar

Lao

Philippines

China

Cambodia

Vietnam

Thailand

Israel

Italy

Lithuania

Finland

Turkey

Sri Lanka

America

India

3 comments:

ကြယ်ပြာ said...

တိုင်းရင်းသားဝတ်စုံလေးတွေနဲ့ ချစ်ဖို့ကောင်းလိုက်တာ ... ကောင်မလေးတွေချစ်ဖို့ကောင်းတယ် ...း)

Anonymous said...

ဘာအတွက်လုပ်တာလဲဗျ...

နေ့အိပ်မက် said...

ဟုတ်ပါ့... ပွဲအကြောင်းရေးပေးပါဦး