ကျောင်းပိတ်ချိန်

ကောင်းကင်ပြာရဲ့ တစ်မိုးယံအောက်
အတူတူတွဲကာ တက်ခဲ့ကြသည့်
ကျောင်းကြီးအလယ်မှာ သူငယ်ချင်းများ
ဂိန်မာရဲ့ နွေနေပူမှာ
ဝသာန်ရဲ့ မိုးစက်တွေအောက်
အတူတွဲကာ လျှောက်ပြီး
ပျော်ရွှင်စွာပင် ပညာသင်
ရင်းနှီးစွာ တွဲခဲ့ကြသည့်
major စုံမှ သူငယ်ချင်းများ
ကာလတွေပြောင်း
ဟေမာန်ဆောင်းအကူး
ခေါင်းလောင်းသံဆိတ်
ကျောင်းကြီးပိတ်ချိန်
အလွမ်းတွေပွေ့ဖက်
ကျောင်းပိတ်ရက် တခဏတာ
မခွဲချင်လည်း ခွဲရဦးမယ်
သူငယ်ချင်းတို့ရယ်
p.s သူငယ်ချင်းတစ်ယောက်ရေးပို့ပေးလိုက်တာပါ ကျောင်ပိတ်ချိန်လေးနဲ့တိုက်ဆိုင်နေလို့ တင်ပေးလိုက်တာပါ။

8 comments:

ဝှိုက်ဝှိုက် said...

ကျောင်းပိတ်ချိန်ကဗျာလေးကိုလာရောက်ခံစားသွားပါတယ်

နေ့အိပ်မက် said...

အဟင့်.. ကျောင်းကိုလွမ်းသလိုလို ဖြစ်နေပါတယ်ဆိုမှ နေ့အိပ်မက်နိုချင်လာပြီ.... :(

မီးမီးငယ် said...

~~~ဂိန်မာန်နွေရောက်ခဲ့ပြီ အချစ်ရယ်မပြန်နဲ့ တားခဲ့လဲ အလွမ်းသင့်အောင်ဖန်လာခဲ့တဲ့ ကျောင်းပိတ်ချိန် ~~~~

း)
တင့်တင့်ထွန်းသီချင်းလေးပြန်ဆိုပြတာ
အဟီး............

မမသီရိ said...

မမ ငယ်တုန်းကလဲ
ကျောင်းပိတ်ချိန် အလွမ်းကဗျာလေးတွေ
ရေးခဲ့ ဖူး တယ်..
ဒီကဗျာလေး ဖတ်ပြီး
ငယ်သူငယ်ချင်းတွေ လွမ်း လိုက် တာ

Welcome said...

ကျောင်းပိတ်ရင် အိမ်ပြန်ချင်ဘူး
ကျောင်းဖွင့်ရင် ကျောင်းခန်းထဲ မ၀င်ချင်ဘူး
အော် ကျောင်းသားဘ၀ .. ပြန်မရနိုင်တော့ပီ။

Anonymous said...

ကျောင်းတော်ကြီးကို ပြန်လွမ်းတာပေါ့လေ။
ကဗျာလေးကိုခံစားဖတ်ရူသွားပါတယ်ဗျာ။

ကောင်းကင်ပြာ said...

အချိန်တန်တော့ အိမ်ပြန်ရမှာပဲ ကိုတိုးရေ၊ဒါပေမယ့် အလွမ်းတွေနဲ့ပေါ့

My Diary said...

အမိတက္ကသိုလ်ရောက်ခဲ့ကြတဲ့ ပျော်ရွှင်စရာ လွမ်းစရာလေးတွေတွေးရင်း
နောက်ဆုံးနှစ်က အီစီကီစီလေးတွေကို တတိရတွားပါတယ်