ကိုယ့်အချစ် ကိုယ်တေးသံတစ်ခုတည်းပါကွယ်

မြက်ခင်းပြင်မှာပွင့်တဲ့ပန်း မြေကြီးနဲ့နီးစပ်သလို
သူမလည်း ကိုယ့်နှလုံးသားနဲ့ နီးနေခဲ့တယ်။
အိပ်စက်ခြင်းဟာ ပင်ပန်းနွမ်းလျနေတဲ့
ကိုယ်လက်အင်္ဂါတွေ အပန်းပြေစေသလို
သူမက ကိုယ့်ကိုချိုမြိုန်စေခဲ့ပါတယ်။
သူမအပေါ်ထားတဲ့ ကိုယ့်အချစ်က
ကိုယ့်ဘဝပါပဲကွယ်။
ကြည်လင်အေးချမ်းမှုတွေကို
စွန့်လွတ်ပေးဆပ် ပြေးလွားသွားခဲ့ရတဲ့
ဆောင်းဦးရာသီ ရေလျှံမြစ်ကဲ့သို့
အားအင်အပြည်နဲ့
စီးဆင်းသွားခဲ့ရသလို ဘဝမျိုးပါကွယ်။
ရေလှိုင်းတွေ ရေစီးတွေနဲ့
တေးဆိုညည်းတတ်တဲ့
စမ်းရေစီးသံပမာ
ကိုယ့်ရဲ့တေးသံသာတွေဟာ
ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာနဲ့
တစ်ခုတည်းပါပဲကွယ်။

2 comments:

poemflower said...

ကဗျာလာဖတ်ပါတယ် ကိုတိုးလေး
ချစ်ခြင်းသံစဉ်တွေအပြည့်ပဲနော်

ဇွန်မ said...

ကိုယ်တိုင်က မရေးတတ်ပေမယ့် ခံစားချက်အပြည့်ရှိတဲ့ ကဗျာလေးမို့ ဖတ်ရတာ ကြည်နူးမိတယ်