အမှောင်အတိဖုံးလွှမ်းနေတဲ
့လမိုက်ညလေးကို
ဖယောင်းတိုင်မီးလေးနဲ့ အန်တုရင်း
လေနှင်ရာ မျောပါနေတဲ
့အာရုံတွေကို စုစည်းပြီး
ကဗျာတစ်ပုဒ်ဖန်တီးဖို့  စဉ်းစားမိချိန်မှာ
အရင်ဦးဆုံးသတိရမိတာက မင်းကိုပါ...။
နွေ..မိုး..ဆောင်း ရာသီအလီလီပြောင်းပြီး
တစ်နှစ်ဆိုတဲ့  အချိန်တောင်
ကြာညောင်းခဲ့ ပေမယ့်
ဖျောက်ဖျက်လို့ မရတဲ့  မင်းပုံရိပ်တွေနဲ့ 
အနာမကျက်သေးတဲ့ ဒဏ်ချက်တွေကတော့
ခုထိ ပူနွေးနေဆဲပါ....။
သတိရမိတိုင်း..
ကျလာတတ်တဲ့ မျက်ရည်စက်တွေ
ချရေးမိတဲ့  ကဗျာလေးတွေနဲ့ 
လက်ကျန်အလွမ်းလေးတွေကို အဖော်ပြုနေရပေမယ့်
မေ့ပစ်ဖို့ လည်း မစဉ်းစားခဲ့ ပါဘူး..။
တစ်ကယ်တော့
မေ့ပျောက်မသွားအောင်ပဲ
ကြိုးစားခဲ့ တာပါ..........။
2 comments:
ကောင်လေး ကြည့်ရတာ
အလွမ်းဓါတ်ခံ ရှိပုံရတယ် :P
မိုက်တယ် “တိုးကြီး” ရေ.
အစဉ်အားပေးလျှက်
အဆုံးသတ်လေးက အကယ်ထိရှခံစားရစေတယ်။ ကဗျာရေး သိပ်ကောင်းတယ် ကိုတိုးလေးရေ...
Post a Comment