အချစ်အိပ်မက်

အတိတ်ကိုဘေးမှာထား
ပစ္စုပန်ကိုမျက်မှောက်ပြု
အနာဂတ်ကိုမတွေးတောဘဲ
ငါမင်းကိုချစ်နေမယ့်
ငါ့အချစ်ကိုနင်းချေ
အမုန်းကိုပေးဝေလို့
မင်းငါ့ကိုစွန့်သွားခဲ့လည်း
ခါးသီးမှုကို ရင်မှာပိုက်
အလွမ်းမျက်ရည်ကို
ကဗျာအဖြစ် ချွေချပြီး
ငါမင်းကို သတိရနေမယ်
အာရုံမှာပုံပေါ်
အတွေးတွေကို နယ်ချဲ့ဝေ
ပရမ်းပတာ ၀င်နှောက်လေတဲ့
အချစ်ဆုံးသူရဲ့ အလှတရားကို
အိပ်မရတဲ့ နှလုံးသားထဲ
အိပ်မက်အဖြစ် ကဗျည်းထိုးထားမယ်....။

14 comments:

ကောင်းကင်ပြာ said...

အိပ်ပျော်အောင်အိပ်ကိုတိုး၊ရောဂါရမယ်၊
ကဗျာလေးကလှတယ်

khin oo may said...

ကောင်းတယ်။

flowerworld said...

မီးမီးက၀တော့ အိမ်မက်နဲ့ဆန့်မှာမဟုတ်ဘူး အင်းးးးးးးးး မီးကိုမက်တာမဖြစ်နိုင်ဘူး..ဟိဟိ

My Diary said...

ခါးသီးမှုကို ရင်မှာပိုက်
အလွမ်းမျက်ရည်ကို
ကဗျာအဖြစ် ချွေချပြီး
အိပ်မက်အဖြစ် ကဗျည်းထိုးထားမယ်ဆိုတော့
အင်း ဒါလည်းကောင်းတာပဲ ။
ကောင်းတာပါပဲ

ဝှိုက်ဝှိုက် said...

အိပ်မရတဲ့ နှလုံးသားထဲ
အိပ်မက်အဖြစ် ကဗျည်းထိုးထားမယ်....။
မအိပ်ပဲ အိပ်မက်မက်မယ်လား :P
ကဗျာလေးကောင်းတယ်

poemflower said...

ကဗျာလေးကောင်းတယ် "အိပ်မရတဲ့ နှလုံးသားထဲ
အိပ်မက်အဖြစ် ကဗျည်းထိုးထားမယ်....။ "

ခံစားချက်တွေပေါ်လာပြီ

Anonymous said...

တစ်ပုဒ်လုံးကိုကောင်းတယ် ကိုတိုးရေ..ခံစားချက်တွေ တယ် ကောင်းနေပါလား..အိပ်မက်မှ မဟုတ်ဘဲ တကယ် လက်တွေ့မှာလဲ အကောင်ထည်ဖော်နိုင်ပါစေဗျာ
အဆင်ပြေပါစေ

သက်တန့် said...

"အတိတ်ကို ဘေးမှာထား
ပစ္စုပ္ပန်ကို မျက်မှောက်ပြု
အနာဂတ်ကို မတွေးတောဘဲ"

အဲ့စာသားလေးတွေကို သဘောကျတယ် မောင်လေးရေ... :)
ပစ္စုပ္ပန်က အဓိကပါပဲလေ...
အနာဂတ်ကိုတော့ နည်းနည်းတွေးချင်သေးတယ်...
ဟဟဟ...

Anonymous said...

စာသားလေးတွေကို အရမ်းကြိုက်တယ်...ခံစာမှုအပြည့်ပဲ ကိုတိုးလေးရေ.

Anonymous said...

အာရုံမှာ ပုံပေါ်ဆိုတော့ ချစ်သူအကြောင်းပဲတွေးနေသလားမသိး)
အချစ်တွေအမြဲအဆင်ပြေပါစေဗျာ။

အောင်မြေ said...

ကဗျာလေး လာလာ ဖတ်ဖြစ်ပါတယ်
နက်မကောင်းလို့ မန့်မရတာ တစ်ခုပါပဲ
အဆင်ပြေပါစေနော်။

chocothazin said...

တိုတို နဲ့ လိုရင်းရောက်တယ်
ကောင်းတယ်

မြတ်သွယ် said...

အားပါးပါး
ဒီလိုခံစားချက်ကြီးက ရင်နာစရာဗျာ
ဒါပေမယ့် ပုလဲတို့များ အိပ်မက်တောင်မရှိတဲ့ ဘ၀ပါလေ
ဟီးးးး)

Anonymous said...

နုလှချည်လားဗျာ။ ကောင်မလေးတော့ မသိဘူး
ကျား၊ ကျားခြင်းတောင် ကြွေခြင်လာပြီ ဟိးဟီး