ကျွန်တော်ကြိုက်မိတဲ့ကဗျာလေးများ

ကျွန်တော်ကြိုက်တဲ့ကဗျာလေး သုံးပိုဒ်ကိုတင်ပေးလိုက်ပါတယ်။ ကျွန်တော့်ကဗျာတစ်ပိုဒ်ရယ် ကိုသီဟညိမ်းအရင်က ရေးထားတဲ့ကဗျာလေးကိုကြိုက်လို့ကူးထားတဲ့တစ်ပိုဒ်ရယ် မပန်းခရေဆီက ကဗျာတစ်ပိုဒ်ရယ်ကို တင်ပေးလိုက်ပါတယ်ချင်ဗျာ။ ဒါကတော့ ကိုသီဟညိမ်းရေးတဲ့ကဗျာလေးပါ အခုတော့သူ ဘလော့မရေးတော့ပါဘူးခင်ဗျာ။
ကိုယ်ပိုင်ကမ္ဘာလေး
စံပယ်တွေက ဖွေးဖွေး
နှင်းဆီတွေကရောင်စုံ
ပန်းပေါင်းစုံအချစ်ဂေဟာ
မချစ်တတ်သူများမ၀င်ရ
အချစ်ငတ်သူများ မ၀င်ရ
ချစ်တတ်သူများသာဝင်ရမည်...။
ရေတမာ နဲ့ ဗာဒံပင်တွေဝိုင်း
စိမ့်ချမ်းအေးမြလေပြေအလှနဲ့
ငှက်တေးသံကတစီစီ
အာရုဏ်ဦးရဲ့နံနက်တိုင်း
ချစ်သူ ရဲ့မေတ္တာပို့သံလေး
အချစ်အိမ်လေးမှာ ပျံ့  နှံ့နေတယ်...။
ရေထမ်းပုံးက ဘယ်ညာ
ပုဆိုးကခပ်တိုတိုနဲ့
နံနက်တိုင်းရေလောင်းတဲ့မောင်
ပန်းတို့ရဲ့အရှင် သခင်မက
နှင်းဆီတလှည့် စံပယ်တလှည့်
ကေသာဦးမှာ နေရာယူစမြဲပဲလေ...။
နှင်းဆီအလှ စံပယ်အလှနဲ့
ကြည်လင်ရွှန်းပ ချစ်သူမျက်ဝန်းမှာ
နစ်မျောနေမိငေးကြည့်တတ်တဲ့ဒီမောင်
နံနက်ခင်းရဲ့လေပြေကိုတောင်
မနာလိုသ၀န်တိုမိတယ်
ချစ်သူက လှပနေတယ်လေ...။
ပဲပြုတ်နဲ့ထမင်းဆီဆမ်း
ဘူးသီးကြော် နဲ့ ခရမ်းချဉ်သီးထောင်း
မပြောင်းလဲတဲ့မေတ္တာတွေနဲ့
ချစ်သူ ခူးခပ်ပေးတဲ့နံနက်စာ
ကမ္ဘာကျော်စားသောက်ဆိုင်က
ဟင်းတွေထက် သာတယ်...။
ပန်းရနံ့နဲ့အိပ်ယာထတတ်တဲ့
ချစ်သူရေ.....
နှစ်သစ်နဲ့အတူ ကျန်းမာစေကြောင်း
ပျော်ရွှင်စေကြောင်း ဆုမွန်တောင်းရင်း
ဒီမောင်ကတော့ ဘုရားဝတ်ပြု
ဆုတောင်းမပျက် ရှိနေလျှက်ပါပဲကွယ်...။ ။
ဒါကတော့ မပန်းခရေ ရေးထားတဲ့ကဗျာလေးပါ အခုတော့သူနေမကောင်းဖြစ်နေပါတယ်။
သဘောတရားတွေကြားက အရူးတယောက်အကြောင်း
ငါ့အတွေးတွေ အားလုံးမမြင့်မားဘူး
ဒါပေမဲ့ ………………
မနိမ့်ကျဘူး
နိယာမသဘောတရားတွေ
နားမလည်ဘူး
ခံယူချက် သည်းခံမှု စိတ်နေစိတ်ထား
တည့်မှန်အောင် မထားနိုင်သေးဘူး………
အဲဒီအချိန်
ယုံကြည်မှုကောင်းကင်းကြီးက
တဖြည်းဖြည်း ပြိုလဲလာလိုက်တာ
သစ္စာရှိတဲ့
သဘာဝတရားက
ငါ့ကို မဲ့ပြုံးနဲ့ ကြည့်လို့………….
တကယ်တော့
ထောင့်မကျိုးတဲ့ ဒုလုံးရှည်
လောကကြီးရဲ့ သဘောတရားနဲ့
လူတွေရဲ့ အတ္တမာန
သဘာဝတရားကိုနားမလည်ဘဲ
နားလည်ချင်ယောင်ဆောင်နေတဲ့
လူသားတယောက်……..
အဲဒါက ငါ
ဖြစ်မှန်းမသိ ဖြစ်လာတာ
သမုဒ္ဓယတွေကို
ဇွတ်အခါခါ ခေါင်းခါရင်း……………….
ဒီလိုနဲ့ ငါဟာ
မင်းနဲ့ ရင်ဘက်ချင်းကြိုးညှိရင်း
ရင်ခုန်သံချင်းထပ်တူကျဖို့
ကြိုးစားနေတဲ့
အရူးတကောင်ဖြစ်ခဲ့……….
ဒါကတော့ ကျွန်တော်ရေးထားတဲ့ကဗျာလေးပါ...............
ဟန်ဆောင်ကောင်းကင်
ထွန်းလင်းနေတဲ့ လမင်းကို
တကယ်ကောချစ်ရဲ့လား
ဟန်ဆောင်ခြင်းဆိုရင်
လမင်းကရော လင်းလက်ဦးမှာလား
ဖုံးကွယ်ထားလိုက်ပါ ကောင်းကင်
မင်းရင်ထဲမှာလည်း
ငါ့ချစ်ခြင်းတွေ
လင်းလက်နိုင်ပါ့မလား
ဟန်ဆောင်ခြင်းတွေနဲ့
နှစ်သိမ့်ပေးနေတယ်ဆိုရင်လည်း
မင်းရဲ့ဥပက္ခာပြုမှုတွေကိုပဲ
ကျေနပ်စွာခံယူလိုက်ပါ့မယ်
အဲဒါ ကမ္ဘာပျက်မှာထက်
မင်းရဲ အမုန်းတွေကို ငါပိုကြောက်နေလို့
ချစ်သူ....။

