သားလိမ္မာ

ပေးစရာ တစ်သောင်းခွဲရယ်နဲ့
ကြွေးအသပြာ ခေါင်းခဲစရာမို့
မောင်းတစ်ပွဲနဲ့ ဘော်ဒီပြန်
ရှေ့လက ရေမတင်းတာကြောင့်
တွေ့သမျှ ဆွေအရင်းဆီက
နွားတစ်ရှဉ်း ယာခင်းအရည်ဖျော်လို့
သားတော်ကို ဒက်ဒီပို့ပေးခဲ့
မဒီပျို့ ချွေးမလောင်းအတွက်ကိုဖြင့်
ကျောင်းထက်မှာ
ပေါင်းဖက်ကာအနေတင့်စေဖို့
ဒေါက်မြင့် တစ်ရံ ကျောင်းလခ ကျန်စာရင်းငဲ့ပြင်
မောင်းချကာ အမြန်ဆင်းပါတော့
အဆောင်မှူးရယ်က
မာန်တင်းလို့ကြမ်း
အသောအလွမ်း
အမော အပန်းပြေစေဖို့
တောထန်းရည် တစ်မြူမှီးတဲ့ပင်
ဘူကြီးတွေ ဖန်တစ်ရာဆွဲသော်လည်း
ကံကြမ္မာတွေ
စန်းလာဘ်နည်းတာကြောင့်
ပြန်စရာငွေ လမ်းခက်ခဲပါပေါ့
မှန်းချက်လွဲ အခြေမယိမ်းစေဖို့
အဖေ့အမွေ ဒီစက်ဘီးကိုတော့
အိုကွယ်
သူများဆီမှာ သိမ်းထားလိုက်ပါ့မယ်....။

15 comments:

Welcome said...

ကိုတိုးလေး
လုပ်ချလိုက်ပြန်ပြီ
အဟုတ်မှတ်လို့ ဖတ်နေတာ

ကောင်းကင်ပြာ said...

အဖေ့ အမွေကို ဘယ်နားမှာ သိမ်းတယ်ဆိုတာတော့ ပြောခဲ့ဦးနော်၊

may16 said...

စက်ဘီးကိုဘယ်နားထားတာလည်း ပြောခဲ့ဦးနော်း)

ကြယ်ပြာ said...

ဟဟ လိမ္မာလိုက်တဲ့သားလေးပါလား ...း)

WWKM said...

ဟတ်ဟတ်..စိတ်ကူးလေးကဆန်းတယ်။း)

ကိုတိုး said...

အဖေရဲ့အမွေအနှစ်တွေကို သားလိမ္မာတစ်ယောက်အနေနဲက အားလုံးကိုပေါင်စားလိုက်တာလေ စက်ဘီးကလည်း အပေါင်ဆိုင်မှာပဲ မရွှေးနိုင်သေးလို့လေ။ ကျေးဇူးပါပဲ အစ်မဝါ။ may 16 ရေ အပေါင်ဆိုင်မှာထားထားတယ်ဗျာ၊ကိုဝင်းဇော် ကောင်းကင်ပြာ မကြယ်ပြာ သားလိမ္မာလေးကြီးပွားချမ်းသာအုံးမယ်မဟုတ်လားဗျာ။ အဆင်ပြေကျပါစေဗျာ။

ဝှိုက်ဝှိုက် said...

သားလိမ္မာလေးပဲ အဖေ့အမွေတွေမပျောက်ပျက်အောင်သေချာသိမ်းထားတာပါလား

အရုပ်ကလေး said...

စက်ဘီးကို ဘယ်မှာသွားသိမ်းမှာလဲ ညီရ ..။
ကဗျာစာသားလေးတွေ ပြောင်မြောက်သလို
အတွေးလေးတွေ တော်တော်ကို ကောင်းစွာရေးပြထားတဲ
ကဗျာကောင်းတစ်ပုဒ်ပါ ..။

အစွမ်းထက်တဲ့ လက်စွမ်းညီရေ .. ဆက်လက်ရေးဖွဲ့နိုင်ပါစေ ..။

မောင်စေတနာ said...

ကောင်းပ။ စက်ဘီးလေးက

Anonymous said...

ထန်းရည်သောက်ပြီး လမ်းစရိတ်ကုန်သွားတယ်ပေါ့လေ။
ဟိ ကဗျာလေးမိုက်တယ်။

Anonymous said...

ထန်းရည်သောက်ပြီး လမ်းစရိတ်ကုန်သွားတယ်ပေါ့လေ။
ဟိ ကဗျာလေးမိုက်တယ်။

Unknown said...

မိုက်လိုက်လေဆရာရယ်...
ဒေါက်ဖိနပ်ကယ် ၀ယ်ကာပေးရတယ်လို့
သန်းခေါင်ကျော် အဆောင်တော်မူးတွေက
ရူးတယ်ဆိုမောင်းအချ နင်ခံလိုက်ရပီဟ
(လျှောက်ရေးတာနော်)
ကြိုက်တယ်ကိုတိုး...၀ါသနာတူတွေဟားဟား

သက်တန့် said...

ကိုယ့်ဆီမှာ သိမ်းထားရင် စိတ်မချရလို့ သူများဆီမှာ သိမ်းခိုင်းထားတာပေါ့လေ... ဟုတ်စ...
မိဘအမွေကို ထိန်းသိမ်းတတ်ပါ့ပေ့ကွယ်... :P

နေ့အိပ်မက် said...

မိုက်တယ်... နေ့အိပ်မက်တော့... ခုမှဖတ်ရတာတောင် နှမြောနေတယ်.. အဲဒါမျိုးလေးတွေ များများရေးနော်... :)

လားရှိုးသူ said...

မိဘအမွေဆိုတာ သိမ်းထားရတယ်ဆိုလို့ စိတ်ချရတဲ့ နေရာမှာ သွားသိမ်းထားတာပေါ့နော်၊ လိမ္မာလိုက်တဲ့ ငါ့မောင်ရယ်။