အဖေ

အဖေအကြောင်းလေးရေးချင်လို့ပါ။ ဘလော့တော်တော်များများမှာ အဖေနဲ့ပတ်သတ်တဲ့အကြောင်းရေးတဲ့ဘလော့နည်းတယ်။ အမေအတွက်ရေးထားတာတွေက ပိုများပါတယ်။ ကျွန်တော်တို့တတွေကို အမေကမွေးပြီးတော့ အဖေက ကျွေးလို့ကြီးပြင်းလာရတာပါပဲ။ မိဘမေတ္တာနှိုင်းဆလို့ မကုန်ဆိုသလို့ ကျွန်တော်တို့ရဲ့ အဖေရဲ့မေတ္တာကလည်းနှိုင်းဆလို့ ကုန်နိုင်မှာမဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့ ငယ်စဉ်တောင်ကျေး ခလေးဘဝထဲက နိုင်ရာတာဝန်ကိုထမ်းပြီး သားသမီးရှေ့ရေးအတွက်မျှော်တွေးပြီးတော့ မပင်ပန်းနိုင်အား ပင်ပန်းသောလည်း ငါ့သားသမီးအတွက်ဆိုပြီးတော့ ကျန်းမာရေးကိုအသာထားလို့ အဖေဆိုတဲ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့အဖေတွေပါ။ တစ်ချို့အဖေတွေကရှိတယ် တစ်နေကုန်တစ်နေခန်းအရက်သောက် ဖဲရိုက်နေတတ်တဲ့အဖေမျိုးတွေလည်းရှိပါတယ် ဒါပေမဲ့လို့ကျွန်တော်တို့ရဲ့ အဖေတွေက အဖေတွေပါပဲ အဖေဆိုတာ ဘယ်လိုပဲဖြစ်နေဖြစ်နေ အဖေဟာ အဖေပါပဲ။တစ်ချို့မိဘတွေကရှိကျမှာပါ အဖေက သားသမီးတွေကို တတ်စေချင်လို့ ငယ်ငယ်ကခိုင်းခဲ့ကျပါတယ်။ ငယ်ငယ်တုန်းကတော့ အဖေခိုင်းခဲ့တာကို ပင်ပန်းတယ်ဆိုပြီးတော့ အဖေကိုဒေါ်သဖြစ်ခဲ့ရတယ် အမှန်တော့လဒ်မြင်တဲ့အဖေက အထူးသဖြင့်ပေါ့ယောကျာင်္းလေးတွေအတွက်ပေါ့နော် သူတတ်ထားတဲ့ပညာပေါ့။ တောင်သူလုပ်ရင်တောင်သူလယ်သမားပညာ၊ ပန်းရံဆရာလုပ်ရင် ပန်းရံပညာသင်ပေးတယ်.... အဖေကသူတပ်ထားတဲ့အမွေလေးတွေကို ပေးလေ့ပေးထရှိပါတယ်။ အစကတော့မသိဘူးပေါ့ကိုယ်က ခပ်ငယ်ငယ်ဆိုတော့လေ။ အဖေအခုလိုပေးခဲ့တဲ့ပညာတွေက တစ်နေ့ဘယ်နေရာမှာအသုံးဝင်မလည်းဆိုတာကို ကိုယ်လည်းမသိဘူးလေ။ ဒါပေမဲ့ဘယ်ပညာဆိုတတ်ထားတာအကောင်းဆုံးပါပဲတဲ့ မလုပ်ချင်နေပါတတ်ထားတာ အကောင်းဆုံးပါပဲတဲ့။ ဒါပေမဲ့ မိဘတွေက သူတို့တတ်ထားတဲ့ပညာတွေကိုသာသင်ပေးတာပါ သားသမီးတွေကို တကယ်မလုပ်ခိုင်းပါဘူး သားသမီးတွေ ပင်ပန်းမှာကိုသူတို့မကြည့်ရက်ကျဘူးလေ။ အရမ်းနဲ့ဆင်းရဲနွမ်းပါးတဲ့ မိဘတွေဆိုရင်တော့ သားသမီးတွေကို ပညာအမွေလည်း မပေးနိုင်ပိုက်ဆံကလည်းမရှိတော့ သားသမီးတွေကို ငယ်ငယ်ကလေးတည်းက အလုပ်လုပ်ခိုင်းရပါတယ်။ အဲ့လိုအလုပ်လုပ်ခိုင်းပေမဲ့လည်း မိဘတွေရဲ့ စိတ်ထဲမှာတော့ သားသမီးပင်ပန်းတာကို ဘယ်ကြည့်ရက်မလည်း မတတ်သာတဲ့အခြေအနေကြောင့်သာ အလုပ်လုပ်ခိုင်းရတာပေါ့လေ။ ဘယ်မိဘကမှ ကိုယ့်သားသမီးကို ဆင်းရဲတာမမြင်ချင်ဘူးလေ ချမ်းချမ်းသာသာနဲ့ အဆင်ပြေတာကိုပဲမြင်ချင်ကျတာလေ။ ဒါပေမဲ့လည်း ဘဝဆိုတာကလည်း ကိုယ်ဖြစ်ချင်တိုင်းမှာဖြစ်ခွင့်မရှိတာလေ ဘဝဇတ်ဆရာရဲ့ အစီအစဉ်အတိုင်းလည်ပတ်နေကျတာလေ။
ငယ်စဉ်တောင်းကျေး ကျွေးမွေးစောင့်ရှောက် ပင်ပန်းမှုကိုဘေးမှာထား ငါ့သားသမီးရှေ့ရေး မျှော်ရေးတွေးလို့ နေ့စဉ်ညဆက် အလုပ်လုပ်က ကျွေးမွေးခဲ့တဲ့ အဖေ ပညာတွေစုံ သော်လည်း ကြင်ရာလေးပါရှာပေး မပင်ပန်းနိုင်အား စိတ်စွမ်းအားက ပိတီတွေဖြာ ချစ်သော သားသမီးတွေအတွက်ပါ ပိတီအပြုံးနဲ့ အဖေရဲ့ မျက်နှာကို ပြေးမြင်လည့်ပါ အဖေ။

