လွဲချော်ခြင်းများ

လွဲချော်ခြင်း
အဖြူရောင်သန်းတဲ
့နှလုံးသားနံရံလေးတစ်ခုပေါ်မှာ
ရောင်စုံပန်းချီကားလေးတစ်ချပ်ဆွဲဖို့ 
စည်းချက်မညီတဲ့ ရင်ခုန်သံတွေနဲ
့နှစ်ယောက်အတူ မျှော်လင့်ခဲ့ဖူးတယ်..........။
မိန်းမသားဘ၀မို့ 
စတင်ရေးဆွဲဖို့ လည်း
ငါ့မာနက ခွင့်မပြုလေတော့
မင်းဆွဲလာမယ့်တစ်နေ့ ကို စောင့်စားရင်း
အစဉ်အလာဆိုတဲ့  စည်းဝိုင်းထဲမှာ
ရင်ခုန်စွာပဲ တံခါးစေ့ထားခဲ့ ရတာပါ...
အနြေရှင်ကြီးမင်းက
သိတ်ခါကို ရှေ့ တန်းတင်ပြီး
အဖြူရောင်ကို စွန်းထင်းမှာစိုးလို့ ဆိုတဲ့ 
အကြောင်းပြချက်နဲ့ 
ခံစားချက်တွေကို လစ်လျူရှု
ရင်ခုန်သံတွေကို ဥပေကာပြုခဲ့ တယ်လေ...။
အခုတော့
တစ်ယောက်သောသူနဲ့ 
ပန်းချီတစ်ချပ်ကို
မင်း ခံစားရေးဆွဲနေလေရဲ့ ...........။
သူငယ်ချင်းမိန်းခလေးရဲ့ကဗျာလေးကို တင်ပေးတာပါ၊ ကျွန်တော်ရေးတာတော့မဟုတ်ဘူး သူရေးပြီးပို့လိုက်တာပါ။

6 comments:

Anonymous said...

ကဗျာကောင်းလေး ခံစားသွားပါတယ် ပျော်ရွှင်ပါစေဗျာ

ကောင်းကင်ပြာ said...

ဟုတ်လား ကိုတိုး၊ဘယ်သူနဲ့ ရေးဆွဲနေလဲ၊လုပ်နဲ့လေ၊ ကောင်မလေး သနားစရာ၊
စတာနော်၊ ကဗျာလေး ကောင်းဧ။်

may16 said...

ကဗျာလေးကိုခံစားသွားပါတယ်.

မြတ်သွယ် said...

ဆွေးပါ့ ကိုတိုးလေးရာ
ကိုတိုးလေးရဲ့ သူငယ်ချင်းကဗျာလေးကို နှစ်သက်မိလို့ အားလည်းပေးပါတယ်

My Diary said...

ကဗျာလေးက ကောင်းတယ်
ကိုတိုးလေးကို ရည်ရွယ်ထားတာထင်တယ်
အဟိး HAHA :)

Anonymous said...

ကဗျာလေး ခံစားသွားတယ်ဗျို့။ သိပ်တော့
နားမလည်ဘူးဗျ ဟီး ကျနော်က ဒဲ့ရေးမှ နားလည်တာ ဟီးဟီး