စိတ်ကိုပျော်အောင်ထား

သူငယ်ချင်းတို့ရေ
ဘယ်သူမှ အမြဲထာဝစဉ် အသက်မရှင်ကြပါဘူး။
ဘယ်အရာမှလည်း ကာလမြင့်ရှည်
မတည်မြဲကြပါဘူး။
ဒါတွေကို စိတ်ထဲမှာထားပြီး ပျော်ပျော်နေပါ။
ကျွန်တော်တို့ဘဝတွေဟာ
ဟောင်းနွမ်းနေတဲ့ ဝန်ထပ်ဝန်ပိုးတစ်ထုပ်လည်းမဟုတ်ပါဘူး။
ကျွန်တော်တို့ သွားမယ့် လမ်းကလေးဟာလည်း
အရှည်ကြီးတစ်ခုလည်း မဟုတ်ပါဘူး။
တစ်ဦးတည်းသာရှိတဲ့ ကဗျာစာဆိုတစ်ယောက်က
အိုဟောင်းနေတဲ့သီချင်းတစ်ပိုဒ်ကိုသာ
သီဆိုဖွဲ့နေရမှာ မဟုတ်ပါဘူး။
ပန်းဆိုတာ ရင့်ရော်နွမ်းလျ ကြေကွဲရစမြဲပါ။
ပန်းပန်တဲ့သူက အဲဒီအတွက်
ထာဝရဝမ်းနည်းပူဆွေးနေရမှာ မဟုတ်ပါဘူး။
သူငယ်ချင်းတို့ရေ
ဒါတွေကို စိတ်ထဲမှာထားပြီး ပျော်ပျော်နေပါ။
ပြီးပြည့်စုံခြင်းကို တေးဂီတအဖြစ်သီဖွဲ့ဖို့
ပြည့်ပြည့်ဝဝ ရပ်နားချိန်
ရောက်လာစေရမယ်။
ဘဝက ရွှေရောင်အရိပ်တွေထဲမှာ
နစ်မြုပ် ပျောက်ဆုံး သွားစေဖို့
သူ့ရဲ့နေဝင်ဆည်းဆာဆီသို့ ဦးညွတ်ထားတယ်။
ကြေကွဲဝမ်းနည်းမှုတွေ သောက်သုံးဖို့
မျက်ရည်ကောင်းကင်ဘုံမှာ ပြန်လည်မွေးဖွားစေဖို့
ချစ်ခြင်းမေတ္တာကို
သူရောက်နေတဲ့နေရာကနေ ပြန်ခေါ်ရမယ်။
သူငယ်ချင်းတို့ရေ
ဒါတွေကို စိတ်ထဲမှာထားပြီး ပျော်ပျော်နေကြည့်စမ်းပါ။
ကျွန်တော်တို့ပန်းတွေကို ကပျာကယာခူးရတယ်။
ဖြတ်သန်းတိုက်ခတ်သွားတဲ့ လေတွေက
လုယူသွားမှာစိုးလို့လေ။
နှောင့်နှေးတုံဆိုင်းနေရင်
ပျောက်ပျက်သွားနိုင်တဲ့ အနမ်းတွေကို
အခွင့်အခါရှိတုန်း ရယူထားလိုက်ဖို့
ကျွန်တော်တို့ရဲ့ သွေးခုန်နှုန်းတွေ မြန်လာတယ်။
ကျွန်တော်တို့ မျက်လုံးတွေ
အရောင်တောက်လာခဲ့တယ်လေ။
ကျွန်တော်တို့ဘဝတွေကလည်း
စိတ်ထက်သန်နေပြီး
ကျွန်တော်တို့ရဲ့ ဆန္ဒတွေကလည်း ပြင်းပြခဲ့ပါတယ်။
ဒါဟာ............. အချိန်က
ခွဲခွာခြင်းဆိုတဲ့ခေါင်းလောင်းကို ထိုးနေသလိုပဲပေါ့။
ကျွန်တော်တို့မှာ အရာဝတ္ထုတစ်ခုခုကို
ပွေ့ဖက်နေဖို့ ဖဲ့ခြေပြီး အမှိုက်တွေထဲကို
လွင့်ပစ်ဖို့အချိန်မရှိပါဘူး။
အချိန်နာရီတွေဟာ သူတို့ရဲ့အိမ်မက်တွေကို
သူတို့ရဲ့ဝတ်ရုံစတွေနဲ့ ကွယ်ဝှက်ပြီး
မြန်မြန်သွက်သွက် ထွက်ခွာသွားခဲ့ကြပါတယ်။
ကျွန်တော်တို့ရဲ့ဘဝ တာဟာ
တိုတောင်းပါတယ်
ဘဝဟာ ကြီးထားဖွံ့ဖြိုးတယ်ဆိုပေမယ့်
အချစ်အတွက် ရက်အနည်ငယ်ပဲရှိပါတယ်။
ငြီးငွေ့ဖွယ်ရာအလုပ်ကို
တကုတ်ကုတ်လုပ်နေရမယ်ဆိုရင်
အဆုံးမဲ့ ရှည်ကြာနေတော့မှာပေါ့။
အလှအပဟာ ကျွန်တော်တို့ကိုချိမြစေပါတယ်။
ဘာကြောင့်လဲဆိုတော့
သူမဟာ ကျွန်တော့်ဘဝနဲ့အတူ
တေးသွားတစ်ခုတည်းမှာပဲ
ကခုန်မြူးထူးနေခဲ့လို့ပါပဲ။
အသိပညာဟာ ကျွန်တော်တို့အတွက်
အဖိုးတန်ပါတယ်။
ဘာကြောင့်လည်းဆိုတော့
ပြည့်စုံလုံလောက်အောင် ဆည်းပူးနိုင်ဖို့
ကျွန်တော်တို့ဟာ ဘယ်တော့မှာအချိန်မရခဲ့လို့ပါပဲ။
အရာအားလုံးဟာ ထာဝရကောင်းကင်ဘုံမှာသာ
ပြုလုပ်ပြီးဆုံးသွားပါတယ်။
ဒါပေမဲ့
အာရုံတွေကို မှောက်မှားစေတတ်တဲ့
ကမ္ဘာမြေပေါ်က ပန်းကလေးတွေကိုတော့
သေခြင်းတရားက ထာဝရလန်းဆန်းစေခဲ့ပါတယ်။
အဲ့အရာတွေအားလုံးကို
စိတ်ထဲမှာထားပြီးတော့
ပျော်အောင်နေလိုက်ပါနော်။

