ရုန်းရင်းကန်ရင်း

လေထန်တိုင်းသာပွင့်ကြွေပါမှု ဘယ်မှာပန်းများကျန်မည်နည်း။
လှိုင်းထန်တိုင်းသာ ကမ်းပြိုပါမှု ဘယ်မှာမြေကြီးကျန်မည်နည်း။
ကျရှုံးတိုင်းသာ ငိုရပါမှု ဘယ်မှာမျက်ရည်ကျန်မည်နည်း။
အမှောင်တစ်ဝက် အလင်းတစ်ဝက်သည် တစ်ရက်တစ်ခါကြုံရမယ်
ရှုံးတစ်ခါ နိုင်တလည့်
မျက်လှည့်ပမာ
လူလောကတွင်
တွေ့မြဲသတည်း။
လှုပ်ရှားရသော လူ့ဘဝတွင်
လင်းသော
မှောင်သော
အောင်သော
ရှုံးသော
ချစ်သော
မုန်းသော
သစ်သော
ဟောင်းသော
ပူသော
အေးသော
နုသော
ကြမ်းသော
ဆေးကြောစိတ်ဖြာမနေသာပေ
လဲရာကထ
ကျရာကတက်
ပျက်ရာကဆောက်
ရှေ့သို့ရောက်ပြီး
ရောက်ရာဘဝ အားမာန်ပြုရင်း
ရုန်းကန်ရမည်သာတည်း။

5 comments:

အရုပ်ကလေး said...

အတွေးလေး ကြိုက်တယ် ညီရေ ..
အစ်ကို အကြံအရတော့ ကဗျာနဲ့တော့ သိပ်မတူသလိုပဲ ..။
အစ်ကို အကြံပေးကြည့်တာပါ ..။
ဆက်လက်ရေးဖွဲ့နိုင်ပါစေ ..။

ကောင်းကင်ပြာ said...

ပျော်ရာမှာမနေ တော်ရော်မှာနေရတဲ့သူအားလုံး တမျိုးစီတော့ ရုန်းကန်နေကြရတာပါ ကိုတိုးရေ

ကြယ်ပြာ said...

ဒီကဗျာလေးက အစ်မ စိတ်ဓာတ်ကျတိုင်းစံထားဖတ်နေကျကဗျာလေးပဲ ကိုတိုးလေးရေ ... အစ်မ ၇ တန်းလောက်တုန်းက မဂ်ဂဇင်း တစ်အုပ်ထဲက ကူးယူထားတာ ခုထိ ဖတ်တုန်း ...း)

Anonymous said...

အင်း.. လူ့လောက သဘာဝ ဖြစ်ရိုးဖြစ်စဉ်၊လေး
တွေကိုကဗျာလေးအဖြစ်ဖွဲ့သွားတာ လန်းတယ်
ဗျာ။

မြတ်သွယ် said...

ညီမလေးအတွက်တော့
ကဗျာအစနဲ့ အပိတ်က လေးနက်တယ်လို့ ခံစားရတယ်
အမှန်တွေချည်းပါပဲ
ကဗျာကောင်းလေးကို အားပေးသွားပါတယ်း)