အဖေကျေးဇူး

အဖေ
ငယ်စဉ်တောင်ကျေး ခလေးဘဝကစလို့
ငါ့သားသမီးစားဖို့အရေး
တာဝန်တကြီးနဲ့ကြိုးစားရရှာတဲ့ အဖေ
ပင်ပန်းရကောင်းသည် မရှိ
နေပူမရှောင် မိုးရွာလည်းမနေသာပါ
လုပ်ကိုင်ကျွေးမွေး သားမောင်လူလေးနဲ့ သမီးအတွက်တဲ့
ရှေ့က ရုန်းကန်လုပ်နေရသလောက်
သားနဲ့သမီးက မလိမ်မာ
လိုချင်တာမရသောကြောင့်
အဖေကိုပူဆာ
အဖေခမျာ မဝယ်ပေးနိုင်ရှာ
ဝမ်းစာအရေးအနိုင်နိုင်တွေးလို့
မိသားစုတာဝန်ထမ်းဆောင်နေတဲ့အဖေ
သားသမီးပူဆာလို့ မဝယ်ပေးနိုင်တော့
အဖေ့မျက်နှာညိုးငယ်စွာနဲ့
နောက်တော့အဖေဖြစ်အောင်ဝယ်ပေးပါ့မယ်သားရယ်တဲ့
ဝမ်းနည်းစွာနဲ့ပြောလိုက်တဲ့အသံ
အဲ့အချိန်မှာအဖေရင်ခွင်ဘယ်လောက်ပူလောင်ရလိမ့်မလည်းဆိုတာမသိခဲ့ရဘူးနော်။
သားနဲ့သမီးပညာရေးအတွက် ကြိုးစားရှာဖွေနေတဲ့အဖေ
ဝမ်းစာအရေးကို အနိုင်နိုင်လေးတွေးပြီးတော့
ငါ့သားသမီး ငါလိုမဖြစ်စေရဘူးဆိုတဲ့စိတ်နဲ့
သားသမီးကိုကျောင်းထား
အဖေကတော့ ငါးပိဖုတ်နဲ့စားခဲ့ရတယ်ဆိုတာလည်းမသိခဲ့ရဘူးနော်။
သားသမီးများ ပညာစုံ အရွယ်ရောက်တော့
အဖေကိုလည့်မကြည့် ခြေစုံကန်ထွက်သွားတတ်တယ်ဆိုတာသိနေပေမဲ့
အဖေဟာ ငါ့သားဘာဖြစ်နေတယ် သမီးက ဘယ်လိုဖြစ်တယ်ဆိုတာလည်း တစ်ခွန်းမှာမပြော
အပြုံးမျက်နှာလေးနဲ့ အေးငြိမ်းခံပြီးနေနေတဲ့အဖေမျက်နှာ
တစ်ရက်မှာ တစ်ခါမတွေးရဲပါ
သားသမီးလုပ်စာ အဖေတို့အမေတို့ မမျှော်ကိုးပါဆိုတဲ့စကား
နှုတ်အားသံစဉ်နေ့တိုင်းကြားရလို့ ရင်တောင်နာရတယ်အဖေ
သားသမီးများစားဖို့အရေး
အဖေတစ်ယောက် တောထဲထွက်လို့
မိုးချုပ်နေဝင် အရှက်ဆိုတာ မရှိပါ
ငါးဖမ်းလုပ်ကျွေး မြွေမကြောက် ကင်းမကြောက်
ညကြီး အခါမမြင်သာပဲ ရှာဖွေကျွေးမွေး
ငါ့သားသမီးစားဖို့အရေးဆိုတဲ့စိတ်နဲ့ အဖေခဏ
တစ်နေ့တစ်ည မနားရပဲ လုပ်ကိုင်ကျွေးမွေးရှာတယ်အဖေ
အဲ့လိုအချိန်တုန်းကပေါ့
အဖေအဲ့လောက်ဆင်းရဲဒုတ်ခ တွေများနေလိမ့်မယ်ဆိုတာ အမှန်ကိုမသိခဲ့ရပါ။
အဖေ အဝေးတစ်နေရာကနေ သိလိုက်ရတဲ့
တစ်ချိန်က အဖေလုပ်ကိုင်ကျွေးမွေးလာတဲ့
အဖြစ်တွေကို မြင်စိထဲမြင်ယောင်မိရင်း
ငါ့အဖေနဲ့အမေဆိုတာ ငါ့ဘဝရဲ့ အလေးအထားရဆုံး
သူရဲကောင်းတွေပါလားဆိုတာပိုပိုပြီးသိလာတယ်
အဖေနဲကအမေကျန်းမာပါစေကြောင်း ဆုတောင်းပေးပါတယ်။
မှတ်မှတ်ရရပဲဒီနေ့ဟာလည်းပဲ ထိုင်းနိုင်ငံဘုရင်ရဲ့ ၈၂ နှစ်မြောက်မွေးနေ့ပါပဲ။ ထိုင်းနိုင်ငံမှာတော့ အဖေများနေ့အဖြစ်သတ်မှတ်ထားပါခင်ဗျာ။ အားလုံးပဲအဆင်ပြေပျော်ရွှင်ပါစေခင်ဗျာ။

6 comments:

Dream said...

အဖေ့ဂုဏ်ကို ထင်ထင်ရှားရှား ပြန်မြင်မိတယ်။ ငယ်ငယ်တုန်းက ပုံရိပ်လေးတွေ မျက်စိထဲ ပြန်ထင်မြင်မိတယ်။း(

poemflower said...

အဖေ့ ကျေးဇူးတွေကို ဖော်ပြထားတာ ဖတ်သွားပါတယ် မိဘကျေးဇူးနဲ့ မေတ္တာကိုတော့ ဘယ်သူမှ လိုက်မမှီဘူးနော်

ကဗျာမလေး said...

မောင်လေးရေ .....
မိဘမေတ္တာအဖွဲ့အနွဲ့လေးတွေနဲ့ အရမ်းအေးချမ်းတာပဲ :) မောင်လေး “အဖေကျေးဇူး”ထက် “အဖေ့ကျေးဇူး” ကပိုကောင်းမယ်နော် .... ပျော်ရွှင်ပါစေ မောင်လေး :)

ကြယ်ပြာ said...

မောင်လေးရေ ... အဖေ့ကျေးဇူးကဗျာလေးက အလွန်ပဲဖတ်လို့ကောင်းပါတယ် ....

စာလုံးပေါင်းလေးတချို့ပြင်လိုက်ရင် ပိုဖတ်ကောင်းမယ်လို့ အစ်မယူဆလို့ အကြံပေးပါရစေ. .... စိတ်မရှိပါနဲ့နော ... ပိုကောင်းစေချင်တဲ့စေတနာပါ ...

ငယ်စဉ်တောင်ကြေး မှာ ကြေး က ကျေး
သားမောင်လူးလေး မှာ လူး က လူ
အဖေခမျှ မှာ ခမျှ က ခမျာ
အဖေ့ကိုလည့်မကြည့်မှာ လှည့်
စုံလုံးကန်ထွက်သွားတတ်တယ် ဆိုတာထက် ခြေစုံကန်ထွက်သွားတတ်တယ် ...

Unknown said...

အဖေ့ကျေးဇူး
ဟုတ်တာပေါ့နော်
အမေနဲ့အဖေ မိဘနှစ်ပါးလုံးကျေးဇူးရှိပါတယ် ကိုတိုးလေးရေ

နေ့အိပ်မက် said...

မတွေ့ရတာကြာတဲ့ ဖေဖေ့ကိုတောင် လွမ်းသွားပြီ