အမေ့အိမ်လေး

ကြေးငှက်တေးသံသာတဲ့ လေပြေအေးတဲ့
ဆောင်းမနက်ခင်းမှာ
နှင်းပွင့်တွေဖြူဖွေးအောင်ကျနေတဲ့
စိမ်းစိုနေတဲ့မြင်ခင်းပြင်ပေါ် လမ်းလျောက်ရင်းနဲ့
အမေ့အိမ်လေးကိုလွမ်းဆွတ်ခဲ့ရ
အေးရကောင်းမှန်းမသိ
သား သမီးများအတွက် မိုးမလင်းခင်
ဟင်းချက်ပြင်ဆင် ချက်ပြုတ်ရင်းနဲ့
ကြွေးမွေးလာတဲ့ အမေ
သားသမီးရှေ့ရေးမျှော်ကာတွေးလို့
မငြိုးမငြူ လုပ်ပေးရှာတဲ့အမေ
အမေက ပြုလုပ်ပေးသမျှသားသမီးကအလိုမကျ
အပြစ်တင်ခံရတာလည်းအမေပါပဲလေ
ဟိုဟာအလိုမကျ ဒါအလိုမကျနဲ့ပြန်အော်လိုက်သေး
အမေ့ရုပ်ရည်လေးကို ပြေးမြင်မိတယ်အမေ
အဲ့လိုအချိန်လေး အမေ့စိတ်လေး ပြုံးရွင်နေပေး
သားမောင်လူလေး စိတ်ပြေဖို့အရေး
အပြုံးမျက်နှာရွှင်လန်းစွာနဲ့ ဝေဆာစကားလုံး
ထုတ်ကာသုံးလို့ စိတ်ပြေအောင်ပြောတတ်တဲ့အမေ
မရှိတာလေး ကြံဖန်ကာချက်ကျွေးလို့
ငါ့သားသမီးစားဖို့အရေး ရှေ့ရေးကိုတွေးကာ
အိပ်မရတဲ့ညပေါင်းတွေများလို့ အမေမျက်နှာလည်း
ပင်ပန်းနွမ်းနယ်နေရပြီပေါ့အမေ
သားသမီးစားဖို့ ဟင်းတစ်ခွက်ဖြစ်ရေး
ခေါင်းပူအောင်တွေးလို့ ချက်ပြုတ်ရှာကျွေးတဲ့
အမေ့လက်ရာလေးကို မမေ့သေးပါဘူးအမေ
အမေရှက်ကျွေးတဲ့ဒီဟင်းလေးကို မကောင်းပြန်ဘူးလို့ပြောထွက်ခဲ့တယ်နော်
အဲ့အချိန်က အမေ့မျက်နှာလေးငြိုးငယ်စွာနဲ့
သား သမီးတို့စားဖို့အရေး အမေအငတ်ခံကာ သားသမီးအတွက်
အဝစားပြီးကျန်တာလေးတွေကိုမှာ အမေစားရတယ်ဆိုတာကိုမသိခဲ့ရဘူးနော်
ဟိုအရင်တစ်ချိန်က ပြုံးရွင်နေတဲ့ အမေ့မျက်နှာလေး
တွေးရောင်ကာ လွမ်းနေမိတယ်အမေ
အမေနဲ့အတူရှိနေခဲ့တဲ့ ဆောင်းတစ်နံခင်းမှာပေါ့
ပဲပြုတ်လေးနဲ့ ထမင်းကြော်ကျွေးတဲ့ အေးချမ်းလှတဲ့
ဆောင်းနံနက်ခင်းတစ်ခုမှာ အမေလက်ရာလေးကို
ပြန်လည်သတိရမိတယ်အမေ။
အမေနေကောင်းပါစေကြောင်းအမြဲတမ်းဆုတောင်းပေးနေပါတယ်
အမေ။
ကျန်းမာပါစေ အမေရေ။

5 comments:

ကြယ်ပြာ said...

ကိုတိုးလေးရေ ....

အမေ့ကျေးဇူးတွေကို အမှတ်တယနဲ့ သတိရနေတာ အမေသိရင် အတော်ဝမ်းသာရှာမှာ ....

ဇွန်မ said...

သား သမီးတိုင်း မိခင်နဲ့ဝေးနေရတဲ့ အချိန်လေးတွေမှာ ကျေးဇူးတရား တွေကို သတိရသလို မိခင်နဲ့ နီးနေတဲ့ အချိန်တွေမှာလဲ သိနေဘို့ လိုတာပေါ့နော် ကိုတိုးလေး

poemflower said...

အနွေးထွေးဆုံးကတော့ အမေ့အိမ်ပါပဲ ကိုတိုးလေးရေ..

Welcome said...

စကားလုံးတိုင်းက အမှန်ပဲ ရင်ကိုမှန်စေတယ်

ပျော်ရွှင်တဲ့ ဒီဇင်ဘာလေး ဖြစ်ပါစေ

Unknown said...

အမေ့အိမ်လေးကို ကူလွမ်းသွားပါတယ်