မှတ်သားစရာလေးများ

ဘယ်တော့မှ ပြန်မရနိုင်သော အရာ(၃)မျိုး (၁) ကုန်ဆုံးသွားသော အချိန် (၂) ပြောပြီးသောစကား (၃) အခွင့်အရေးကောင်းများ တန်ဖိုးအကြီးဆုံးအရာ(၃)ခု (၁) အချစ် (၂) မိမိကိုယ့် မိမိယုံကြည်မူ (၃) အခွင့်အရေးကောင်းများ ဘယ်တော့မှ မသေချာသောအရာ(၃)မျိုး (၁) အိပ်မက် (၂) စိတ်ကူးရည်ရွယ်ချက် (၃) ကံကြမ္မာ အကောင်းဆုံးဖန်တီးနိုင်သောအရာ(၃)မျိုး (၁) အလုပ် ကြိုးစားခြင်း (၂) စိတ်ရင်းအမှန်ဖြင့် ကြိုးစားခြင်း ၊ ရိုးသားခြင်း (၃) စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားခြင်း ပျက်စီးစေသောအရာ(၃)မျိုး (၁) အရက်သေစာ (၂) မာနကြီးခြင်း ၊ မိမိကိုယ် မိမိ အထင်ကြီးခြင်းနှင့် ၀င့်ကြွားခြင်း (၃) ဒေါသကြီးခြင်း တစ်ကြိမ်ဆုံးရူံးပြီးနောက် ပြန်လည်တည်ဆောက်ရန် ခက်ခဲသောအရာ(၃)မျိုး (၁) ရိုသေလေးစားခြင်း (၂) ယုံကြည်စိတ်ချမူ (၃) ခင်မင်ရင်းနှီးမူ သူငယ်ချင်းတစ်ယောက်ရဲ့မေးလ်ကရတာလေးကိုပြန်လည်ပြီးတော့မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ။

4 comments:

နေ့အိပ်မက် said...

ဘယ်တော့မှ မသေချာတဲ့အရာသုံးမျိုးကို ကန့်ကွက်တယ်.. အိပ်မက်ဆိုတာ သေသေချာချာပုံဖော်ပြီးမက်ထားတဲ့သူအတွက် လက်တွေ့ဘ၀ဖြစ်သွားနိုင်တယ်။ စိတ်ကူးရည်ရွယ်ချက်ဆိုတာလည်း ခိုင်ခိုင်မာမာရှိတဲ့သူအတွက်တော့ သေချာတဲ့အရာပဲ.. ရည်ရွယ်ချက်မရှိမှသာ ဘာတွေဖြစ်လို့ ဘာတွေလုပ်မိနေမှန်း မသေချာမှာ။ ကံကြမ္မာက ပိုတောင်သေချာသေး.. ကံဆိုတာ အလုပ်ဆို။ အရင်ဘ၀ကလုပ်ခဲ့တဲ့ဟာတွေကို သေသေချာချာ ခံစားရမယ်၊ စံစားရမယ် ပေးဆယ်ရမယ်။ ခုဘ၀မှာလုပ်နေတာတွေကိုလည်း ပြန်ရမှာပဲ။ အချိန်စောင့်ရတာနဲ့ မစောင့်ရတာပဲကွာမှာ။ မသေချာတာ မဟုတ်ပါဘူး။

:) :)

Anonymous said...

မှန်ပါပေတယ်ဗျာ...။ ဒီတော့ ကျနော်တို့ အသက်ရှင်တုန်း တန်ဖိုးရှိရှိ အသုံးချကြပါစို့ဗျာ..။

may16 said...

မှတ်သားစရာပဲ ကိုတိုးလေးရေ ကျေးဇူးတင်ပါတယ်..

Unknown said...

မှတ်သားသွားတယ် ကိုတိုးလေးရေ