မိုးရေစက်လိုအချစ်မျိုး

စောင့်စည်းမှုကို မသိသော
တစ်ခဏအတွင်း ခွက်ကိုကွဲအက်စေပြီး
ယိုဖတ်လျှံကျစေသော
အမြှုပ်တစီစီနှင့် ဝိုင်အရက်လိုအချစ်မျိုးသည်
ကိုယ့်အတွက် မဟုတ်။
ရေငတ်နေသော ကမ္ဘာ ကြီးကို
ကောင်းချီးပေးပြီး
အိမ်သုံးမြေအိုးတို့ကို ရေပြည့်စေသော
အေးမြကြည်လင်သည့်
သင်၏ မိုးရေစက်လိုအချစ်မျိုးကိုသာ
ကိုယ့်အား ပေးပို့ပါလော့။
လူ့လောက၏ အလယ်ဗဟိုကို
စိမ့်ဝင်စေမည့်
မမြင်တွေ့နိုင်သော အားဖြည့် သစ်ဆေးရည်ကဲ့သို့
ဘဝသစ်ပင်၏ အကိုင်းအခက်များကို
ပျံ့နှံ့စီးဝင်စေပြီး အသီးအပွင့်များကို
ဖူးပွင့်သီးစေသော အချစ်မျိုးကိုသာ
ကိုယ့်အား ပေးပို့ပါလော့။
နှလုံးသားကို ငြိမ်သက်စေပြီး
ငြိမ်းချမ်းမှုအပြည့်ရှိသော
အချစ်မျိုးကိုသာ
ကိုယ့်အားပေးပါလော့။
p.s အရင်တင်ပြီးသားကဗျာလေးကိုပြန်ပြီးတော့ တင်ပေးလိုက်တာပါ အားလုံးပဲ အဆင်ပြေပျော်ရွှင်ချမ်းမြေ့ကျပါစေခင်ဗျာ။

8 comments:

ကောင်းကင်ပြာ said...

ငြိမ်းချမ်းမှုအပြည့်ရှိသော အချစ်ကို အမြန်ပိုင်ဆိုင်နိုင်ပါစေ

နေ့အိပ်မက် said...

အသင်ကဗျာရှင်.... နူးညံ့ချိုမြိန်သော အချစ်အသီးအပွင့်များကို အလျင်အမြန်ခံစားရစေသတည်း

နေ့အိပ်မက်လည်း ၀င်ပြောကြည့်တာ :)

သက်ထွန်းညိမ်း said...

အဟတ်.... တင်စားထားတာကတော့ လှသဗျာ
မိုးရေက အမြဲမပြတ်မရွာသွန်းတတ်ဘူးနော်
ကိုတိုး....

အရုပ်ကလေး said...

ကဗျာကောင်းတစ်ပုဒ်ကို သေချာ ဖတ်မှတ်သွား၏

မသက်ဇင် said...

ကိုတိုးလေးရေ---
ကဗျာတွေ ပိုလှလာတယ်--
မအားတာနဲ့ အခုမှ လာဖြစ်ပါတယ်--
မောင်လေးတိုးရေ--
ပျော်ရွှင်ချမ်းမြေ့ပါစေ--

Unknown said...

ခု ရန်ကုန်မှာအရမ်းပူတယ်နော် ....

းP

ကြယ်ပြာ

My Diary said...

ငြိမ်းချမ်းမှုအပြည့်ရှိသောအချစ်မျိုးကို ပေးစေလော့
ရော့ ယူစေလော့ ..
ကိုတိုးလေးရေ ရော့ ယူလိုက်။

ကဗျာမလေး said...

ကဗျာအဟောင်းပေမယ့် ..... အချစ်တွေသစ်နေသလိုပဲ ...ဟိ