၁၄ မလိုတိုကဗျာလို

အချစ်ဆိုတာက
ချစ်သူများနေ့အတွက်ဖြစ်လာတာလား
မင်းကို ငါချစ်တယ်လို့ဖွင့်ဟဖို့
စောင့်နေခဲ့တာ
ဖေဖော်ဝါရီ 14 ရက်မဟုတ်သလို
ငါ့ရင်ထဲမှာ မင်းရှိနေရင်
ချစ်သူများနေ့ဆိုတာက
နေ့ရှိသမျှကို ဖြစ်နေမှာပါ။
အချစ်ဆိုတာ မရိုးနိုင်သလို
ငါ့ မင်းကိုချစ်တဲ့အချစ်ဟာလည်း
စာဖွဲ့လို့မကုန်နိုင်ပါဘူး။
အချစ်ကိုရိုးမယ်ဖွဲ့လို့
ကုန်မယ်ဆိုရင်
ငါရေးနေတဲ့ အချစ်ကဗျာတွေက
ခြောက်ခမ်းခမ်းနဲ့
ဆားငံနေတဲ့ပင်လယ်ရေသောက်သလို
သောက်လေ သောက်လေငတ်မပြေ
ငါ့ရဲ့ အချစ်ကလည်း
မင်းနဲ့တွေ့မှာ
နေ့တိုင်းကို ချစ်ချင်နေတာ အမှန်ပါ
အကျင်နာတကယ်
အချစ်စစ်မှန်လျှင်
ချစ်သူများနေ့မှာစပြီး
နောက်နှစ်စဉ်တိုင်းချစ်သွားနိုင်မယ်လို့
“.........” ကိုလေ
နှစ်နှစ်ကာကာချစ်ခဲ့တာပါ လို့လေ......
ရင်ဝယ် အချစ် အမှန်စစ်လျှင်
“...........” သိအောင်ပြောပြပေးပါ
သော်တာလမင်းကြီး။
ကယ်တင်ဆောင်နှင်း
ကြယ်စင်လေးမင်းက
ငါ့အနားမှာမခွာ
နေပါသော်လည်း
ချစ်တယ်ဆိုတဲ့
ဒီစကားလေးက
ငါ့အတွက်တော့
အားမာန်တွေထက်
သွက်လက်စေမဲ့
အားကောင်းတစ်လက်
လက်ကိုင်စွဲလို့
နှောင်နှစ်များစွာလည်း
ဆက်လက်ချစ်နိုင်ပါစေကြောင်း
ရင်နှင့်ရင်းပြီး ဆုတောင်းနေပါတယ်။
ကိန္ဒရီချောင်းခြား
ကိုယ်တို့နှစ်ဦးကြား
မရှိရစေကြောင်း
ဒီကနေ့မှာစပြောင်း
ပေါင်းရစေကြောင်း
ထပ်လောင်းဆုတောင်း
ပြည့်ပါစေကြောင်း
တောင်းဆုချွေလျှက်ပါ ချစ်သူ............

8 comments:

ကောင်းကင်ပြာ said...

တောင်းတဲ့ ဆုတွေ ပြည့်ပါစေ ကိုတိုးရေ

Welcome said...

ကောင်းတယ်ညီကိုတိုးရေ
သိပ်ကို ကြိုက်ပါတယ်။
အားပေးနေပါမယ်။

မီးမီးငယ် said...

ကိုတိုးလေးရေ
အရေးအသားတော်တော်ကောင်းလာပြီ

နောက်ခံမှာ အချို့ နေရာတွေက အလင်းပြန်နေတော့ စာလုံးတွေပျောက်နေတယ်။

ဖေဖော်ဝါရီ 14 ရက်မဟုတ်သလို
အဲဒိစာကြောင်းမှဆို ၁၄ရက်နောက်ပိုင်းရေးထားတာ မမြင်ရဘူး
း)

ကြုံတုန်းလေးဆရာဝင်လုပ်သွားတာ
း)
အဟိ

poemflower said...

ကိုတိုလေး ကဗျာလေးကို ဖတ်ပြီး ခံစားသွားတယ်..

Anonymous said...

မိုက်တယ်ဗျာ။ ဟုတ်တယ်ဗျ လူတွေက ချစ်သူများနေ့ကို အရှုးအမူးဖြစ်နေကြတယ်။ဘာလို့လဲ မသိဘူး။
ထားပါတော့ ....... ကဗျာလေး ကောင်းလဲ ကောင်း ကြိုက်လဲ ကြိုက်တယ်ဗျို့

ဝှိုက်ဝှိုက် said...

ဟုတ်တာပေါ့ ချစ်သူများနေ့ဆိုတာ ရင်ထဲမှာ အချစ်ရှိနေသ၍ချစ်သူများနေ့ဖြစ်နေမှာပါ
တောင်းဆုတွေလည်းပြည့်ပါစေလို့ ထပ်ဆုတောင်းပေးလိုက်ပါတယ်

flowerworld said...

တောင်းတဲ့ဆုနဲ့ပြည့်ပါစေရှင် ကဗျာလေးကောင်းတယ်နော်

My Diary said...

ကဗျာလေးက ခံစားလို့ထိတယ်
တောင်းတာလေး ပြည့်ဝပါစေ