8 comments:

မီးမီးငယ် said...

ကိုတိုးလေးရေ

ဒီပို့ စ်ကိုဖတ်ပြီးတော့ ပါးပါးကိုသတိရသွားပြီ
း)

ဒီတစ်ခါပြန်မှ ကျေးဇူးဆပ်ခဲ့ဦးမယ်
း)

ကောင်းကင်ပြာ said...

မိဘကို မမေ့မလျော့ သတိရနေတဲ့သားလိမ္မာလေး၊အဆင်ပြေချောမွေ့ပါစေ၊

Anonymous said...

အဖေ အကြောင်းလေး လာဖတ်တယ် ကိုတိုးရေ့ အောက်ဆုံးက အနီရောင် စာသားနဲ့ ကဗျာလေးကြိုက်တယ် ။ ကျေးဇူးပါ ။

ဝှိုက်ဝှိုက် said...

အဖေအကြောင်းဖတ်သွားတယ်ကိုတိုးရေ
အဖေအကြောင်းရေးထားတဲ့ကဗျာလေးလဲကောင်းတယ် မိဘကျေးဇူးတွေသတိတရရှိတဲ့ ကိုတိုးလေးလဲ အရာရာအဆင်ပြေပျော်ရွှင်ပါစေနော်

နေ့အိပ်မက် said...

အဖေလည်း ချစ်တယ်.. အမေလည်းချစ်တယ်... အဖေချစ်တာလည်းခံချင်တယ်... အမေချစ်တာလည်းခံချင်တယ်.... :)
အဖေတွေနဲ့က သားသမီးတွေနဲ့ သိပ်မရင်းနှီးသလိုပဲ.. ဘာဖြစ်လို့လဲ မသိဘူးနော်.... အမှန်တော့ အဖေရော အမေရော တူတူအရေးပါတာပဲဟာ.... သားသမီးတွေနဲ့ ရင်းရင်းနှီးနှီးရှိဖို့ လိုတာပေါ့နော်... နေ့အိပ်မက်ထင်တာပြောပါတယ်

Anonymous said...

ဟုတ်ပါ့ဗျာ ကျနော်တောင် အဖေအကြောင်းေ၇းထားသေးတယ်။ အယူအဆ
ခြင်း လာတိုက်ဆိုင်နေပြီဗျို့။ ကဗျာလေးကို
ကြိုက်တယ်ဗျာ။

My Diary said...

ဖေဖေ ဖေဖေ
ဖေဖေ့အကြောင်းကို ဖက်ရှုသွားပါတယ်။

မိုးသောက်(ရှမ်းလေး) said...

အင်းဗျာ.... တကယ်ကိုပဲ ကျေးဇူးတရားရော၊ မေတ္တာတရားပါ ကြီးမားပါတယ်...