တန်ဖိုးရှိသောစကားလုံးလေးများ

ဝမ်းသာစရာတွေလည်း ကြုံခဲ့ဘူးပါပြီ
ဝမ်းနည်းစရာတွေလည်း ဆုံခဲ့ဘူးပါပြီ
ဘာမျှ မယ်မယ်ရရ မရှိခဲ့ပါဘူး
ဒါပေမဲ့....
အဲဒီလို....ကြုံခဲ့ ဆုံခဲ့တာတွေထဲက
သင်္ခန်းစာတွေရပြီး အသိဥာဏ်တိုးရင်
လူဖြစ်ရကျိုး တော်တော်နပ်ပါတယ်။
ကောင်းတဲ့အလုပ်ဟာ နောက်ကျတယ်ဆိုတာ
မရှိပါဘူး။ လုပ်ငန်းမစရသေးတာပဲရှိပါတယ်။
အမြင့်ရောက်လို့ အမြင်ကျယ်တာထက်
အမြင်ကျယ်လို့ အမြင့်ရောက်တာက
ပိုကောင်းပါတယ်။
ဖြစ်ချင်တာကို ဦးစားပေးခဲ့လွန်းလို့
ဖြစ်နိုင်တာတွေပါ ဆုံးရှုံးလိုက်ရပြီ
ဖြစ်နိုင်တာကိုသာ ဦးစားပေးခဲ့ရင်
ဖြစ်ချင်တာတွေပါ အားလုံး ဖြစ်လာမယ်။
လုပ်သင့်တာကို မလုပ်မိရင်
မလုပ်သင့်တာတွေ လုပ်မိနေတတ်တယ်။
အဟုတ်ပါလားလို့ ထင်ထားသမျှတွေဟာ
လွဲနေတတ်သလို.................
မဟုတ်ဘူးလို့ ထင်ထားသမျှတွေကလည်း
မှန်နေတတ်ပြန်တယ်။
မေတ္တာပို့နေယုံနဲ့ မဖြစ်သေးဘူး
မေတ္တာဓာတ်တွေ ရှိနေဖို့က
အရင်လိုအပ်တယ်။
ကောင်းတာကို နားလည်သလောက် လုပ်စမ်းပါ
အလုပ်လုပ်ရင်းနဲ့ နားလည်လာလိမ့်မယ်
သိသလောက်ကျင့် ကျင့်သလောက် သိလာလိမ့်မယ်
အခက်အခဲဆိုတာ ဥာဏ်နုည်းသူအတွက်
ဘ၀တစ်ခုလုံး ကျိုးပျက်သွားတတ်ပေမဲ့
အသိဥာဏ်ရှိသူအတွက်ကတော့
ဘ၀ကြီးတစ်ခုလုံးကို တိုးတက်သွားနိုင်တယ်
အလုပ်လုပ်သူက အပြောမသန်
အပြောသန်သူက အလုပ်မလုပ်
ပြောသလောက်လုပ်ပြီး လုပ်သလောက်သာပြောပါ
အပြောနည်းပြီး အလုပ်လုပ်တာ အကောင်းဆုံးပါပဲ။
စေတနာသည် လူတိုင်းနဲ့ မတန်သည်မဟုတ်
လူတိုင်းနဲ့ တန်တဲ့ စေတနာမျိုးထားနိုင်ဖို့
လိုအပ်ပါတယ်။
သူငယ်ချင်းတစ်ယောက်ပို့ထားတဲ့မေးလ်ကိုမျှဝေပေးလိုက်ခြင်းဖြစ်ပါတယ် အားလုံးကသိပြီးသားတွေလို့လည်းထင်ပါတယ်။ အားလုံးပဲပျော်ရွှင်အဆင်ပြေကျန်းမာနိုင်ကျပါစေခင်ဗျာ။

4 comments:

poemflower said...

မျှဝေပေးတာကျေးဇူးပါ ကိုတိုးလေးရေ

ဇွန်မ said...

တကယ်တန်ဖိုးရှိတဲ့စကားလုံးလေးတွေ ဖတ်ခွင့်ရလို့ ကျေးဇူးတင်တယ် ကိုတိုးလေး

Unknown said...

တန်ဖိုးရှိပါတယ်ကိုတိုးလေး

ကြယ်ပြာ said...

ဆုံးမစကားလေးတွေ စုပေါင်းထားတာ ကဗျာလေးတစ်ပုဒ်လိုပါပဲ ... ဖတ်လို့လဲကောင်းသလို ဗဟုသုတလဲ ရစေပါတယ် ...