တစ်ချိန်တုန်းက ဒုက္ခ၊ ခုတော့ ဟာသ

ဘာရေးရမလည်းတော့ မသိဘူး..အဖြူရောင် (ဝှိုက်) ကတဂ်ထားတယ် အားရင်ရေးပေးပါတဲ့ အားရင်ရေးပေးပါဆိုတော့လည်း ဘာရေးရမှန်းမသိတာ အမှန်တော်...... ရေးတော့ရေးပေးလိုက်အုံးမယ် မရီရရင်တော့ မပြောကျနဲ့နော်။ ငယ်ငယ်တန်းကပေါ့နော် ဆယ်တန်းကျောင်းသားဘဝတုန်းက တော်တော်လေးကိုကြိုးစားခဲ့တယ်(ထင်လား) အမှန်တော့ ဘာမှမကြိုးစားခဲ့ဘူး တော်တော်လေးပျင်းတာ ကျောင်းတက်ရင် ဘာမှမလုပ်ဘူး သူငယ်ချင်းတွေနဲ့ လျောက်သွားတယ် အတန်းလည်းမတက်ဘူး။ မှတ်မှတ်ရရ ပေါ့နော် သူငယ်ချင်းတွေနဲ့စလိုက်နောက်လိုက်ပြောင်လိုက် လုပ်နေတာနဲ့အရမ်းပျော်ဖို့ကောင်းတယ်။ ကျွန်တော်တို့ကျောင်းက တွဲဖက်ကျောင်းကနေပြီးတော့ ဆယ်တန်းအောင်လာတာဆိုတော့ ညဆိုရင်ကျောင်းမှာပဲ စာသင် ကျောင်းမှာပဲအိပ်ပေါ့နော်။ အားလုံးက ကျောင်းအိပ်ကျောင်းစားလုပ်ကျတယ် ကောင်မလေးတွေကတော့ ကျောင်းမှာမအိပ်ကျဘူး သူတို့မိဘတွေက လာလာကြိုကျတယ်လေ တစ်ညသားကိုတိုးလေး တို့ဖွတ်ကြောင်တာ (ဟုတ်ဘူးနော်) ကောင်မလေး တစ်ယောက်နောက်ကိုလိုက်တာ သူငယ်ချင်းပါပဲ သူကပြန်ရမှဝေးလို့ မိဘတွေက မအားလို့လာမကြိုနိုင်လို့ ကိုတိုးလေးကို အကူအညီတောင်းတယ် အံကိုက်ပဲကိုတိုးလေးတို့ကလည်းအဲ့လို မျိုးစောင့်နေတာလေ။ သူငယ်ချင်းကိုလိုက်ပို့တာ ည(11) လောက် ကျွန်တော်ရယ် သူငယ်ချင်းမိန်းခလေးနှစ်ယောက်ရယ် ကျွန်တော်လိုက်ပို့မဲ့ကောင်မလေးရယ် ဆိုတော့စုစုပေါင်းလေးရောက်။ အတူတူသွားကျတယ် ကိုတိုးလေးကတော့ သူငယ်ချင်းကိုလိုက်ပို့တာပေါ့လေ။ အဲ့မှာကျွန်တော့်သူငယ်ချင်း ယောကျာင်္းလေးတစ်သိုက်က ကျွန်တော်ကောင်မလေး သုံးယောက်ကိုလိုက်ပို့တယ်ဆိုတာ ဘယ်လိုသိလည်းမသိဘူးလိုက်လာတာ ကျွန်တော်ကမသိလိုက်ဘူး။ ကောင်မလေးတွေကိုက ဘုန်းကြီးကျောင်းဝန်းကိုကျော်ပြီး လိုက်ပို့ရတာဆိုတော့ ခပ်လန့်လန့်ရယ်......... ဘုန်းကြီးကျောင်းက ည၁၁ နာရီ ၁၂ လောက်ဆိုရင် ဘယ်သူမှမသွားရဲကျဘူး သရဲကြောက်လို့လေ။ ကိုတိုးလေးက ဖွန်ကြောင်ပြီး သူငယ်ချင်းသုံးယောက်ကိုလိုက်ပို့ပြီးပြန်အလာမှာ ငတတွေက သစ်ပင်မှာကွယ်ပြီးတော့ သရဲခြောက်ကျတယ်လေ။ ပြန်လာတာကလည်းတစ်ယောက်တည်းရယ်။ ငတ သုံးကောင်က သစ်ပင် သုံးပင်ကနေ နေပြီးတော့ တစ်ယောက် စီခြေသံတွေပြ အသံတွေပေး ကိုတိုးလေးတို့ဘယ်ရမလည်း အာဇာနည်သွေးပါတာ ပုဆိုးကို ကုတောင်းကျိုက် ဖိနပ်လေးကိုလက်ကကိုင်ပြီး ပြေးလိုက်တာ လုံးလို့ကျောင်းကိုသာတစ်ခါတည်းပြန်ရောက်တယ်။ ကျောင်းရောက်တော့ ဆရာကမေးတယ် ဘာဖြစ်လာတာလည်းလို့မေးတာ မဖြေနိုင်ဘူး လူကမောပြီးတော့လေ ဆရာမေးတာကိုဘာမှာတောင်ပြန်မဖြေနိုင်ဘူး ရေ အရင်သောက်ရသေးတယ် နောက်မှာအမောပြေတော့မှသရဲခြောက်တယ်လို့ပြောလိုက်တော့မှာ ဝိုင်းရီကျပါလေရောလား။ ဆရာနဲ့ကျောင်းက သူငယ်ချင်းတွေ ဝိုင်းရီတော့လူကကြောင်တောင်ကြောင်သွားတယ် ဘာလို့ရီတာလည်းပေါ့နော်။ သရဲခြောက်ပါတယ်ဆိုမှာသူတို့ကဝိုင်းရီကျတယ်ပေါ့နော်။ နောက်တော့ဘယ်ဟုတ်မလည်းဆရာကပြောပြတော့မှာ ဘယ်က သရဲရမှာလည်း မင်းသူငယ်ချင်းငတ သုံးကောင်က မင်းကို နောက်ကလိုက်နောက်နေတာကို မသိဘူး။ ဖွန်ကြောင်ချင်တဲ့ကောင်တဲ့မှတ်မလားတဲ့ ပြေးလိုက်ရတာကိုပြောမနေပါနဲ့ အဲ့တုန်းကတော့ဒုက္ခလား သရဲကြောက်တာလားတော့ မသိဘူးအခုပြန်တွေးကြည့်ရင်တော့တော်တော်လေးကိုရီရတယ်ထင်တာပဲ။ ဝှိုက်ရေ ရေးပေးပါဆိုလို့ရေးပေးလိုက်တယ်နော်၊ ကောင်းလားမကောင်းလားတော့မသိဘူး သိပ်ပြီးတော့ စဉ်းစားလို့မရတော့လို့ ငယ်ငယ်က သူငယ်ချင်းတွေနဲ့အမှတ်တရရှိတာလေးကို သတိရလို့ရေးပေးလိုက်တာပါ။ ကျေနပ်လိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။အဆင်ပြေပါစေနော်။

