ဆန္ဒ

ဘေးအန္တရာယ်အသွယ်သွယ်တို့မှ
လွတ်မြောက်ပါစေကြောင်း ဆုမတောင်းလိုပါ
၎င်းတို့ကို ရင်ဆိုင်နိုင်ရန်အတွက်သာ
အကြောက်အရွံကင်း စွာနဲ့ရင်ဆိုင်နိုင်အောင်သာ
စိတ်ထားကို မွေးမြူထားသင့်သည်။
ဝေဒနာမှ သက်သာရာရစေကြောင်း
မတောင်းဆိုချင်ပါ။
ဝေဒနာကို အောင်နိုင်အောင်
ခံနိုင်စွမ်းရည် စိတ်နှလုံးကိုသာ ရချင်ပါ၏။
ဖြစ်နိုင်လျှင် ပြဿနာအလုံးကို ရင်ဆိုင်ရဲတဲ့
သတ္တိ၊ ဇွဲ၊ တို့ရှိဖို့လိုအပ်ပါသည်။
မဖြစ်မနေကြုံတွေ့ရမည့် လောကဓံရဲ့
အလည့် အတောင်းကိုရင်နာနာနဲ့ခံနိုင်ရည်ရှိအောင်
ကိုယ့်ဘက်က အတတ်နိုင်ဆုံး
ခံနိုင်ရည်ရှိအောင်ပြင်ဆင်ထားရမည်။

7 comments:

ကောင်းကင်ပြာ said...

ဘယ်အရာကို မဆိုခံနိုင်ရည်ရှိ အောင် ပြင်ဆင်ထားတာ အကောင်းဆုံးပေါ့ ကိုတိုးရေ

Welcome said...

ဒီအိမ်ကမှ စာဖတ်ရတာ အဆင်ပြေတယ်၊ ကဗျာလေး ဖတ်သွားတယ်ကိုတိုးရေ။

မြတ်သွယ် said...

ဟုတ်ကဲ့ပါရှင်
အကျိုးပြုတဲ့ ကဗျာလေးပဲ
မကြုံပါစေနဲ့လည်း ဆုတောင်းမယ်
ခံနိုင်ရည်ရှိအောင်လည်း ပြင်ဆင်မယ်
လောဘကြီးတယ်ဗျ ဟိ ...
ကျေးဇူးပါ ကိုတိုးလေး

Anonymous said...

ကြိုက်တယ်ဗျာ။ အဲဒါမှ ယောကျာင်္းဗျ တုန်းတိုက်တိုက် ကျားကိုက်ကိုက် ရဲရဲရင်ဆိုင်ရဲ
ရမှာပဲ။

အရုပ်ကလေး said...

ကောင်းမွန်တဲ့ အတွေးစုလေးပဲ ..။
မှတ်သားလိုက်နာစရာလေးပါ ..။

khin oo may said...

အင်း.

ဝှိုက်ဝှိုက် said...

အင်း အားလုံးကို ခံနိုင်ရည်ရှိအောင်ကြိုးစားနေပါတယ် ကြိုးစားနေတုန်းပါ ကဗျာလေးကောင်းတယ်
ပျော်ရွှင်ပါစေနော့်