အဖြည့်ခံ

မြင်လှည့်ပါ
မင်းအနားမှာရှိတဲ့ငါ့ကိုလေ
ပြောလှည့်ပါ
မင်းအတွက်ရင်ဖွင့်စရာတွေရှိတဲ့အခါ
ခေါ်လှည့်ပါ
ငါ့ကိုမင်းအကူအညီလိုအပ်တဲ့အခါ
မေ့ထားပါ
ငါ့ကို မင်းဘဝမှာပြည့်စုံနေရင်မေ့ထားလိုက်ပါ
ထားခဲ့ပါ
ငါ့ထက်မင်းဘဝကို ပေးဆပ်နိုင်တဲ့သူကိုတွေ့တဲ့အခါ
သတိရလိုက်ပါ
ငါ့ကို မင်းအခက်အခဲတွေကြားရောက်ရင် သတိရလိုက်ပါ။
ငါကတော့ မင်းဘဝအတွက်အဖြည့်ခံသက်သက်ပါပဲကွာ
မောင်စိန်ဝင်း( ပုတီးကုန်း)

9 comments:

ဝှိုက်ဝှိုက် said...

ကဗျာလေးကောင်းတယ် အဖြည့်ခံမဟုတ်ပဲ
ချစ်ရသူနဲ့ပျော်ရွှင်နိုင်ပါစေနော်

Anonymous said...

အဖြည့်ခံတော့ မဖြစ်ချင်ဘူး ခံစားနိုင်မှာမဟုတ်လို့ဗျ ။

မြတ်သွယ် said...

အဖြည့်ခံသက်သက်ပဲလား ...
ကဗျာလေးကို အားပေးသွားပါတယ်

ကောင်းကင်ပြာ said...

အဖြည့်ခံတော့ အဖြစ်မခံနဲ့ ကိုတိုး
ကြိုးစားရင် ရာထူးတိုးနိုင်ပါတယ်

မီးမီးငယ် said...

ကောင်းတယ်နော် ကဗျာလေးက
မောင်စိန်ဝင်း(ပုတီးကုန်း)ကို ပြန်တင် ပေးထားတယ်ဆိုတော့
ကိုတိုးလေး ( သလဲကုန်း )ပေါ့နော်
အဟိ

စတာနော်ကိုတိုးလေးရေ

မချစ်ရ said...

ကဗျာလေးကတိုတိုလေးနဲ့ကောင်းတယ်နော်

အရုပ်ကလေး said...

အဖြည့်ခံ ဘ၀ကို ကျော်လွန်လို့ ဖြည့်ဆည်းခံရတဲ့ ဘ၀လေးကို ပိုင်ဆိုင်ပါစေလို့ ဆုတောင်းရင်း ..။

Anonymous said...

ကျနော်ကတော့ အဲလို မစားရအငြော်ခံ အလုပ်
မျိုးတော့ မလုပ်ဘူးဗျာ အချိန်ကုန် လူပန်းနဲ့
သူ့မရရင် နောက်တယောက်ရှာမယ် ဟုတ်တယ်လေ တသက်လုံးကိုယ်ကလဲ ရှာကြွေး
ရဦးမယ် သူ့ကိုလဲ ဒူးထောက်ခစား၇မဲ့ အလုပ်
တော့ လုပ်ဘူး။ အဟိ

သက်တန့် said...

ကဗျာကို ဖတ်နေရင်း "အနှိုင်းမဲ့" သီချင်းလေးကို သတိရလိုက်မိတယ်...