ရင်တွင်းလေး

ရင်မှာ အနာတရ
ဒဏ်ရာရအောင် မင်းလုပ်ခဲ့လည်း
ငါ့ရင်ထဲက မင်းကိုမေ့လို့မရပါ
ဆက်ပြီးတော့ စီးဆင်းနေတဲ့မြစ်ဟာ
ပြောင်းပြန် ပြန်မစီးဆင်းနိုင်သလို
ငါ့နှလုံးသားထဲမှာ မင်းဆိုတာ မရှိတော့ဘူး
ဒဏ်ရာ ပလပွနဲ့ နာကျင်အောင်လုပ်ပြီးမှာ
တောင်းပန်ပါတယ်ဆိုပြီး
ငါ့ရဲ့ရင်ကို
မင်းခွဲရတာ အားမရလို့
နောက်တစ်ခေါက်ထပ်ခွဲချင်တာလား
စုတ်ပြတ်နေတဲ့ မင်းရဲ့အကျင့်တွေနဲ့
နာကျင်နေတဲ့ ငါ့နှလုံးသားကို
မင်းနောက်တစ်ခါ ထပ်မနှိပ်ဆက်ပါနဲ့တော့
တောင်းပန်ပါတယ်
မင်းငါနဲ့အဝေးဆုံးကို ထွက်သွားပေးပါ
နှလုံးသားတွေ နာကျင်လွန်းလို့ပါ။
ငါ့ရင်ထဲမှာ မင်းဆိုတာ သေဆုံးသွားပြီ
ပြန်လည်ရှင်သန်နိုင်မှာမဟုတ်တော့ဘူး။

5 comments:

ဝှိုက်ဝှိုက် said...

ငါ့ရဲ့ရင်ကို
မင်းခွဲရတာ အားမရလို့
နောက်တစ်ခေါက်ထပ်ခွဲချင်တာလား
စုတ်ပြတ်နေတဲ့ မင်းရဲ့အကျင့်တွေနဲ့
နာကျင်နေတဲ့ ငါ့နှလုံးသားကို
မင်းနောက်တစ်ခါ ထပ်မနှိပ်ဆက်ပါနဲ့တော့
စာသားလေးကြိုက်တယ် ကိုတိုးလေးရေ
ရင်တွင်းအနာတရလေးတွေ
ကင်းဝေးပါစေလို့ဆုတောင်းပေးပါတယ်

may16 said...

ကိုတိုးလေး အနာတွေအမြန်ဆုံးကျက်ပါစေ ..

Anonymous said...

ကဗျာလေးတွေ က ခံစားချက်တွေကို ပါနေတော့ ကောင်းနေတယ် အကိုရေ ..အဆင်ပြေပါစေဗျာ

မြတ်သွယ် said...

ဒီလိုခံစားချက်မျိုးကလည်း ခံရခက်သားရယ်နော်
အဆင်ပြေပါစေ ဗျာ :)

Anonymous said...

တခါခွဲပြီးတာတောင် အားမရသေးလို့ ထပ်အခွဲခံမယ်ဆိုရင်တော့ ကျနော့်အမေပြောဖူး
သလို တခါအလိမ်ခံရရင် လိမ်တဲ့ သူအပြစ်
နောက်တခါ ထပ်အလိမ်ခံရရင် လိမ်တဲ့သူအပြစ်
မဟုတ်တော့ဘူး အလိမ်ခံရသူအပြစ်ပဲဗျ ဒီတော့
လုံးဝလက်မခံနဲ့ ကျနေတာ့်ဆီသာ လွှတ်လိုက်
ဟီးဟီး