3 comments:

poemflower said...

မှန်တယ် ကိုတိုးလေး နေနိုင်ခွင့်ရတဲ့ အချိန်လေးမှာ စိတ်ကို ပျော်ရွှင်အောင်ထားတာ အကောင်းဆုံးပဲ ဒီကဗျာလေးကို ဖတ်ပြီး တကယ် အားတက်သွားပြီ

ဇွန်မ said...

တန်ဘိုးရှိတဲ့ အချိန်တိုလေးမှာ အားလုံး စိတ်ကို ပျော်ရွှင်အောင် ထားသင့်တာပေါ့နော် ကဗျာလေး ကောင်းတယ်

Unknown said...

ကဗျာလေးက အရမ်းကောင်းတယ်

ဘဝဟာ ကြီးထားဖွံ့ဖြိုးတယ်ဆိုပေမယ့်
အချစ်အတွက် ရက်အနည်ငယ်ပဲရှိပါတယ်။
ငြီးငွေ့ဖွယ်ရာအလုပ်ကို
တကုတ်ကုတ်လုပ်နေရမယ်ဆိုရင်
အဆုံးမဲ့ ရှည်ကြာနေတော့မှာပေါ့။
အလှအပဟာ ကျွန်တော်တို့ကိုချိမြစေပါတယ်။
ဘာကြောင့်လဲဆိုတော့
သူမဟာ ကျွန်တော့်ဘဝနဲ့အတူ
တေးသွားတစ်ခုတည်းမှာပဲ
ကခုန်မြူးထူးနေခဲ့လို့ပါပဲ။

ကဗျာလေးကို ပါဆယ်ဆွဲသွားတယ်နော်။
မကျေနပ်ရင် ပြန်လာယူ အခွံ့တော့ရှိတယ်