ဆန္ဒ

ဘေးအန္တရာယ်အသွယ်သွယ်တို့မှ လွတ်မြောက်ပါစေကြောင်း ဆုမတောင်းလိုပါ ၎င်းတို့ကို ရင်ဆိုင်နိုင်ရန်အတွက်သာ အကြောက်အရွံကင်း စွာနဲ့ရင်ဆိုင်နိုင်အောင်သာ စိတ်ထားကို မွေးမြူထားသင့်သည်။ ဝေဒနာမှ သက်သာရာရစေကြောင်း မတောင်းဆိုချင်ပါ။ ဝေဒနာကို အောင်နိုင်အောင် ခံနိုင်စွမ်းရည် စိတ်နှလုံးကိုသာ ရချင်ပါ၏။ ဖြစ်နိုင်လျှင် ပြဿနာအလုံးကို ရင်ဆိုင်ရဲတဲ့ သတ္တိ၊ ဇွဲ၊ တို့ရှိဖို့လိုအပ်ပါသည်။ မဖြစ်မနေကြုံတွေ့ရမည့် လောကဓံရဲ့ အလည့် အတောင်းကိုရင်နာနာနဲ့ခံနိုင်ရည်ရှိအောင် ကိုယ့်ဘက်က အတတ်နိုင်ဆုံး ခံနိုင်ရည်ရှိအောင်ပြင်ဆင်ထားရမည်။

0 comments: