ပန်းဥယျာဉ်လမ်းလေးဆီ လာခဲ့ကွယ်

အချစ်ရယ်
ကိုယ့်ပန်းဥယျာဉ်လမ်းကလေးဆီ လာခဲ့ကွယ်
မင်းရဲ့မြင်ကွင်းထဲကို မြင်သာအေင်ပြဖို့
စိတ်အားထက်သန်နေတဲ့
ပန်းကလေးတွေကို ဖြတ်ကျော်လာခဲ့ပါ
နေဝင်ဆည်းဆာ တောက်ပမှုရဲ့
ရုတ်တရက်အံ့ဖွယ်ရာလိုပေါ်လာပြီး
ပျောက်ကွယ်သွားတတ်တဲ့
အမှတ်မထင် ပျော်ရွှင်မှုလေးအချို့ကို
ရပ်တန့်ငေးမောပြီး ဖြတ်ကျော်လာခဲ့ပေါ့။
ချစ်သူလက်ဆောင်ဆိုတာ ရှက်စရာကွဲ့
သူ့နာမည်ကို ဘယ်တော့မှ ပြောလိမ့်မယ်မဟုတ်
ဖုန်တောတစ်လျှောက် ပျော်ရွင်မှုအစအနတွေကို
ကြဲဖြန့်ရင်း အရိပ်ထဲက
လှစ်ခနဲ ထွက်ပြေးသွားတတ်တယ်
သည်ချစ်သူလက်ဆောင်ကို အရယူလိုက်ပါ
မဟုတ်ရင် တစ်သက်လုံးဆုံးရှုံးသွားရမှာ
ဒါပေမဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့
လက်ဆောင်ဆိုတာကတော့ နှုးညံ့တဲ့ပန်းလေးတစ်ပွင့်
ဒါမှမဟုတ် လင်းလက်တောက်ပနေတဲ့
မီးညွန့်ကလေးနဲ့ မီးအိမ်လေးတစ်လုံးပါပဲကွယ်။

0 comments: