ခေါင်းစဉ်မရှိ..........

စာမေးပွဲကလည်းနီးလာပြီ စာတွေကလည်းကျက်လေမေ့လေဆိုတော့လည်း ဘယ်လိုလုပ်ရမလည်းမသိဘူးနော်။ အဲ့ဒါနဲ့ပဲ အချိန်လေးရတုန်းသတိရလို့ဆိုပြီးတော့ အရင်တင်ထားတဲ့ကဗျာအဟောင်းတွေပါ ကြာပါပြီတင်ထားတာ အဲ့ဒါလေးအခုပြန်တင်ပေးလိုက်တာပါ..... လောလောဆယ်တော့ စာမေးပွဲဖြေရအုံးမယ်........ စာတစ်လုံးမှာမရသေးတာတော့အမှန်ပါ။ မှန်သောစကားသာဆိုလို့စာမေးပွဲအောင်ပါစေသားဗျာ။
အချိန်လေးရတုန်း..
တက်လိုက်မယ် Online
စာကြည့်ချိန်လေး ..လုယက်ပြီး
ထိုင်ဦးမယ် Chatting
စာမေးပွဲကြီးနီးလာပြီ
ဘဲဥ မစား..
supply ကြောက်လို့ C plus လည်းရှောင် ။
တစ်နေ့ ဘုရား 10ခါရှိခိုးကာ
Gtalk တက်လို့ ညည်းချင်းရယ်ဆို ...။
စာမေးပွဲက မနက်ဖြန်
ဟိုစာရွက် ကူး .. ဒီစာရွက်လှန်
notes မရှိလို့ မိတ္တူဆိုင်ပြေး
one subject one night လုပ်တာ
စာကြည့်စားပွဲထိုင်..
ထိုင်မယ်ကြံယုံရှိသေး
ဟို့နေ့က ကြိုးစားထားသမျှ...
ဒီနေ့တော့ အိပ်ငိုက်နေပြီမို့
ခဏလေးတစ်ရေးမှေးမယ်ကြံ ။
ကြံယုံပဲ ရှိသေး အိပ်ပျော်သွားပြီမို့ ....
တစ်မိုးသောက်ခဲ့ပြန်ပြီ ။
ခြေဖျားတွေ လက်ဖျားတွေအေး..
အိမ်သာပြေးချင်သလိုလို
စိတ်ထဲရယ် ကတုန်ကရင်..
ဘယ်လိုဖြေရပါ့လိမ့် ။
စာမေးပွဲခန်းဝယ်...
ထိုင်ခုံမှာထိုင် မေးခွန်းကိုသေချာကြည့်
သေချာသိတာ ဘာမှာမရှိ။
အားမလျှော့လေနဲ့.....
ဘေးနားကလူကိုကြည့်
သူလည်းသိတာဘာမှာမရှိ။
အော်... ကိုယ်လို သူလို အတူတူမို့
ဖြီးဖြန်းဖို့ကိုပြင်
မေးခွန်းတောင် နားမလည်တော့
အကျိုးရှိရန် အိပ်ဖို့သာပြင်လေတော့
မျှော်လင့်ချက်ရယ် မရှိ
သစ္စာစကားသုံးခွန်းသာဆို
စာမကျက်ချင်တာအမှန်
chatting ထိုင်တာလည်း ဟုတ်၏
ဘာမှမရတာ သေချာပါသည် ။
ဤမှန်သောသစ္စာ စကားသုံးခွန်းကြောင့်
နောင်အခါတွင်...
ဘေးနားကလူ စာရပါစေသတည်း.....

14 comments:

ကောင်းကင်ပြာ said...

ကိုတိုးစာမေးပွဲဖြေနိုင်ပါစေ

မြတ်သွယ် said...

ဘေးနားကလူ စာရပါစေးP

Anonymous said...

ပိုင်လိုက်တဲ့ အကြံ..ကောင်းပါဗျာ
စာမေးပွဲဖြေနိုင်ပါစေဗျာ

Anonymous said...

ဖြေနိုင်မှာပါ ကျနော် ဘဲဥပြုတ်တွေ ပို့လိုက်မယ် ကိုတိုး နီးနီးလေးပဲ ရပါတယ်ဗျား)

ဝှိုက်ဝှိုက် said...

အော် ဘေးနားကလူစာရပါစေလား အဟဟ
လုပ်ချလိုက်ပြန်ပြီ အင်း သစ္စာစကားမှန်ရင်တော့
ဘေးကလူစာရမှာပေါ့ ... ဟိဟိ
ကိုတိုးလေး စာမေးပွဲဖြေနိုင်ပါစေနော်

သက်တန့် said...

မှန်ကန်သော သစ္စာစကားသုံးခွန်းကြောင့် စာမေးပွဲကို အောင်မြင်ချောမွေ့စွာ ဖြေဆိုနိုင်ပါစေ... :)

သက်တန့် said...
This comment has been removed by the author.
မီးမီးငယ် said...

စာမေးပွဲ ဖြေနိုင်တဲ့ဂါထာ ရွတ်နေတာဘဲ

မိုက်တယ်ဟေ့

အောင်မြေ said...

စာမေးပွဲမှာ အဆင်ပြေပါစေ .. ..

ကြယ်ပြာ said...

စာမေးပွဲဖြေနိုင်ပါစေနော ... ကဗျာကိုဖတ်ရင်း ဟစ်ဟော့ သံစဉ်နဲ့ဆိုကြည့်တာ အတော်ဟုတ်သား ... .း)

မီးတောင် said...

အဟီးးး)
တစ်ချို့အကြောင်းအရာ တော်တော်များများတိုက်ဆိုင်လို့ ရှက်ပြုံးပြုံးရုံမက ....ရှက်ရီရီသွားပါ၏း)

ရွှေပြည်သူ (ShwePyiThu) said...

ကိုတိုးရေ... စာမေးပွဲကို ချောချောမောမော ဖြေနိုင်ပါစေ... မိဘတွေအပေါ် သိတတ်လိမ္မာတဲ့ ကိုတိုး ဖြေနိုင်မယ်ဆိုတာ အစ်မယုံကြည်ပါတယ်... (စကားမစပ်... ကဗျာလေးကို ဟာသမြောက်အောင် ရေးထားတာ တကယ်သဘောကျမိပါတယ်း)

Anonymous said...

ကြည့်လုပ်ဆရာ သူများနိုင်ငံမှာ စာမေးပွဲကျရင်
မျက်နှာငယ်စရာဗျ။ ကြိုးစားဗျို့ စာကျက်မရရင်
ကောင်မလေး အနားခေါ်ထားလေဗျာ ကျုလိုက်
ကျက်လိုက်လုပ်ပေါ့။ အနားခေါ်ထားပြီး တချိန်လုံးတော့ ကျုမနေနဲ့ပေါ့။ အဟိ
ဆရာလုပ်သွားတာ။

Phu Mon said...

haha... တိုက်ဆိုင်လိုက်တာ.. ဒီမှာလည်းစာမေးပွဲကဖြေရတော့မယ်.. အိမ်လည်လို့ကောင်းတုန်း..ဟီး.... ဘေးလူစာရပါစေ...