တဒင်္ဂလေးအတွင်းမှာ
ဆုံဆည်းခဲ့ပေမယ့်
လျှပ်စီးထက်မြန်တဲ့ချစ်ခြင်းမျိုးနဲ့
အချစ်စစ်တစ်ခု
တည်ဆောက်ဖို့ငါကြိုးစားခဲ့တာ
အမုန်းရဲ့ဓါးသွားနဲ့တော့
ငါ့နှလုံးသားရဲ့ နံရံတွေပေါ်မှာ
ဒဏ်ရာတွေကို
ရေးခြစ်မနေပါနဲ့တော့
မင်းရဲချစ်ခြင်းတွေကိုပဲ
ဆာလောင်မွတ်သိပ်စွာတောင့်တနေတဲ့
ငါ့နှလုံးတစ်စုံလုံးကိုပဲ
ဝါးမြိုသွားလိုက်ပါ
ခံစားချက်တွေကြေမွနေတဲ့
အိပ်ပျက်ညရဲ့
မျက်ရည်မြစ်ထဲမှာ
ငါ့မျှော်လင့်ခြင်းတွေ
ကျဆုံးသွားခဲ့တာ
အောင်နိုင်သူတစ်ယောက်ရဲ့လေးညှို့နဲ့
ရင်ခွင်တစ်ခုလုံးတုန်ဟီးသွားအောင်
ပစ်ခွင်းမဲ့မြှားချက်တွေက
သေဆုံးပြီးသား
နှလုံးသားတစ်ခုလုံးကို
နှစ်ခါပြန်သေစေဆိုတဲ့အမိန့်
ပြန်ဆုံခွင့်မရှိတော့တဲ့
ကမ္ဘာတစ်ခုဆီကို
ပစ်လွှတ်ခဲ့တာလား
လေးညှို့ရှင်ရယ်...
11/1/2009
7 comments:
ခံစားချက်ကပြင်းထန်လှချည်လား
း)
စာသားလေးတွေမိုက်တယ်ဗျာ
ဆက်လက်အားပေးနေပါတယ်
စာသားလေးတွေက လှတယ်နော်
လေးနက်တဲ့ ခံစားချက်လေးတွေကိုဖတ်ရှုပြီး
ကဗျာကို အားပေးခံစားသွားပါတယ်
မလောနဲ့လေ မြှားနတ်မယ်ရှိတယ် နှစ်ခါပြန်မသေဘူး စိတ်ချ :P
ပစ်ရက်တဲ့သူရှိရင်တောင် ကိုယ့်နှလုံးသားကိုတော့ ကာကွယ်ဖို့ မမေ့ပါနဲ့မောင်လေးရေ... စိတ်ချမ်းသာပျော်ရွှင်ပါစေ...
ရိုက်ချက်တွေ ပြင်းထန်တယ်ဗျာ စာသားတွေ
လန်းပါ့ဗျာ ကောင်း၏
လေးညှို့ ရှင်ရယ်... မျှားချက်က ပြင်းပါဘိ...
Post a Comment