မိနစ်ကို နာရီပြု
နာရီကို ရက်တွေပြောင်းပါလို့
အချိန်တွေလည်း
ဟောင်းခဲ့တယ်.........
နွေရာသီကို မိုးကျော်ဖြတ်
မိုးရာသီကို ဆောင်းခုန်တက်တာမို့
ဥတုတွေလည်း
ပြောင်းခဲ့တယ်............
လူငယ်မှာ လူလတ်ထင်
လူလတ်မှ ကြီးကောင်ဝင်တာမို့
သက်တမ်းတွေလည်း
ရင့်ခဲ့တယ်..........
သပွတ်အူလို အစရှာ မရပါ
လောကကြီးမှာဖြင့် တိုင်းတပါးမှာ
ပညာကိုကြိုးစားရှာ
သြော်.... အမေ့ဝမ်းထဲက
တိုးထွက်ခဲ့တာ (၂၄) နှစ်တင်းတင်း ပြည့်ခဲ့ပြီ အမေ။






17 comments:
ပျော်ရွှင်စရာ မွေးနေ့မွေးရက်မှသည် နောင်နှစ်ပေါင်း
များစွာတိုင် မိသားစု နဲ့အတူ ထာဝရ ပျော်ရွှင်ပါစေ
မိဘကို ပြုစုလုပ်ကျွေးနိုင်သော သားကောင်းလိမ္မာ
လေးဖြစ်ပါစေ လို့ ဆုမွန်ကောင်း တောင်းပေးပါတယ်...
စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ
မက်မက်
၁ကွ... ဟားဟားဟား...။ အဟီး ခုတလော ဘာအထာလဲတော့ မသိဘူး ၁ယူတာခေတ်စားနေလို့ဗျ။
၁ကွ... ဟားဟားဟား...။ အဟီး ခုတလော ဘာအထာလဲတော့ မသိဘူး ၁ယူတာခေတ်စားနေလို့ဗျ။
၁၄ဆိုတော့ လူပျိုကြီး ဖြစ်နေပြီပေါ့။ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေဗျာ...။
ဟတ်ပီဘတ်ဒေးပါ ကိုတိုးလေးရေ
၂၄တောင်ရောက်ပြီလား။ မငယ်တော့ဘူးနော်။ ရှာတော့ ရှာတော့ ။
ကြင်သူသက်ထား အလိမ်မာအိမ်ပါ။
း)
နောင်နှစ်များစွာတိုင် တိုင်းပြည်ကို အကျိုးပြုတဲ့ လူတော်လေးတစ်ယောက်ဖြစ်ပါစေရှင်။
း)
မွေးနေ့မှစပြီး ပျော်ရွှင်ချမ်းမြေ့ခြင်းတွေ ပိုင်ဆိုင်ပြီး မိဘကိုကျေးဇူးဆပ်နိုင်သော သားတစ်ယောက်ဖြစ်ပါစေဗျာ
မောင်လေးရေ ...
အစ်မနဲ့တစ်လတည်းသမားတွေအတော်များတာပဲ ... ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေနော် ... ကျွန်တော့မွေးနေ့ဆိုတာလေးတွေ့လို့ပြေးလာကြည့်တာ ... မုန့်လဲစားသွားတယ်နော် ... ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျနိုင်ပါစေကွယ် ...
ခင်တဲ့
အစ်မ
ကိုတိုး မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေလို့ ပထမဦးစွာ ဆုတောင်းပေးပါတယ်။
ငါးဂုဏ်အင်ပြည့်စုံသော ယောင်္ကျားကောင်းဖြစ်ပြီး မိသားစုအကျိုး၊ တိုင်းပြည်အကျိုး၊ သတ္တလောကအကျိုးကို သယ်ပိုးနိုင်သူတယောက်ဖြစ်ပါစေလို့လဲဆုတောင်းပေးပါတယ်။
ငါ့ဂုဏ်အင်တွေမရှိတဲ့ သာယာလှပသော အရိုးရှင်ဆုံး ဘဝလေးလဲပိုင်ဆိုင်နိုင်ပါစေဗျာ
ခင်လျှက်
ဖြိုးဝေတိုး
ပထမဆုံး မွေးနေ့ဆုတောင်းပေးသွားပါတယ်။ မွေးနေ့မှာ ပျော်ရွှင်ပါစေ။ သက်တော်ရာကျော် ရှည်စေသော်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
happy birthday ပါကိုတိုးလေး
မေ16
ပန်းကဗျာ
ကိုတိုးလေးရေ
မွေးနေ့မှာ ပျော်ရွှင်ပါစေ။ အသက်ရှည်စွာ အနာမဲ့ ၍ မိဘကို လုပ်ကျွေးပြုနိုင်သော သားကောင်းတစ်ယောက်ဖြစ်ပါစေ။
မုန့်လေးကနည်းနည်းလေးရယ...။ နောက်ကျလို့ ဘာမှ မရှိတော့ပါလား။ ပန်းကန်ကူသိမ်းပေးခဲ့ပြီ။
...:PP
မောင်လေး
ကိတ်မုန့်စားချင်တယ်...ကျွေးမှာလား :)
မွေးနေ့မှစ ပျော်ရွှင်ပါစေဗျာ
ညီ..
၂၄ မှသည်....
နောင်အနာဂတ် အထိ...
အမေ နှင့် အဖေ ကို ကျေးဇူးဆပ် နိုင်သော..
သားကောင်း သားမြတ်ဖြစ်ပါစေဗျာ...
၂၄နှစ် ပြည့်မြောက်ခြင်းနှင့်အတူ ဘ၀သံသရာမှာ
အလှဖြာဝေတဲ့ စိတ်၏သဘော ကိုယ်၏ဓါတ်သဘောတွေ
နှင့် ပြည့်စုံသော နောင်အနာဂတ်ကို အသက်ရှည်စွာ
တိုင်ပြည်အကျိုး .. ကိုယ့်အကျိုးနှင့် သာသနာကို
သယ်ပိုးထမ်းရွက်နိုင်သော လူမွန်ကောင်း တစ်ယောက် ဖြစ်ပါစေလို့ တောင်းဆုပြုပါတယ် ..။
တစ်လက်စတည်း စားစရာတွေပါ စားသွားတယ် ညီရေ ..
အပြင်မှာဆိုရင်ဖြင့် ဒီအချိန်ဆို မော့ရလောက်ပြီ ..ဟိဟိ
Happy Belated Birthday!!
မွေးနေ့ဆုတောင်းတွေလည်း နောက်ကျမှ ဆုတောင်းပေးဖြစ်နေတယ်..
မွေးနေ့မှစ နှစ်ပေါင်းများစွာ ပျော်ရွှင်နိုင်ပါစေ....
ဝေလေးပြောတဲ့အတိုင်းပဲ ပြောရတော့မယ်... :D
Happy Belated Birthdayပါ မောင်လေး ကိုတိုးရေ...
ပျော်ရွှင် ချမ်းမြေ့ပါစေနော်...
http://www.freemyspacegraphics.com/Happy_Belated_Birthday_Graphics/Happy_belated_birthday_comment/images/happy_belated_birthday_graphics_20.gif
ပုံဘယ်လို ထည့်ရလဲ မသိလို့... :)
Post a Comment