ငယ်ငယ်တုန်းက

ကလေးဘဝတုန်းက
နေ့တစ်နေ့ကို ပြန်သတိရနေမိတယ်။
မြောင်းကလေးထဲမှာ
စက္ကူလှေလေးတစ်စင်း လွတ်ခဲ့မိတုန်းကပေါ့။
ဇူလိုင်လရဲ့ မိုးစွေနေတဲ့ တစ်နေ့မှာ
ကိုယ်တစ်ယောက်တည်း
ပျော်ရွှင်စွာ ကစားနေမိတယ်။
မြောင်းကလေးထဲမှာ
စက္ကူလှေလေး တစ်စင်းလွတ်ခဲ့မိတယ်။
ရုတ်တရက် မိုးတိမ်တွေထူထပ်လာပြီး
လေတွေပြင်းထန်စွာ တိုက်ခတ်လို့
မိုးကြီးလည်း သည်းထန်စွာရွာခဲ့တဲ့အခါ
ရွံနစ်ရေတွေ ဒလဟောတိုးဝင်လာလို့
မြောင်းကလေး တစ်ခုလုံးပြည့်လျှံပြီး
ကိုယ့်လှေ နစ်ခဲ့ရတယ်။
မုန်တိုင်းဟာ ကိုယ်ရဲ့ပျော်ရွှင်မှုကို
ဖျက်ဆီးဖို့ သက်သက်လာခဲ့တာပဲလို့
စိတ်ထဲမှာ ခါးခါးသီးသီး တွေးတောခဲ့မိတယ်။
ဇူလိုင်လရဲ့ တိမ်ထူထပ်တဲ့ဒီကနေ့ဟာ
နေ့တာရှည်လွန်းနေလေရဲ့။
ကိုယ်လေ ဘဝမှာရှုံးနိမ့်ခဲ့ဖူးတဲ့
ကစားပွဲတွေ အကြောင်း
ပြန်ပြောင်းတွေးတောနေမိတယ်။
မြောင်းကလေးထဲမှာ နစ်မြုပ်သွားခဲ့တဲ့
ကိုယ့်စက္ကူလှေကလေးလို
ရုတ်တရက် သတိရလိုက်တဲ့အခါ
ကိုယ့်အပေါ်မှာ လှည့်ကွက်များစွာနဲ့
ကစားသွားခဲ့တဲ့ ကံကြာမာကိုသာ
ယိုးမယ်ဖွဲ့မိပါတော့တယ်။

2 comments:

Anonymous said...

ကိုတိုးရေ ........ ငယ်ဘ၀က ကလေးလေး အဖြစ်ကို မျက်စိထဲ မြင်လိုက်မိပါတယ်။
ရေကန်မြင်ရင် စက္ကူလှေလေးတွေ လုပ်ပြီး လွှတ်နေကြလေ။ ဒါပေမယ့် ထာဝရတော့ မတည်တံ့နိုင်ဘူးပေါ့။ ကဗျာလေးကို ခံစားသွားပါတယ်နော်။

ခင်မင်လျှက်
မေတ္တာရောင်ပြန်

ရွှေပြည်သူ (ShwePyiThu) said...

ကိုတိုးရေ... ဘဝခရီးသွားတာဟာ ငယ်ဘဝက လွှတ်ကြတဲ့ စက္ကူလှေလေးပေါ်မှာ စီးရသလိုပါပဲ။ တစ်ခုပဲ ကွာခြားတာက ဘဝမှာ ကိုယ်က အတိုင်းအတာ တစ်ခုထိတော့ စိတ်စွမ်းအင်နဲ့ ပဲ့ကိုင်နိုင်တာလေးပဲလို့ ထင်မိပါတယ်။ ရေးထားတာလေး ကောင်းတယ် မောင်လေးရေ...