9 comments:

မီးမီးငယ် said...

ကိုတိုးရေ ရောက်စ်

ဒါဆိုခုကဗျာလေးကိုနာမည်ပေးရအောင်
ရောသမမွှေ ကဗျာများလို့ 
အဟိ

း)

ကဗျာမလေး said...

ကဗျာလေးတွေကောင်းလိုက်တာ ..... အားလုံးကြိုက်၏။

ဝှိုက်ဝှိုက် said...

ကိုတိုးကြိုက်တဲ့ကဗျာလေးတွေ လာရောက်ခံစားသွားပါတယ်
ကဗျာလေးတွေအားလုံးကောင်းတယ်ကိုတိုးရေ

Unknown said...

ဟန်ဆောင်ခြင်းဆိုရင်
လမင်းကရော လင်းလက်ဦးမှာလား
ဖုံးကွယ်ထားလိုက်ပါ ကောင်းကင်

(ကြိုက်တယ်ဗျာ) စကားလုံးလေး လှတယ်

My Diary said...

လမင်းတောင် ဟန်ဆောင်လမင်းတဲ့
ဒီလူကြီး အကောင်းမမြင်တက်ဘူး
အကိုလေးက အရူးဖြစ်သွားတာ အသိလိုက်ဘူး
အဟက် အဟက်
ကောင်းကင်ကိုလည်း ဟန်ဆောင်ကောင်းကင်တဲ့
ဒီလူကြီး လွန်တာပေါ့
( သိဘူး သိဘူး ဒီလူကြီး တွေ့၇ာ 8 သောင်း လျှောက်ပြောနေတာ သေချာတယ် ) - ရူးသွားပီ

My Diary said...

ပန်းခရေကရေးလိုက် သူကရေးလိုက်နဲ့ ဘာတွေလည်းအသိဘူး
မျက်စိတောင်ရှက်လာပီ
ဒီလူကြီး ပွေတယ်နော်
အဟီး ဘယ်သူ့မှပြန်ပြောဘူး ကြောက်နဲ့

Dream said...

ကဗျာကောင်းတွေ အခုလို စုစည်းပေး တော့ ဖတ်ရတာ အဆင်ပြေတာပေါ့..နောက်လည်း တင်ပေးပါဦးနော့်

း))

အရုပ်ကလေး said...

ကဗျာကောင်းလေးတွေပါ ..။
စကားလုံး အထိတွေက နုပြီး သိမ်းထားတာလေးတွေ လှတယ် ..။

ကောင်းကင်ပြာ said...

ကောင်းကင်တွေအကြောင်းကောင်းကင် လာဖတ်သွားတယ် ကိုတိုးရေ၊ကဗျာလေးတွေ လှတယ်