အချစ်ရယ်
စဉ်းစားကြည့်ပါဦးကွယ်။
ဘဝရဲ့ အရုဏ်ဦးမတိုင်မီမှာ
မင်းက..........
ပျော်ရွှင်စရာ အိပ်မက်များရဲ့
ရေတံခွန်အောက်မှာရပ်လို့..........။
မင်းရဲ့သွေးတွေကို
လှိုင်းထန်နေတဲ့ ရေစီးတွေနဲ့
အားဖြည့်လို့ပေါ့။
ဒါမှာမဟုတ်..........
မင်းသွားမဲ့လမ်းကလေးဟာ
စံပယ်၊ နှင်းပန်း၊ သော်ကစတဲ့
ရွှင်မြူးပျော်ရွှင်နေကြတဲ့
ပန်းမျိုးစုံတွေဟာ
မင်းရင်ခွင်ထဲကို အစုအပုံလိုက်ကြွေကျပြီး
မင်းရဲ့နှလုံးသားထဲကို မြူးတူးခုန်ပေါက်
ဝင်ရောက်လာစေတဲ့.......
နတ်တွေရဲ့ ပန်းဥယျာဉ်ကိုများ
ဖြတ်သန်းလာခဲ့လေသလား.............။
မင်းရဲ့ရယ်သံဟာ တေးသီချင်းတစ်ပိုဒ်ပါကွယ်။
သီချင်းရဲ့စာသားတွေကတော့
ဆူညံနေတဲ့ တီးလုံးသံတွေကြားမှာ
နစ်မြုပ်ကွယ်ပျောက်သွားကြလေရဲ့။
မင်းရဲ့ရယ်သံဟာ
မမြင်ရတဲ့ ပန်းကလေးတွေရဲ့
ရနံ့သင်းထုံ ပီတီအဟုန်
ဖြစ်လေခဲ့ပါတယ်။
မင်းရဲ့ရယ်သံဟာ
လရောင်နဲ့တူပါတယ်။
သည်လရောင်ဟာ
လမင်းကြီးက
မင်းနှလုံးသားထဲကို ဝင်ပုန်းနေခိုက်မှာ
မင်းနှုတ်ခမ်းပြတင်းပေါက်ကို
ချိုးဖောက်ထွက်ပေါ်လာခဲ့တာပေါ့။
အကြောင်းပြချက်တွေကိုလည်း
ကိုယ်မတောင်းဆိုတော့ပါဘူး။
ဖြစ်စေပျက်စေတဲ့
အကြောင်းတရားဆိုတာကိုလည်း
ကိုယ် မေ့ပစ်လိုက်ပါပြီ။
မင်းရဲ့ရယ်သံဟာ
ကိုယ့်နှလုံးသားထဲမှာတော့
ဆန့်ကျင်ဆူပူမှုတွေရဲ့
ချောက်ချားဆူညံသံလို့ပဲ
ကိုယ်သိထားလိုက်ပါတယ်။
0 comments:
Post a Comment