ချစ်သူ၏ချစ်ခြင်း

ချစ်သူသည်
ငှက်ကလေးနဲ့တူသည်
အလျားအနံမသိသောကောင်းကင်တွင်
ဆန္ဒရှိရာပျံသန်းနိုင်သည်
သူ၏အိပ်မက်များစွာအတွက်
အလိုရှိရာနားခိုနိုင်သည်
ကျနော်သည် မျှော်လင့်ချက်အပြည့်ဖြင့်
အားတင်းတက်သော
သစ်တစ်ပင်နဲ့တူ၏
မိုးမရွာသောနေ့တနေ့က
ချစ်သူသည်
ကျနော့်၏ရင်ဘက်တံခါးကိုကြင်နာစွာဖွင့်ကာ
ထွက်ခွာသွားခဲ့သည်
ကျနော်၏အိပ်မက်တို့သည်
ငတ်မွတ်မှုများနှင့်ပြည့်စုံခင်းအလျှင်းကင်းမဲ့ခဲ့၏
ချစ်သူတွင်နူးညံ့သောပါးနှစ်ဘက်ရှိသည်
ပန်းနုရောင်နှုတ်ခမ်းများရှိသည်
ချစ်သူသည်ရင့်ကျက်သောစကားကိုအမြဲပြောတက်ပီး
အားအင်တို့ဖြင့်ပြည့်နှက်နေတက်၏
ချစ်သူသည် ကျနော်နှင့်အတူ
အိပ်မက်များကို အကောင်ထည်ဖော်ကာ
ကျနော့်၏နှလုံးသားကိုယူငင်ကာထွက်ခွာသွားခဲ့သည်
သူ၏လက်အစုံသည်
ကျနော့်၏သွေးလည်ပတ်မှု
ခန္ဓာကိုယ် ဦးနှောက်အရာရာကိုဖန်ဆင်းနိုင်၏ချစ်သူသည်
ပန်းပွင့်တို့၏သခင်
ရနံ့တို့၏ဘုရင်ဖြစ်၏
ချစ်ခြင်းမေတ္တာ၏နတ်သားတစ်ပါးဖြစ်၏
တခါတရံချစ်သူသည်
ကျနော်ပျော်ရွှင်စေရန်
မမြင်နိုင်သောနေရာမှမိုးဆက်များ
ဖန်ဆင်းပေးသလိုကျနော့်၏အလွမ်းများကို
နားလယ်ဟန်ကြယ်များကိုလင်းစေ၏
ချစ်သူသည်
ကျနော်အားအနှိုင်းမဲ့သောလက်ဆောင်ကိုပေးခဲ့ဖူး၏
ထိုအရာသည် မျှော်လင့်ချက်ပေါင်းများစွာဖြင့်ဖွဲ့စည်းထားပီး
နေ့ညများကိုလဲနွေးထွေးစေ၏
လွမ်းဆွတ်ခြင်းကိုလဲဖြစ်စေ ၏
ယုံကြည်မှူကိုလဲရစေ၏
ထိုအရာသည်
ချစ်သူ၏ချစ်ခြင်းဖြစ်၏

7 comments:

Unknown said...

ကိုတိုးလေးရေ ... အဖွဲ့လေးတွေက ချစ်စရာလေးတွေပဲ ...

ကြယ်ပြာ

Anonymous said...

ကဗျာ အဖွဲ့လေးတွေ တော်တော်မိုက်တယ် ဗျာ
အဆင်ပြေပျော်ရွှင်ပါစေဗျာ

Anonymous said...

ကဗျာလေးကောင်းတယ် နော့်
ဆက်လက်ရေးဖွဲ့နိုင်ပါစေ။


ညခင်း

may16 said...

ချစ်သူကဗျာလေးကို လာဖတ်သွားပါတယ်

Anonymous said...

ချစ်သူသည် ကျတော်၏ ရင်ဘတ်တံခါးကို ကြင်နာစွာ ဖွင့်ကာ ထွက်ခွာသွားခဲ့သည် တဲ့

အရမ်းကောင်းတဲ့ အပိုဒ်လေးပါ။ ရောင် အရမ်းနှစ်သက်တယ်။ ဟုတ်ပါတယ် ဒီလိုနဲ့ပဲ လွမ်းခဲ့ရတာပေါ့။

ဝေလေး said...

ဒီကဗျာလေးကြိုက်တယ်အစ်ကိုရ.... တစ်မျိုးလေးပဲ... :)

ဖြိုးငယ် said...

အခုဖတ်လိုက်မိသမျှကဗျာတွေထဲမှာ ဒီကဗျာကို အကြိုက်ဆုံးပါပဲ