10 comments:

Welcome said...

ကိုတိုး
တဂ်ပို့စ်လေး အားပေးသွားတယ်
စာရေးတာ ဖတ်လို့ကောင်းတယ်။
မမေ့နိုင်တဲ့ အတိတ်က အမှတ်တရလေးတွေ
ခံစားသွားပါတယ်။

ဝှိုက်ဝှိုက် said...

ကိုတိုးရေ ရေးပေးလို့ကျေးဇူးပါနော်
အဟဟ ကုတောင်းကျိုက်ချိန်ရလိုက်လို့ပေါ့
တော်ပါသေးရဲ့ ပုဆိုးများဘယ်ကျန်ခဲ့မလဲလို့ :P

Unknown said...

ဟ ဟ “ဖွန်ကြောင်တဲ့ကောင် မှတ်ပလား” တဲ့ ရယ်ရတယ် ...

ကြယ်ပြာ

poemflower said...

ကိုတိုးလေး ဖတ်သွားတယ် ပျော်ရွင်ပါစေ.

My Diary said...

ဖွန်ကြောင်တာကိုး
ငါ့အကိုကြီးက
သူရဲ ခုထိကြောက်တုန်းလား
မရှက်ပဲဝင်ခံနော်
ဘုန်းကြီးကျောင်းလိုက်ပို့ပေး ။ ပို့ပေး

သက်တန့် said...

အာာဇာနည်သွေးပါတဲ့ မောင်လေးကိုတိုးရေ...
ပုဆိုးကို ကတောင်းကျိုက် ဖိနပ်လေးကိုင်ပြီး လုံးနေအောင် ပြေးတယ်ဆိုပါလား...
မျက်စိထဲ မြင်ယောင်ပြီး ရယ်သွားတယ်...
အပြေး ချန်ပီယံ ကိုတိုးလေးကွ...
ဟဟဟ...

သက်ထွန်းညိမ်း said...

အဟတ် ကြောက်သေးသကိုးဗျ

ကောင်းကင်ပြာ said...

Rဇာနည်ကြီး ကိုတိုး ရေးထားတာကောင်းဧ။်၊မြင်ယောင်မိပါတယ်၊:)

Anonymous said...

ဖွန်ကြောင်ခြင်တာပဲ သိတာကိုးခံပေါ့ အဟိ။
ဒါနဲ့ ကောင်မလေးနဲ့ အဆင်ပြေသွားလားဗျ။
ကိုယ့်ဆရာမရိုးဘူးနော် အဟီ

ဝေလေး said...

ဟားဟား..
ဖြစ်ရလေ..... အဲဒီတုန်းကတော့ ချွေးတစ်လုံးလုံးနဲ့နေမှာပဲ ပြေးရလွန်းလို့.....